သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ KNDF တိုက်ပွဲများရှိနေ


ရှေ့တန်းတနရောက (KPDF) ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AFP)
ရှေ့တန်းတနရောက (KPDF) ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ကယားပြည်နယ်တွင်း မြို့နယ်တချို့မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေရှိနေသလို ဗုံးခွဲတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ တချိန်တည်းမှာတော့ လွိုင်ကော်မြို့အတွင်း ပြည်သူတွေကိုယ်ထူကိုယ်ထ ဆောင်ရွက်နေတဲ့ Covid19 စစ်ဆေးရေးဂိတ်တွေကို မြန်မာစစ်တပ်က ဖျက်သိမ်းနေပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

အာဏာသိမ်းစစ်တပ်က ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့နောက်ပိုင်း အခြားမြန်မာနိုင်ငံအနှံနဲ့အတူ ကယားပြည်နယ်တွင်းမှာလည်း လက်နက်ကိုင်ခုခံမှုတွေ ဖြစ်နေပါတယ်။ ကယားပြည်နယ်ဖရူဆိုမြို့နယ်မှာ မြန်မာစစ်ယာဉ်တန်းတခုကို ဒီနေ့မနက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ် ရေးတပ်(KNDF)ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။

“တိုက်ပွဲကတော့ ကျွန်တော်တို့KNDFနဲ့ ကရင်နီတပ်မတော်နဲ့ပူးပေါင်းပြီးတော့ ဒီထိုးစစ်ဆင်လာတဲ့စစ်ကောင်စီကို ကျွန်တော် တို့ဖြတ်တိုက်တဲ့တိုက်ပွဲပါ။ ဒီမနက် ကျွန်းပင်တောမှာ တပ်မတော်ရဲ့ယာဉ်တန်းကိုကျွန်တော်တို့ဆွဲမိုင်းနဲ့တိုက်တယ်။ ပြီးတော့ အပြန်အလှန် ပစ်ခတ် တာလေးတွေဖြစ်ကြတာပေါ့လေ။ ဒါပေမဲ့နှစ်ဖက်အကျဆုံးကိုတော့အတည်ပြုလို့ မရသေးဘူး မြေပြင် အခြေအနေအရ။ ”

လွိုင်ကော်မြို့နယ်အရှေ့ဘက်မှာလဲ နှစ်ဖက်တပ်အကြား ဒီမနက်မှာပစ်ခတ်တိုက်ခိုက်မှုအနည်းငယ်ဖြစ်ပွါးကြောင်းပြောပါတယ်။
ဒီကနေ့မွန်းလွှဲပိုင်းမှာတော့ ဖယ်ခုံမြို့အလယ်မှာဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ ဗုံးပေါက်ကွဲတာ။ နှစ်နာရီ နှစ်နာရီဝန်းကျင်လောက်မှာ။ နှစ်လုံးလို့ကျွန်တော်တို့သိရတယ်လေ။ မြို့လယ်ခန်းမမှာတနေရာ နောက်တနေရာပေါ့။ ထိခိုက်မှုကတော့ ရဲတပ်ဖွဲ့ကတော့ (၃)ယောက်ထိတယ်လို့သိရတယ်။ ဘယ်သူကလုပ်တယ်ဆိုတာ အတည်ပြုလို့မရသေးဘူး။ ”

ကယားပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွါးနေသလို တဖက်မှာလဲကိုဗစ်-၁၉ ရောဂါပြန့်ပွါးလာတဲ့အခြေအနေမှာရှိနေပါတယ်။ ရောဂါပြန့်ပွါးနေမှုကို ကာကွယ်တားဆီးနိုင်ဖို့ ပြည်သူတွေကနေ ကိုယ်ထူ ကိုယ်ထနည်းနဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွေကို ထားရှိထားပါတယ်။

မနေ့ကညနေပိုင်းမှာ လွိုင်ကော်မြို့အတွင်းကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွေကို စစ်တပ်နဲ့မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ကနေ လာ ရောက်ဖြုတ်သိမ်းသွားခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ်ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပြန်ကြားရေး တာဝန်ရှိသူ တဦးက ပြောပါတယ်။

“ မနေ့ည လွိုင်ကော်မြို့နောင်ယားရပ်ကွက်ရယ် နာနတ်တောရပ်ကွက်တွေမှာဖြစ်ပွါးတဲ့ ဖြစ်စဉ်ပေါ့ဗျာ။ ဒီကိုဗစ်-၁၉ဆိုတာကလဲ တတိယလှိုင်းက လူတွေတဘုံးဘုံးသေနေကြတယ်ဗျာ။ တာဝန်ယူထားတဲ့စစ်ကောင်စီလဲ ဘာမှမလုပ်နိုင်ဘူး။ နောက်လူထု တွေကိုယ်ထူကိုယ်ထလုပ်တဲ့ဟာတွေ ရောဂါတွေထပ်မတိုးပွါးအောင် စည်းမဲ့ကမ်းမဲ့လုပ်နေတဲ့ကိစ္စတွေကို ဘာကြောင့်ဒီလို ဖျက် ရသလဲပေါ့။ အကြောင်းမဲ့သက်သက်မဟုတ်ဘူးကျွန်တော်ထင်တယ်။ တဖက်ကလက်နက်ကျည်ဆံနဲ့ မထင်ရင်မထင်သလို လိုက် ပစ်သတ်တယ်။ တဖက်ကရောဂါနဲ့သေခိုင်းတယ်။ ကျွန်တော်တို့အနေနဲ့လက်ခံနိုင်စရာအကြောင်းမှမရှိဘူး။”

လက်ရှိလွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေတဲ့အခြေအနေနဲ့ပက်သက်လို့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူတဦးကအခုလိုပြောပါတယ်။

“ အခြေအနေကတော့ ဒီနေ့ကတော့(၇)ဦးဆုံးတယ်ဗျာ။ အရင်နေ့ကလဲ တယောက်နှစ်ယောက်နေ့စဉ်လိုလိုဖြစ်နေတယ်။ ဆုံးနေတယ်။ ကိုဗစ်တောက်လျှောက်လိုဘဲ။ ဒီContact လူနာတွေလဲ တောက်လျှောက်လိုတိုးနေတယ်ဗျ။ တတိယလှိုင်းကျတော့ (၃၀)ကျော်သွားပါပြီးဆုံးနေတယ်။ ဆေးရုံမှာတက်နေတဲ့သူရာ Quarantine စင်တာတွေမှာရော။ Quarantineစင်တာတွေမှာက လူ(၅၀၀)ကျော်တယ်။ ”

လွိုင်ကော်မြို့နယ်မှာ ကိုဗစ်လူနာတွေကို Hotel Quarantine အပြင်ဆေးရုံ သူနာပြုသင်တန်းကျောင်း အိမ်တွင်းမှုသင်တန်း ကျောင်း အဆောက်အဦတွေမှာထားရှိကုသပေးနေတယ်လို့သူကပြောပါတယ်။

ကယားပြည်နယ်ဖရူဆိုလွိုင်ကော်မြို့နယ်အတွင်းတိုက်ပွဲအခြေအနေနဲ့ ဖယ်ခုံဗုံးပေါက်ကွဲတဲ့ကိစ္စနဲ့ပက်သက်လို့ သိရှိဖို့ တပ်မတော်ပြောခွင့်ရကိုဆက်သွယ်ခဲ့ ပေမဲ့ မရခဲ့ပါဘူး။

စစ်ကောင်စီကနေ ဩဂုတ်ကနေ အောက်တိုဘာလအထိ အပစ်ခတ်ရပ်စဲမယ်လို့ ကြေညာထားပေမယ့် ကယားပြည်နယ် အတွင်းမှာတော့ မြန်မာစစ်တပ်ကနေအင်အားတိုးချဲ့လာနေသလို ထိုးစစ် ဆင်နေဆဲအခြေအနေကြောင့် တိုက်ပွဲပြင်းထန် လာဦးမယ်လို့(KNDF)ဘက်ကပြောပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေမှာ ရည်ရွယ်ချက်ရှိရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားစေမှုတွေကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းနဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်နေမှုတွေကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်သွားမယ်လို့ KNDF က မနေ့ကရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

...............................................................................................


(Unicode)















KNDF
please wait

No media source currently available

0:00 0:03:57 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG