သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump- Zelenskyy ဆွေးနွေးပွဲ ပြန်လှန်အော်ဟစ် ရပ်ဆိုင်း

အမေရိကန်သမ္မတ Donald Trump နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ သမ္မတအိမ်ဖြူတော် Oval Office မှာတွေ့ဆုံ ဆွေးနွေးစဥ်။ (Feb. 28, 2025)
အမေရိကန်သမ္မတ Donald Trump နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ သမ္မတအိမ်ဖြူတော် Oval Office မှာတွေ့ဆုံ ဆွေးနွေးစဥ်။ (Feb. 28, 2025)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့တွေ့ဆုံပြီး ယူကရိန်း မြေရှားသတ္တုတွေကို အမေရိကန်က တူးဖေါ်နိုင်ခွင့်ရရေး သဘောတူညီချက်အတွက် သမ္မတအိမ်ဖြူတော်တွင်း ဆွေးနွေးမှုဟာ အပြန်အလှန် အခြေအတင် ပြောဆိုငြင်းခုံရင်း အဆုံးသတ် သွားခဲ့ပါတယ်။

သမ္မတထရမ့်က ယူကရိန်းသမ္မတကို သဘောတူညီမှု ယူရင်ယူ၊ မယူရင် ဆက်မပြောဖို့ ပြောကြားခဲ့ပါတယ်။ သမ္မတ ထရမ့်က သူ့ လူမှုကွန်ယက်မှာလည်း − ညှိနှိုင်းမှုတွေမှာ အမေရိကန်ပါရင် အသာစီးရမှာလောက်ကိုပဲ သမ္မတ Zelenskyy က လိုလားနေတာဖြစ်ပြီး ငြိမ်းချမ်းရေးကို လိုချင်တာ မဟုတ်ကြောင်း၊ သူဟာ အမေရိကန်တွေ အလေးထားကြတဲ့ အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းကို မလေးမစား လုပ်ခဲ့ကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် အဆင်သင့် ဖြစ်မှ ပြန်လာနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အမေရိကန် ဒုသမ္မတ JD Vance ကလည်း Zelenskyy ဟာ ဒီခရီးစဥ်ကို ဝါဒဖြန့်ချီရေးအတွက် လာရောက်တာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

အမေရိကန်နဲ့ ယူကရိန်း သတင်းသမားတွေရှေ့မှာ မိနစ် ၄၀ ကြာ အပြန်အလှန် အခြေအတင် ပြောဆို ဆွေးနွေးခဲ့ကြပြီးနောက် ယူကရိန်းသမ္မတက ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ့် အစီစဉ်ကို ပယ်ဖျက်လိုက်ပြီး အိမ်ဖြူတော်ကနေ စောစောစီးစီး ပြန်လည် ထွက်ခွါ သွားခဲ့ပါတယ်။

ယူကရိန်းတွေ လိုလားတဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခဲ့ကြတဲ့အတွက် အမေရိကန်လွှတ်တော်နဲ့ အမေရိကန်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း Zelenskyy က သူ့ရဲ့ လူမှုကွန်ယက် X မှာပြောပါတယ်။

အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Hakeem Jefferies ကတော့ သမ္မတ Zelenskyy နဲ့ ယူကရိန်းပြည်သူတွေဟာ ဒီမိုကရေစီရေး လွတ်လပ်ရေးနဲ့ အမှန်တရားဘက်ကနေ ၃ နှစ်လုံးလုံး ရပ်တည်ခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ အောင်မြင်မှုဟာ အမေရိကန် အမျိုးသားလုံခြုံရေး အကျိုးစီးပွါးအတွက်ဖြစ်ကြောင်း၊ ယူကရိန်းနဲ့အတူ အောင်ပွဲရသည်အထိ ရပ်တည်သင့်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်၊ ဂျာမနီ၊ ဖင်လန်နဲ့ နယ်သာလန် အပါအဝင် အီးယူ ဥရောပသမဂ္ဂနိုင်ငံတချို့က အရာရှိတွေကတော့ ယူကရိန်းကို ထောက်ခံကြောင်း လူမှုကွန်ယက်မီဒီယာတွေမှာ ရေးကြပေမယ့် ရုရှားကတော့ ဒီဆွေးနွေးပွဲ ပျက်သွားတာကို ကောင်းချီး ပေးခဲ့ပါတယ်။

Trump - Zerlenshyy ဆွေးနွေးပွဲ ပြန်လှန်အော်ဟစ် ရပ်ဆိုင်း
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG