ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ ဘဝကို မြှုပ်နှံခဲ့တဲ့ မာတင်လူသားကင်းအတွက် အောက်မေ့ဂုဏ်ပြုတဲ့နေ့ ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေက အမေရိကန် သံရုံးတွေ တော်တော်များများ ပိတ်ထားကြပါတယ်။ မာတင်လူသားကင်းအတွက် အောက်မေ့ဘွယ် အမှတ်တရ ဂုဏ်ပြုစာတွေ ရေးသားထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် ဇန်နဝါရီလရဲ့တတိယ တနင်္လာနေ့ကို ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ အထိမ်းအမှတ်နေ့အဖြစ် ဂုဏ်ပြုကျင်းပလေ့ရှိပြီး ဒီနှစ်ဟာ ရွေးကောက်ပွဲအပြီး သမ္မတသစ် Donald Trump ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။
သိက္ခာတော်ရသင်းအုပ်ဆရာ ဒေါက်တာကင်းဟာ အမေရိကန်တောင်ပိုင်း အလာဘားမားပြည်နယ်က နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက လူမျိုးရေး ခွဲခြားမှုတွေကို တိုက်ဖျက်ရာမှာ ခေါင်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အမေရိကန် ပြည်တွင်းစစ်ပြီးဆုံးပြီး ရာစုနှစ်တခုနီးပါးကြာသည့်တိုင်အောင် အာဖရိကန်အနွယ် အမေရိကန် အများစုရဲ့ အခွင့်အရေးတွေကို ငြင်းပယ်တဲ့ Jim Crow လို့ ခေါ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့တာကြောင့် ဒီ ဥပဒေတွေကို တိုက်ဖျက်ရေး ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ဒေါက်တာ မာတင်လူသားကင်း ဦီးဆောင်ကြိုးပမ်းခဲ့တာပါ။ အသက် ၃၉ နှစ်အရွယ် ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
Forum