သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားအခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းနေ့ ကျင်းပ


မာတင်လူသာကင်း ရဲ့ အငယ်ဆုံးသမီး Bernice King ။
မာတင်လူသာကင်း ရဲ့ အငယ်ဆုံးသမီး Bernice King ။

ခွဲခြားမှုနဲ့ လူမှု အကျပ်အတည်းများ သိရှိနိုးကြားရေး လှုပ်ရှားမှုအပေါ် ဆန့်ကျင်လာကြမှာကို မာတင်လူသာကင်းနေ့မှာ သူ့ရဲ့ အငယ်ဆုံးသမီးက သတိပေးလိုက်ပါတယ်။

လူ့အခွင့်အရေးနဲ့ လူမည်းများ လွတ်မြောက်ရေးလှုပ်ရှားသူ ဒေါက်တာ မာတင်လူသာကင်း နေ့ဟာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့နဲ့ တိုက်ဆိုင်နေပြီး၊ အတ္တလန်တာမြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တာပါ။

လူ ၇၀ ပါတဲ့ ဓမ္မတေးဂီတအဖွဲ့နဲ့ ဒေါက်တာ မာတင်လူသာကင်းနေ့ အခမ်းအနားကို ဖွင့်ခဲ့ပြီး၊ စင်မြင့်ရှေ့မှာ တရားမျှတမှု၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီဆိုတဲ့ စာတွေကို လူ ခုနစ်ယောက်က ကိုင်မြှောက်ထားကြပါတယ်။


နိုးကြားတယ်ဆိုတာ ဖိနှိပ်မှုကို သိမြင်ပြီး တရားမျှတမှုအတွက် ကတိကဝတ်ပြုထားတာ ဖြစ်တယ်လို့ မာတင်လူသာကင်း ရဲ့ အငယ်ဆုံးသမီး Bernice King က ပြောပါတယ်။ သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို ထိပါးနိုင်တာကို ပြောလိုက်တဲ့ အခါမှာတော့ ပရိသတ်က မတ်တပ် ရပ်လိုက်ကြပြီး၊ ငါတို့ နောက်ပြန်မသွားဘူးလို့ သံပြိုင် ကြွေးကြော်လိုက်ကြပါတယ်။

ဘယ်သူပဲဖြစ်ဖြစ်၊ မဲ ၆၀ ရာနှုန်းရတာနဲ့ တရားမျှတမှုကို ချိုးဖောက်ဖို့ လုပ်ပိုင်ခွင့်ရတာ ဘယ်တုန်းကမှ မဟုတ်ပါဘူးလို့လည်း အခမ်းအနားမှာ စကားပြောကြားသူ Bishop William Barber II ကလည်း ပြောပါတယ်။

ခုလို သမ္မတ ကျမ်းသစ္စာကျိန်းဆိုပွဲ နဲ့ မာတင်လူသာကင်းနေ့ တိုက်ဆိုင်တာ အနှစ် ၄၀ အတွင်း ဒါဟာ တတိယ အကြိမ် ဖြစ်ပါတယ်။ သမ္မတ ဘီလ်ကလင်တန်နဲ့ ဘရက်အိုဘားမားတို့ ဒုတိယအကြိမ် သမ္မတသက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲတွေမှာလည်း အလားတူ တိုက်ဆိုင်ခဲ့ဖူးပါတယ်။

နိုင်ငံသားအခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းနေ့ကျင်းပ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG