သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကအတွက် တရုတ် ဒေါ်လာ ၅၁ ဘီလီယံ ထောက်ပံ့မည်

ဘေဂျင်းမြို့ရှိ Great Hall of the People ခန်းမ မှာ ကျင်းပတဲ့ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး (FOCAC) ဖိုရမ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဗဟိုနှင့် အာဖရိကခေါင်းဆောင်များနဲ့အတူ အဖွဲ့လိုက်ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်း။ စက်တင်ဘာ ၅ ရက် (Adek Berry/Pool Photo via AP)

တရုတ် အာဖရိက ပူးပေါင်းဆောင်ရွက်ရေးညီလာခံ FOCAC ၂၀၂၄ ထိပ်သီးအစည်းအဝေးကို တရုတ်ပြည် ဘေဂျင်းမြို့မှာ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့ အထိ ၃ ရက်ကြာကျင်းပခဲ့ပြီး အာဖရိကအတွက် ၃ နှစ်အတွင်း ငွေကြေးအကူအညီ ဒေါ်လာ ၅၁ ဘီလီယံထောက်ပံ့ဖို့ တရုတ်က ကတိပြုခဲ့ပါတယ်။

ဒီပူးပေါင်းဆောင်ရွက်ရေးညီလာခံကို ၃ နှစ် တကြိမ် ပြုလုပ်တာဖြစ်ပြီး၊ ကိုဗစ် ကပ်ရောဂါဘေး ပြီးနောက် ဒါဟာ ပထမဆုံးအကြိမ် ပြန်လည် ကျင်းပတာ ဖြစ်ပါတယ်။ ဒီထိပ်သီးအစည်းအဝေးကို အာဖရိကတိုက်နိုင်ငံတွေက ခေါင်းဆောင် ၅၀ လောက် တက်ရောက်ခဲ့ပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ အဓိကအချက် (၂) ချက်ကို သဘောတူခဲ့ကြပါတယ်။ ခေတ်သစ်တခုကိုဖော်ဆောင်နိုင်မယ့် တရုတ်-အာဖရိက အသိုင်းဝိုင်းတရပ်ကို ထူထောင်သွားဖို့နဲ့ လာမယ့် ၃ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်သွားဖို့ဖြစ်ပါတယ်။

တရုတ်နဲ့ အာဖရိကနိုင်ငံအတွေအကြား သံတမန် ဆက်ဆံရေးကို မဟာဗျူဟာမြောက်အဆင့်တန်းအဖြစ် မြှင့်တင်သွားဖို့ သမတ ရှီကျင်းဖျင်က ကမ်းလှမ်းခဲ့ပါတယ်။ ဒါ့အပြင် အာဖရိကမှာ ခေတ်မီ အဆင့်မြှင့်ရေးလုပ်ငန်းတွေအကောင်အထည် ဖော်နိုင်ဖို့ လာမယ့် ၃ နှစ်အတွင်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း ၁၀ ခုကိုလည်း သမတ ရှီကျင်းဖျင်က တင်ပြခဲ့ပါတယ်။

တရုတ် သမ္မတ ရှီကျင်းဖျင်နဲ့ အာဖရိကနိုင်ငံခေါင်းဆောင်တွေဟာ နှစ်နိုင်ငံချင်း သီးခြားတွေ့ဆုံမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ တရုတ်ဟာ အာဖရိကမှာ သြဇာလွမ်းမိုးနိုင်ဖို့ ကြိုးပမ်းနေသလို၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ အာဖရိကမှာ ပြိုင်ဆိုင်မှုတွေရှိနေပါတယ်။

အာဖရိကအတွက် တရုတ် ဒေါ်လာ ၅၁ ဘီလီယံ ထောက်ပံ့မည်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG