သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးညီလာခံ ယူကရိန်းသမ္မတ တက်ရောက်

စင်္ကာပူမှာကျင်းပတဲ့ Shangri-La Dialogue လုံခြုံရေးညီလာခံကို တက်ရောက်လာတဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီး။ (June 1, 2024 _ Photo by NHAC NGUYEN / AFP)
စင်္ကာပူမှာကျင်းပတဲ့ Shangri-La Dialogue လုံခြုံရေးညီလာခံကို တက်ရောက်လာတဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီး။ (June 1, 2024 _ Photo by NHAC NGUYEN / AFP)

ယူကရိန်းသမ္မတ Volodomyr Zelenskyy ဟာ စင်္ကာပူမှာ ကျင်းပနေတဲ့ Shangri-La Dialogue ခေါ် အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးညီလာခံကို တက်ရောက်ဖို့ စနေနေ့က ရောက်ရှိသွားပါပြီ။

သူဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့တွေ့ဆုံဖို့ရှိသလို ညီလာခံ တက်ရောက်လာသူတွေကိုလည်း ရုရှားတိုက်ခိုက်မှုကို တွန်းလှန်နေရတဲ့ ယူကရိန်းကို ထောက်ခံကူညီဖို့ ပန်ကြားမှာလည်း ဖြစ်ပါတယ်။

ညီလာခံကျင်းပရာနေရာကို ရောက်ချိန်မှာတော့ သူဟာ ဇွန်လ ၁၅- ၁၆ ဆွစ်ဇလန်နိုင်ငံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံအတွက် အာရှ-ပစိဖိတ်ဒေသ နိုင်ငံတွေရဲ့ထောက်ခံမှုရယူဖို့ လာရောက်တာဖြစ်ကြောင်း လူမှုမီဒီယာ X ကနေ ကြေညာခဲ့တာပါ။

ကမ္ဘာ့လုံခြုံမှုဟာ ကမ္ဘာ့အကြီးဆုံးနိုင်ငံကြီးပေါ် မူတည်နေကြောင်းနဲ့ ဒီနိုင်ငံကြီးဟာ နိုင်ငံတကာဥပဒေနဲ့ အညီသတ်မှတ်ထားတဲ့ နိုင်ငံတနိုင်ငံရဲ့ နယ်နိမိတ်ကို အသိမှတ်ပြုဖို့သတ်မှတ်တဲ့ ကုလပဋိဉာဉ်ကိုလေးစားဖို့၊ နျူကလီယားအင်အားနဲ့ ခြိမ်းခြောက်အကျပ်ကိုင်တာတွေ၊ လျှပ်စစ်မီး မရအောင် လုပ်တာတွေနဲ့ ဒေသခံတွေ ငတ်မွတ်အောင် လုပ်တာတွေကို မလုပ်ဖူးဆိုရင် ကမ္ဘာကြီးမှာ လုံခြုံမှုရှိလာနိုင်တယ်လို့ ယူကရိန်းသမ္မတက ရုရှားဆိုတဲ့ နာမည်ကို ထည့်သွင်းဖေါ်ပြမထားတဲ့ ကြေညာချက်ထုတ်ပြန်ပြီး ပြောဆိုတာပါ။

ဒါ့အပြင် ယူကရိန်းသမ္မတဟာ စင်္ကာပူသမ္မတ Tharman Shanmugaratnam နဲ့ ဝန်ကြီးချုပ် Lawrence Wong၊ Timor-Leste သမ္မတ Jose Ramos-Horta ၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin တို့အပြင် စင်္ကာပူလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ယူကရိန်းသမ္မတ Zelenskyy နဲ့ ကာကွယ်ရေးဝန်ကြီး Rustem Umerov တို့ဟာ ဝန်ကြီး Austin နဲ့တွေ့ဆုံပြီး ယူကရိန်းစစ်ပွဲ လက်ရှိအခြေနေကို ဆွေးနွေးမှာဖြစ်သလို အမေရိကန်ဘက်ကတော့ ရုရှားရဲ့ ရန်လိုမှုကို တွန်းလှန်နေရဆဲဖြစ်တဲ့ ယူကရိန်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ သန္နိဋ္ဌာန် ချထားတာကို အလေးပေးပြောဆိုဖို့ ရှိတယ်လို့ ပြောပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ၂၀၂၂ ဖေဖေါ်ဝါရီကစပြီး ယူကရိန်းသမ္မတ Zelenskyy ရဲ့ ဒုတိယအကြိမ် အာရှခရီးစဉ်လည်း ဖြစ်ပါတယ်။ ပထမအကြိမ်ကတော့ ၂၀၂၃ မေလ ဂျပန်မှာကျင်းပတဲ့ G7 ညီလာခံကို တက်ရောက်ခဲ့တာပါ။

အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးညီလာခံ ယူကရိန်းသမ္မတ တက်ရောက်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG