ထရမ့် ရွေးကောက်ပွဲ အနိုင်ရမှု ဟဲရစ် လက်ခံ
ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ဒုသမ္မတ ဟဲရစ်က တယ်လီဖုံးနဲ့ ဆက်သွယ်ပြီး ထရမ့်အနိုင်ရတာကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သလို သမ္မတဘိုင်ဒန်ကလည်း ဗုဒ္ဓဟူးနေ့ မှာပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထရမ့်ကို ဆက်သွယ်ပြောကြားဖို့ရှိတယ်လို့ သူ့လက်ထောက်တွေက ပြောပါတယ်။ အပြည့်အစုံဖတ်ရှုရန် - နှိပ်ပါ။
သမ္မတဟောင်းထရမ့် ရွေးကောက်ပွဲ အနိုင်ရ
အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတ Kamala Harris ကို သမ္မတဟောင်း Donald Trump က အနိုင်ရလိုက်တာကြောင့် သမ္မတသက်တမ်း ၄ နှစ် တာဝန်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။
ကြိုတင်ရလဒ်အရ ရွေးကောက်ပွဲနိုင်ကြောင်း Trump ကြေညာ
နိုဝင်ဘာလ ၆ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်စောစော နောက်ဆုံးထွက်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ရီပတ်ဘလစ်ကန် ပါတီသမ္မတလောင်း Donald Trump က ပန်ဆဲလ်ဗေးနီးယား ပြည်နယ် အပါအဝင်အဓိက ကျတဲ့ ပြည်နယ်တော်တော်များများမှာ အနိုင်ရနေတဲ့အတွက် သမ္မတအဖြစ် ရွေးချယ်ခံရဖို့ နီးကပ်လာနေပါပြီ။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris အနိုင်ရဖို့အတွက် အရေးနိမ့်နိုင်ခြေ ပိုများလာပါတယ်။
၂၀၂၄ ရွေးကောက်ပွဲရလဒ်ပြမြေပုံ