သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီလက်ကားကုမ္ပဏီ Metro Wholesale မြန်မာနိုင်ငံမှာ လုပ်ငန်းရပ်တော့မယ်

ရန်ကုန်မြို့က ဘူတာရုံဈေးတန်းတခု (ဓာတ်ပုံ - Reuters)
ရန်ကုန်မြို့က ဘူတာရုံဈေးတန်းတခု (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

ဂျာမနီအခြေစိုက် စားသောက်ကုန် လက်ကားဖြန့်ချိရောင်းချရေးကုမ္ပဏီ Metro Wholesale က အောက်တိုဘာလမှာ မြန်မာနိုင်ငံကလုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။

၂၀၁၉ ခုနှစ်ကစပြီး ရန်ကုန်မြို့မှာ ရုံးချုပ်ဖွင့်ပြီး လုပ်ငန်းတွေ စတင်လည်ပတ်ခဲ့တဲ့ Metro ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လုပ်ငန်းလုပ်ကိုင်ဖို့ အခက်အခဲတွေရှိလာတဲ့အတွက် မြန်မာနိုင်ငံကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ကြေညာပါတယ်။

ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေအောက်မှာ လုပ်ငန်းတွေ ဘယ်လို ဆက်လက်လည်ပတ်နိုင်မလဲဆိုတာ သူတို့အနေနဲ့ နည်းလမ်းမျိုးစုံက စဉ်းစားခဲ့ပေမယ့် လက်ရှိအနေအထားအရ Metro ရဲ့ စံချိန်စံညွှန်းတွေပြည့်မီအောင် လည်ပတ်လို့မရနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လတ်တလော မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကြောင့် Metro က ကုန်ပစ္စည်းတွေ ဝယ်ယူစားသုံးမှု အားကျသွားစေတာကြောင့် သူတို့ရဲ့ လုပ်ငန်းတွေကို ထိခိုက်စေခဲ့ပါတယ်။

Metro ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း ၂၀ ရင်းနှီးမြုပ်နှံပြီး သီလဝါဆိပ်ကမ်းမှာ ဂိုဒေါင်တည်ဆောက်ပြီး လုပ်ငန်းတွေကို စတင်ခဲ့တာပါ။ သီလဝါဆိပ်ကမ်းကနေမှတဆင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအပါအဝင် အနောက်နိုင်ငံထုတ် ကုန်ပစ္စည်းတွေကို တနိုင်ငံလုံးကို ဖြန့်ချိပေးခဲ့တာပါ။

Metro ကုမ္ပဏီနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေဖြစ်တဲ့ Antie Anne’s ၊ Little Sheep ၊ ထိုင်ဝမ်အခြေစိုက် Bubble Tea ကုမ္ပဏီ Koi Thé စတဲ့ ကုမ္ပဏီတွေအပါအဝင် နိုင်ငံခြားကုမ္ပဏီတချို့ဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း လုပ်ငန်းတွေ ရပ်ဆိုင်းတာ၊ ဒါမှမဟုတ် မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာတွေ လုပ်ဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။

...........................................................................................

ဂျာမနီလက်ကားကုမ္ပဏီ Metro Wholesale မြန်မာနိုင်ငံမှာ လုပ်ငန်းရပ်တော့မယ်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်









This item is part of
XS
SM
MD
LG