သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း နိုင်ငံကူးလက်မှတ် သုံးဖို့ ဥရောပ နီးကပ်


Covid-19 ထိန်းချုပ်ရေး EU ခေါင်းဆောင်တွေ ဘရက်ဆဲလ်မြို့တွင်တွေ့ ဆုံကြစဉ် (ဓာတ်ပုံ-Reuters)

(Zawgyi/Unicode)




...................................................................

တိုက်ရိုက် လင့်ခ်


(Unicode)

ဥရောပမှာတော့ ကာကွယ်ဆေးထိုးတာကို နိုင်ငံကူးလက်မှတ်အဖြစ် အသုံးပြုဖို့မျှော်လင့်ချက်တွေ နီးကပ်လာပါပြီ။

ကာကွယ်ဆေးထိုးပြီးကြောင်းအထောက်အထားတွေကို ခရီးသွားတွေတင်မက အရက်ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ဖျော်ဖြေရေးခန်းမတွေမှာပါ စတင်အသုံးပြုနိုင်ဖို့အတွက် နိုင်ငံတော်တော်များများက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ဒီလို နိုင်ငံကူးလက်မှတ်အဖြစ် ကာကွယ်ဆေးထိုးမယ့်အစီအစဉ်နဲ့ပက်သက်ပြီး ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောရာမှာတော့ နိုင်ငံတကာခရီးသွားတွေဟာ ကာကွယ်ဆေးထိုးပြီးကြောင်းအထောက်အထားတွေ လိုကောင်းလိုမယ်လို့ဆိုပါတယ်။

ဥရောပအစိုးရတွေဟာ ကာကွယ်ဆေးထိုးပြီးကြောင်းအထောက်အထားကို နိုင်ငံကူးလက်မှတ်အနေနဲ့ပြုလုပ်မပြုလုပ်စနစ်နဲ့ပတ်သက်ပြီး အမြင်တွေကွဲပြားခဲ့ကြပါတယ်။ သို့ပေမယ့်လည်း ခရီးသွားနဲ့ဧည့်ကြိုလုပ်ငန်းတွေကတော့ သူတို့ရဲ့ လုပ်ငန်းကိုင်ငန်းတွေအတွက် စိတ်ပျက်နေကြပြီး နောက်ထပ်နွေရာသီတခုအတွက် အရှုံးပေါ်ဖို့သူတို့တောင့်မခံနိုင်ကြတော့ဘူးလို့ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG