သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့လူ့အခွင့်အရေး အဆိုးဆုံးထဲ မြန်မာပါဝင်

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မာရမ်းအုပ်စုက ရှမ်းကိုးရွာ၊ ခမောက်ငယ်ကျေးရွာနဲ့ ချောင်းဝ ရွာတွေဘက်မှာ နေအိမ်တွေကို စကစ တပ်တွေက မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ (Photo: ဒေသခံ)
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မာရမ်းအုပ်စုက ရှမ်းကိုးရွာ၊ ခမောက်ငယ်ကျေးရွာနဲ့ ချောင်းဝ ရွာတွေဘက်မှာ နေအိမ်တွေကို စကစ တပ်တွေက မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ (Photo: ဒေသခံ)

ကမ္ဘာတလွှား လူ့အခွင့်ရေးအခြေအနေ အဆိုးဝါးဆုံးဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က ဖေဖေါ်ဝါရီ ၂၈ ရက် သောကြာနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ မပြတ်ဖြစ်ပွါးနေပြီး၊ အိုးအိမ် ပြောင်းရွှေ့ရတာတွေအပြင် နိုင်ငံ့စီးပွါးရေးပါ ပြိုကွဲ ပျက်စီးနေတာကြောင့် ဆိုးဝါးတဲ့ အခြေအနေအတွက် ပြည်သူတွေက ဆိုးဆိုးဝါးဝါး ပေးဆပ်နေရတယ်လို့လည်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ စကြည့်မယ်ဆိုရင် ၂၀၂၄ ခုနှစ်ဟာ အကြမ်းဖက်မှုကြောင့် သေဆုံးရသူ အများဆုံး ဖြစ်တာတွေ့ရပြီး သေဆုံးရသူက ၂,၀၀၀ နီးပါးလောက် ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီနှစ်အတွက်တော့ လူပေါင်း ၁၅ သန်းလောက် စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ရင်ဆိုင်ရဖို့ ရှိသလို လူပေါင်း ၂ သန်းလောက်က အငတ်ဘေးအန္တရာယ် ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာခေါင်းဆောင်တွေ ဖမ်းဝရမ်း ကုလ ထောက်ခံဖို့လိုအပ်
please wait

No media source currently available

0:00 0:11:36 0:00

လူသားစာနာမှု ပြဿနာကလည်း ဆိုးဝါးနေကြောင်းနဲ့ အိုးအိမ်ပြောင်းရွှေ့ရသူပေါင်း ၃ သန်းခွဲရှိသလို၊ လူသားစာနာမှု အကူအညီ လိုအပ်သူက သန်း ၂၀ လောက် ရှိနေတဲ့အပြင် စိုက်ပျိုးရေးကောင်းကောင်း မလုပ်နိုင်တာကြောင့် အငတ်ပြဿနာနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး သေဆုံးရတဲ့ ဆေးဝန်ထမ်း ၁၃၀ ကျော်ရှိပြီး ဆေးရုံ၊ ဆေးပေးခန်းနဲ့ ဆေးဝန်ထမ်းတွေ အတိုက်ခိုက်ခံရမှု ၁,၅၀၀ ကျော် ရှိနေကြောင်းနဲ့ ၂၀၂၄ အောက်တိုဘာလထဲမှာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက လေကြောင်းကနေ ၁၃ ကြိမ် တိုက်ခိုက်ခဲ့တဲ့အတွက် တရက်အတွင်း နေအိမ်အလုံး ၁,၀၀၀ လောက် မီးလောင် ပျက်စီးရသလို အရပ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်မှု ရှိနေချိန်မှာ အာဏာသိမ်းဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်နေရေး အဖွဲ့အစည်းတွေကလည်း ဒေသတွင်း အုပ်ချုပ်သူတွေ၊ နိုင်ငံရေးသမားတွေနဲ့ စစ်ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ တွေ့ရတာကြောင့် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အားလုံး လူ့အခွင့်အရေးနဲ့ လူသားစာနာမှုဆိုင်ရာ ဥပဒေကို လေးစားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ကမ္ဘာ့လူ့အခွင့်အရေး အဆိုးဆုံးထဲ မြန်မာပါဝင်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG