သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမှားဖြန့်တယ်ဆိုပြီး အီရန်ဝက်ဆိုဒ်တွေကို ကန်တရားရေးဌာန ဖြုတ်ချ


၎င်းတို့ website ဖြုတ်ချခံရ ကြောင်း အီရန် Presstv.com မှ ဖော်ပြထားပုံ (ဓာတ်ပုံ - AFP)
၎င်းတို့ website ဖြုတ်ချခံရ ကြောင်း အီရန် Presstv.com မှ ဖော်ပြထားပုံ (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

အီရန်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်အများကြီးကို သတင်းမှားဖြန့်ဝေနေတာကြောင့် ဖြုတ်ချလိုက်ပြီလို့၊ အမေရိကန်တရားရေးဌာနက ကြေညာပါတယ်။ အမေရိကန်နဲ့ အီရန် ၂ နိုင်ငံအကြား ၂၀၁၅ နျူကလီယာစာချုပ်ပြန်အသက်သွင်းနိုင်ရေးနဲ့ တင်းမာမူတွေ မြင့်မားလာနေချိန်မှာ၊ အခုလို ပြင်းထန်တဲ့ နှိမ်နင်းမူ မနေ့ကပဲ ဖြစ်လာခဲ့တာပါ။

သတင်းမှားတွေထုတ်ပြန်ပြီး ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာဝင်စွပ်ခဲ့တဲ့ အစ္စလာမ်မစ်ရေဒီယိုနဲ့ တယ်လီဗီရှင်း Union တို့ အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်ဒ် ၃၃ ခုနဲ့ Kata'ib Hizballah (KH) က စီမံလည်ပတ်နေတဲ့ ဝက်ဘ်ဆိုဒ် ၃ ခုကို ပိတ်လိုက်တယ်လို့ အမေရိကန်တရားရုံးက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနကို ဗွီအိုအေက မှတ်ချက်ပေးဖို့ မေးမြန်းရာမှာတော့ ချက်ခြင်းတုံ့ပြန်ချက်တော့ မရပါဘူး။

အခုအီရန်သတင်းဝက်ဘ်ဆိုဒ်တွေကို အမေရိကန်ကုမ္ပဏီတွေရဲ့ အင်တာနက်နေရာတွေကတဆင့် ထုတ်လွှင့်ထားတာဖြစ်ပေမဲ့၊ အမေရိကန်ရဲ့ပိတ်ဆို့ဒဏ်ခတ်မူအောက်မှာ လိုအပ်တဲ့လိုင်စင်လျှောက်ထားမူတွေမလုပ်ဘဲ၊ အီရန်ဘက်ကသုံးစွဲခဲ့တာလို့လည်း၊ အမေရိကန်တရားရုံးက ဆိုပါတယ်။

ရုတ်တရက် အပိတ်ခံလိုက်ရတဲ့ ဝက်ဘ်ဆိုဒ်တွေထဲမှာတော့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်နေတဲ့ အီရန်အစိုးရပိုင် Press TV ရုပ်သံအစီအစဉ်၊ အာရပ်ဘာသာနဲ့ ထုတ်လွှင့်နေတဲ့ Al-Alam နဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေရဲ့ Al-Masirah ဂြိုဟ်တုရုပ်သံ သတင်းအစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဝဘ်ဆိုဒ်တွေမှာတော့ ဖမ်းဝရမ်းအမိန့်နဲ့ အမေရိကန် အစိုးရက ထိန်းချုပ်လိုက်ကြောင်း စာသားတွေကို၊ အမေရိကန်ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျုရို (FBI) နဲ့ ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ လုံခြုံရေးဗျုရိုတို့ရဲ့ သင်္ကေတံဆိပ်တွေနဲ့အတူ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း၊ သတင်းမှားတွေ ဖြန့်ချီဖို့ အီရန်တော်လှန်ရေး ပြည်စောင့်တပ်က ဥပဒေမဲ့ အသုံးချနေတယ်ဆိုပြီး အီရန်ဝက်ဘ်ဆိုဒ် ၉၂ ခုကို အမေရိကန်က ပိတ်ခဲ့ဖူးပါတယ်။

အီရန်ဘက်ကတော့ အခုလို ဝက်ဘ်ဆိုဒ်တွေ ပိတ်ပင်တာဟာ လက်ရှိ ဆွေးနွေးညှိနှိုင်း နေတဲ့ နျုကလီးယားအရေး သဘောတူညီချက်ရဖို့ ဆွေးနွေးမှုတွေအတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်မဟုတ်ဘူးဆိုပြီး သတိပေး တုံ့ပြန်ပြောဆိုပါတယ် ခင်ဗျာ။

......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG