မာတင်လူသာကင်း လူသားစာနာဆု ချင်းအမျိုးသား Elaisa ရရှိ
ရွေးကောက်ခံသမ္မတ Donald Trump လက်ထက်မှာ မြန်မာဒုက္ခသည်တွေအရေး အလေးပေး ဆောင်ရွက်အောင် ကြိုးပမ်းအားထုတ်သွားမယ်လို့ Martin Luther King လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ချီးမြှင့်ခံရသူ ချင်းလူမျိုး Elaisa Vahnie က ဗွီအိုအေကိုပြောပါတယ်။ အသားအရောင်ခွဲခြားမှုကို တိုက်ပွဲ၀င်ခဲ့တဲ့ ဒေါက်တာ Martin Luther King၊ Jr. ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့မွေးနေ့ လ ဖြစ်တဲ့ ဇန်နဝါရီလ တတိယပတ် တနင်္လာနေ့ကို Martin Luther King နေ့အဖြစ် သတ်မှတ်ထားတာပါ။ မြန်မာဒုက္ခသည်အများစု အခြေချတဲ့ အင်ဒီယားနားပြည်နယ်မှာ ဒီကနေ့ပြုလုပ်တဲ့ မာတင်လူသာကင်းနေ့ ဂုဏ်ပြုပွဲမှာ ဒီနှစ် ၂၀၂၅ ခုနှစ် အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ကို ချင်းလူမျိုး Elaisa Vahnie (အီလိုင်ဇာ ဗာနီ) ကို ချီးမြှင့်လိုက်ပါတယ်။ သူဟာ မြန်မာ အမေရိကန် လူမှုအသိုင်းအဝိုင်း အင်စတီကျူ (BACI) ကို ပူးတွဲတည်ထောင်သူလည်းဖြစ် လက်ရှိ အမှုဆောင်ဒါရိုက်တာတာ၀န်ယူထားသူပါ။ မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
Forum