သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားဖမ်းထားတဲ့ သင်္ဘောသားတွေထဲ မြန်မာနှစ်ဦးပါ


တောင်ကိုရီးယားနိုင်ငံ၊ Yeosu ဆိပ်ကမ်းတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ကတွေ့ရသည့် Lighthouse Winmore သင်္ဘော။
တောင်ကိုရီးယားနိုင်ငံ၊ Yeosu ဆိပ်ကမ်းတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ကတွေ့ရသည့် Lighthouse Winmore သင်္ဘော။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး အရှေ့တရုတ်ပင်လယ်ပြင်မှာ မြောက်ကိုရီးယား ရေနံတင်သင်္ဘော Sam Jong 2 ထဲကို သန့်စင်ပြီးသားလောင်စာဆီတွေ လွှဲပြောင်းပေးခဲ့တဲ့ Lighthouse Winmore သင်္ဘောက သင်္ဘောသားတွေကို တောင်ကိုရီးယားနိုင်ငံက ဖမ်းဆီး စစ်ဆေးနေပြီး အဲဒီထဲမှာ မြန်မာသင်္ဘောသား နှစ်ဦးလဲ ပါဝင်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီ မြန်မာသင်္ဘောသား နှစ်ဦးနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဟောင်ကောင်ကျွန်းမှာ မှတ်ပုံတင်ထားတဲ့ Lighthouse Winmore သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသားနှစ်ဦးအပြင် ကျန်တဲ့ ၂၃ ဦးကတော့ တရုတ်သင်္ဘောသားတွေဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒီဖြစ်ရပ် စုံစမ်စစ်ဆေးနေတာ ပြီးဆုံးမှပဲ သင်္ဘောသားတွေ ပြန်ထွက်ခွာဖို့ ခွင့်ပြုမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေကို ကိုးကားပြီး CNN သတင်းတပုဒ်မှာ ရေး ထားပါတယ်။

Lighthouse Winmore ရေနံတင်သင်္ဘောဟာ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတယ်ဆိုပေမယ့် တိုင်ဝမ်ကုမ္ပဏီဖြစ်တဲ့ Billions Bunker အုပ်စုပိုင် သင်္ဘောဖြစ်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တုန်းက တောင်ကိုရီးယား Yeosu ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ဖူးပါ တယ်။ အဲဒီကမှ ဂျပန်နိုင်ငံမှာ သန့်စင်လောင်စာဆီ တန်ချိန် ၁၄,၀၀၀ ကိုတင်ပြီး တိုင်ဝမ်နိုင်ငံကို သွားရမယ့်အစား အောက်တို ဘာလ ၁၉ ရက်နေက နိုင်ငံတကာရေပိုင်နက် တရုတ်ပင်လယ်ပြင်မှာ မြောက်ကိုရီးယားသင်္ဘောပေါ်ကို လောင်စာဆီ် တန်ချိန် ၆၀၀ လွှဲပြောင်းပေးခဲ့တာကို စစ်ဆေးတွေ့ရှိကြောင်း တောင်ကိုရီးယား ဆိပ်ကမ်းအာဏာပိုင်တွေကို ကိုးကားပြီး AFP သတင်း ကရေးပါတယ်။

နျူကလီးယားစမ်းသပ် ခြိမ်းခြောက်မှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံကို ဘယ်နိုင်ငံကမှ ဓာတ်ဆီနဲ့ သန့်စင်ပြီးသား လောင်စာဆီတွေ တင်ပို့တာ မလုပ်ရဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒဏ်ခတ် အရေးယူထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG