Zawgyi/Unicode
.........................................................................
Unicode
၂၄ နာရီအတွင်း မြန်မာ ကိုဗစ်ကူးစပ်သေဆုံးမှု
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၁,၈၈၃၆ ခုကို စစ်ဆေးခဲ့တဲ့အထဲက ရောဂါကူးစက်သူ ၁,၇၀၂ ဦး တွေ့ခဲ့ပြီး သေဆုံးသူ ၅၇ ဦး ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတ ကူညီသူတွေကတော့ အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။