သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့တော်သစ် ရွှေ့ဖို့ အင်ဒိုလွှတ်တော်ပြဌာန်း


မြို့တော်သစ်နေရာ Nusantara ကို အင်ဒိုနီးရှားသမ္မတ Joko Widodo လည်ပတ်စဉ် (ဓာတ်ပုံ - Reuters)
မြို့တော်သစ်နေရာ Nusantara ကို အင်ဒိုနီးရှားသမ္မတ Joko Widodo လည်ပတ်စဉ် (ဓာတ်ပုံ - Reuters)

အင်ဒိုနီးရှား နိုင်ငံ ရဲ့ မြို့တော် ကို ဂျာကာတာ ကနေ မိုင် ၁၂၀၀ အကွာ ဘော်နီယို ကျွန်း ကို ရွှေ့မယ့် ဥပဒေ ကို လွှတ်တော် က အင်္ဂါနေ့ က ပြဌာန်းလိုက်ပါတယ်။ သမ္မတ က မြို့ အုပ်ချုပ်ရေး အတွက် မြို့တော် အာဏာပိုင် အဖွဲ့ ကို ခန့်ထားပြီး၊ သက်တမ်း ၅ နှစ် ပြဌာန်းထားပါတယ်။

ဂျာဗား ကျွန်း မှာ လူဦးရေ ထူထပ်လာပြီး မြို့တော် မှာ အခြေခံ အဆောက်အအုံ ဆိုင်ရာ ပြဿနာတွေ ကြီးမားလာတဲ့အပြင်၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် ၂၀၅၀ မှာ ဂျာကာတာ ရဲ့ သုံးပုံ တစ်ပုံ ရေအောက် ရောက်သွားနိုင်တာကြောင့် ခုလို ပြောင်းရွှေ့တာပါ။ ဂျာကာတာ ရဲ့ လူဦးရေ က သန်း ၃၀ ရှိနေပါပြီ။

မြို့တော်သစ် ကို ကျွန်းစု လို့ အဓိပ္ပါယ် ရတဲ့ Nusantara လို့ အမည်ပေးထားပါတယ်။ မြို့တော် အကျယ်အဝန်း က၂၁၆ စတုရန်း မိုင် ရှိပြီး၊ ဘော်နီယို ကျွန်း ပေါ် က အင်ဒိုနီးရှား ပိုင် မြေပေါ်မှာ တည်မှာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ ၃၃ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဘော်နီယိုကျွန်း ကို မလေးရှား နဲ့ ဘရူနိုင်းတို့ကလည်း ပိုင်ကြပါတယ်။

မြို့တော် အသစ် ကို သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်းထားတဲ့ နည်းပညာ မြို့တော် အဖြစ် တည်ဆောက်မှာပါ။ မြို့တော် ဟာ ဘယ်နေရာကပဲ ဖြစ်ဖြစ် လူတွေ အတွက် နီးနေရမယ်။ စက်ဘီးစီးနိုင်မယ်။ လမ်းလျှောက်သွားနိုင်မယ်။ ဖန်လုံအိမ် ဓာတ်ငွေ အထွက် သုည ဖြစ်မယ် လို့ သမ္မတ Joko Widodo က တနင်္လာနေ့ က ပြောပါတယ်။ တကမ္ဘာလုံး က ဇရှိတဲ့ လူတော်တွေ နဲ့ ထိုးထွင်းဖန်တီးမှု ကို ဆွဲဆောင်နိုင်တဲ့ နည်းပညာမြို့တော် အဖြစ် တည်ဆောက်လိုတယ်လို့ ဒေသခံ တက္ကသိုလ် တစ်ခု မှာ သမ္မတ က ပြောသွားပါတယ်။

......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG