မြောက်ကိုရီးယား တပ်သား ၁ သောင်းလောက်ကို ယူကရိန်းနယ်စပ် ရုရှားပိုင်နက် Kursk ဒေသမှာ ရုရှားတပ်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အခြေချထားမယ်လို့ ယုံကြည်ရကြောင်း၊ သူတို့ကို လေ့ကျင့်ထားပုံကို ကြည့်ရင် ရုရှားတပ်တွေနဲ့ တွဲပြီးတိုက်ခိုက်တာကို မကြာခင်မှာပဲ မြင်တွေ့ရဖို့ရှိကြောင်း ဝန်ကြီး Austin က ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီမှာ ရောက်နေတုန်း သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ အခုအချိန် အထိတော့ မြောက်ကိုရီးယားတပ်တွေ တိုက်ပွဲမှာဝင်လာတဲ့ သတင်းတော့ မတွေ့ရသေးဘူး လို့လည်း ပြောပါတယ်။
မြောက်ကိုရီးယား တပ်သားတွေ ရုရှားကို စေလွှတ်ထားတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားက စွပ်စွဲထားတာ ဖြစ်ပြီး ဒါဟာ ရုရှားက မြောက်ကိုရီးယားကို လောင်စာဆီ၊ လေကြောင်းသုံး မစ်ဇိုင်းဖျက်လက်နက်နဲ့ စီးပွါးရေး အထောက်အကူတွေ ရုရှားပေးအပ်တာ အတွက် တုံ့ပြန်ကူညီတာ ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရအရာရှိတွေနဲ့ သုတေသန အဖွဲ့တခုက ပြောပါတယ်။
ယူကရိန်းကလည်း ရုရှားနဲ့ မြောက်ကိုရီးယား တပ်သား စုစုပေါင်း ၅ သောင်းလောက်ဟာ ရုရှားနယ်စပ်ဒေသက ယူကရိန်းတွေ သိမ်းထားတဲ့နေရာတွေကို ပြန်ယူဖို့ လုပ်နေပြီလို့ သတိပေးပါတယ်။ အဲဒီ Kurst ဒေသမှာ ယူကရိန်းက ရုရှားနယ်မြေ တချို့ကို သိမ်းထားတာဖြစ်ပါတယ်။
Forum