သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်တိုက်ပွဲ ဝန်ကြီးချုပ်ဟွန်ဆန်ခရီးစဉ် တိုးတက်မှု ထိခိုက်စေကြောင်း ကမ္ဘောဒီးယားထုတ်ပြန် 


ကမ္ဘောဒီယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက် ( ဓာတ်ပုံ - Official Publication)
ကမ္ဘောဒီယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက် ( ဓာတ်ပုံ - Official Publication)

ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မကြာခင်က မြန်မာနိုင်ငံခရီးစဉ်အတွင်းရခဲ့တဲ့ တိုးတက်မှုတွေကို ထိခိုက်စေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

လွိုင်ကော်မှာ စစ်ကောင်စီတပ်တွေနဲ့ PDF တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေတဲ့အပေါ် အထူးပဲ စိုးရိမ်တဲ့အကြောင်းလည်း ကမ္ဘောဒီးယား၊ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (MFA.IC) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွေ့အကြုံကို မျှဝေခဲ့တဲ့ အကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကမ္ဘောဒီးယား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ ရခဲ့တဲ့ သင်ခန်းစာတွေအရ သက်ဆိုင်သူအားလုံးရဲ့ အပြည့်အဝ ပါဝင်မှုနဲ့ သဘော တူညီမှုမရဘဲ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရနိုင်မှာမဟုတ်ဘူးဆိုတာ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ ခရီးစဉ်အတွင်း အလေးအနက်ပြောခဲ့တယ်လို့လည်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီခံယူချက်နဲ့အညီ သက်ဆိုင်သူအားလုံး အပစ်အခတ်ရပ်စဲရေးကို လက်ခံသင့်တယ်၊ အကြမ်းဖက်လုပ်ရပ်အားလုံးကို ရပ်ဆိုင်း သင့်တယ်၊ အဆုံးစွန် ထိန်းချုပ် လုပ်ဆောင်သင့်တယ်၊ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်နိုင်ရေး လမ်းဖွင့်ပေးနိုင်ပြီး နိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်တည်ဆောက်နိုင်ဖို့ဆီ ဦးတည်တဲ့အခြေအနေတွေကို ထူထောင်နိုင်ဖို့ ဆွေးနွေးညှိနှိုင်း မှု စတင်သင့်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

......................................................................................



(Unicode)






XS
SM
MD
LG