သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ဘောသားတွေပါတဲ့ ရေနံတင်သင်္ဘော အင်ဒိုနီးရှားဖမ်းထား


အင်ဒိုရေတပ်မှ ဖမ်းဆီးထားတဲ့ ဘဟားမားအလံ လွှင့်ထူထားတဲ့ MT Strovolos သင်္ဘော (ဓာတ်ပုံ - AFP)
အင်ဒိုရေတပ်မှ ဖမ်းဆီးထားတဲ့ ဘဟားမားအလံ လွှင့်ထူထားတဲ့ MT Strovolos သင်္ဘော (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံသား သင်္ဘောသားတွေပါတဲ့ ရေနံတင် သင်္ဘောတစင်းကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ အင်ဒိုနီးရှားရေတပ်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အဲဒီသင်္ဘောဟာ ရေနံစည် ၃ သိန်းနီးပါးကို ခိုးယူ သယ်ဆောင်တယ်လို့ စွပ်စွဲခံနေရပြီး ကမ္ဘောဒီးယား အာဏာပိုင်တွေက အလိုရှိနေတဲ့သင်္ဘော ဖြစ်ပါတယ်။ ဘဟားမားအလံ လွှင့်ထူထားတဲ့ အဲဒီ MT Strovolos သင်္ဘောဟာ ဇူလိုင်လကုန်ပိုင်းက အင်ဒိုနီးရှား ရေပိုင်နက်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံရတာဖြစ်ပြီး အဲဒီသင်္ဘောမှာပါရှိတဲ့ သင်္ဘောသား ၁၈ ယောက်လည်း ထိန်းသိမ်းခံနေရတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သင်္ဘောကပ္ပတိန်ကတော့ အင်ဒိုနီးရှား ရေပြင်ပိုင်နက်ထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အပြစ်ရှိမယ်ဆိုရင် ထောင်ဒဏ်တနှစ်နဲ့ အမေရိကန် ဒေါ်လာ ၁၃,၉၀၀ ငွေဒဏ် ချမှတ်ခံရဖွယ် ရှိပါတယ်။ ဖမ်းဆီးခံရတဲ့အချိန် သင်္ဘောပေါ်မှာ ရေနံစည် ၃ သိန်းနီးပါး တင်ဆောင်လာတာပါ။

အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ဇန်နဝါရီလတုန်းကလည်း အီရန်အလံတင် သင်္ဘောတစင်းနဲ့ ပနားမား အလံတင် သင်္ဘောတစင်းကို အင်ဒိုနီးရှားရေပိုင်နက်ထဲ တရားမဝင် ရေနံ လွှဲပြောင်း တင်ပို့မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၄ လအကြာမှာ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

..............................................................................................


(Unicode)





XS
SM
MD
LG