သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား-ယူကရိန္းနယ္စပ္အေရး ကန္ဝန္ႀကီး Blinken ဥေရာပမွာ လွည့္လည္ေဆြးေႏြး 


နိင္ငံျခားေရး၀န္ၾကီး Blinken ဂ်ာမဏီကို ေရာက္ရွိစဥ္ (ဓာတ္ပံု- Reuters)

႐ုရွားနဲ႔ ယူကရိန္းနယ္စပ္တေလွ်ာက္ တင္းမာမႈေတြနဲ႔ပတ္သက္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov နဲ႔ ေတြ႕ဆုံ ေဆြးေႏြးဖို႔ ျပင္ဆင္ေနတဲ့ တခ်ိန္တည္းမွာပဲ အေမရိကန္ရဲ႕ အဓိကမဟာမိတ္ ေတြနဲ႔လည္း ဒီကိစၥ ေဆြးေႏြးတိုင္ပင္တာေတြလုပ္ဖို႔ ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ ေရာက္ေနပါတယ္။

ဂ်ာမနီ ႏိုင္ငံျခားေရးဝန္ႀကီး အဲန္နာေလနာ ဘဲအားေဘာ့က္ (Annalena Baerbock) ၊ ျပင္သင္ ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian ၊ အေရွ႕အလယ္ပိုင္းနဲ႔ ေျမာက္အာဖရိကဆိုင္ရာဝန္ႀကီး James Cleverly တို႔နဲ႔ ဝန္ႀကီးဘလင္ကန္ ေတြ႕ဆုံခဲ့သလို အဲ့ဒီေနာက္ ယူကရိန္းအေရးနဲ႔ပတ္သက္တဲ့မိန႔္ခြန္း ေျပာၾကားခဲ့ပါတယ္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Lavrov နဲ႔ေတာ့ မနက္ျဖန္ ေသာၾကာေန႔ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာ ေတြ႕ဆုံ ေဆြးေႏြးမွာပါ။ ယူကရိန္းပဋိပကၡနဲ႔ ပတ္သက္လို႔ သံတမန္ေရးနည္းလမ္းနဲ႔ ေျဖရွင္းကိုင္တြယ္ႏိုင္ဖို႔ အေမရိကန္ျပည္ေထာင္စုက ဆႏၵ အခိုင္အမာ ရွိေၾကာင္း ျပသဖို႔အတြက္ ခုလိုေတြ႕ဆုံဖို႔ ခရီးစဥ္ကို အျမန္ဆုံး စီစဥ္ခဲ့တာလည္း ျဖစ္ပါတယ္။

႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္လာမွာကို အေမရိကန္နဲ႔ မဟာမိတ္ေတြ စိုးရိမ္ေနၾကတာျဖစ္ၿပီး ႐ုရွားကေတာ့ အဲ့ဒီလို တိုက္ခိုက္ဖို႔ ရည္႐ြယ္လုပ္ေဆာင္ေနတာ မရွိဘူးလို႔ တုံ႔ျပန္ထားပါတယ္။ ႐ုရွားအေနနဲ႔ ယူကရိန္းႏိုင္ငံထဲ စစ္ေရးအရ ရန္လို တိုက္ခိုက္မႈေတြ ေရွ႕တိုးလုပ္ေဆာင္လာမယ္ဆိုရင္ အေမရိကန္ျပည္ေထာင္စုနဲ႔ မဟာမိတ္ေတြက ႐ုရွားကို ျပင္းျပင္းထန္ထန္နဲ႔ အခိုင္အမာ ျပန္လည္ တုံ႔ျပန္သြားမယ္ … ဒါေပမဲ့ ဒီလိုမျဖစ္ေအာင္ ႐ုရွားအစိုးရက ပဋိပကၡကို သံတမန္ေရးနည္းလမ္းနဲ႔ ေျဖရွင္းလာဖို႔ ေမွ်ာ္လင့္တယ္လို႔ ဝန္ႀကီး Blinken က ဗုဒၶဟူးေန႔က ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕ေတာ္မွာ ဗြီအိုေအနဲ႔ သီးသန႔္ ေတြ႕ဆုံ ေမးျမန္းခန္းအတြင္း ေျပာဆိုခဲ့ပါတယ္။

......................................................................

တိုက္႐ိုက္ လင့္ခ္


ရုရှား-ယူကရိန်းနယ်စပ်အရေး ကန်ဝန်ကြီး Blinken ဥရောပမှာ လှည့်လည်ဆွေးနွေး

(Unicode)

ရုရှားနဲ့ ယူကရိန်းနယ်စပ်တလျှောက် တင်းမာမှုတွေနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ အဓိကမဟာမိတ် တွေနဲ့လည်း ဒီကိစ္စ ဆွေးနွေးတိုင်ပင်တာတွေလုပ်ဖို့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရောက်နေပါတယ်။

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အဲန်နာလေနာ ဘဲအားဘော့က် (Annalena Baerbock) ၊ ပြင်သင် နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဆိုင်ရာဝန်ကြီး James Cleverly တို့နဲ့ ဝန်ကြီးဘလင်ကန် တွေ့ဆုံခဲ့သလို အဲ့ဒီနောက် ယူကရိန်းအရေးနဲ့ပတ်သက်တဲ့မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov နဲ့တော့ မနက်ဖြန် သောကြာနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ တွေ့ဆုံ ဆွေးနွေးမှာပါ။ ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်လို့ သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းကိုင်တွယ်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ဆန္ဒ အခိုင်အမာ ရှိကြောင်း ပြသဖို့အတွက် ခုလိုတွေ့ဆုံဖို့ ခရီးစဉ်ကို အမြန်ဆုံး စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာမှာကို အမေရိကန်နဲ့ မဟာမိတ်တွေ စိုးရိမ်နေကြတာဖြစ်ပြီး ရုရှားကတော့ အဲ့ဒီလို တိုက်ခိုက်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံထဲ စစ်ရေးအရ ရန်လို တိုက်ခိုက်မှုတွေ ရှေ့တိုးလုပ်ဆောင်လာမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေက ရုရှားကို ပြင်းပြင်းထန်ထန်နဲ့ အခိုင်အမာ ပြန်လည် တုံ့ပြန်သွားမယ် … ဒါပေမဲ့ ဒီလိုမဖြစ်အောင် ရုရှားအစိုးရက ပဋိပက္ခကို သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းလာဖို့ မျှော်လင့်တယ်လို့ ဝန်ကြီး Blinken က ဗုဒ္ဓဟူးနေ့က ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG