သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၄ နာရီအတြင္း ကိုဗစ္ဓာတ္ခဲြအတည္ျပဳ ၁,၇၀၂ ဦး၊ ေသဆံုး ၅၇ ဦး


လွည္းကူးၿမိဳ႕မွာ ကိုဗစ္ကူးစက္ခံရၿပီး ကြယ္လြန္သြားသူကုိ သၿဂႋဳဟ္ႏုိင္ေရး ပို႔ေဆာင္ဖုိ႔ ျပင္ဆင္ေနၾကတဲ့ ေစတနာ့ဝန္ထမ္းမ်ား။ (ဇူလုိင္ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ဒီေန႔ ၂၄ နာရီအတြင္း ကိုဗစ္ေရာဂါပိုး ဓာတ္ခြဲနမူနာ ၁၈,၈၃၆ ဦးကို စစ္ေဆးရာမွာ ပိုးေတြ႔သူ ၁,၇၀၂ ဦး ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ ဒါဟာ ပိုးေတြ႔ရာခိုုင္ႏႈန္းအားျဖင့္ ၉.၃ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ဓာတ္ခဲြအတည္ျပဳမႈ စုစုေပါင္း ၄၄၆,၅၇၃ ဦး ရွိသြားၿပီျဖစ္ပါတယ္။ ေဆး႐ုံဆင္းႏိုင္သူကေတာ့ စုစုေပါင္း ၃၉၈,၂၂၀ ဦး ရွိသြားပါၿပီ။

၂၄ နာရီအတြင္း ကိုဗစ္ေရာဂါပိုးနဲ႔ ေသဆံုးသူကေတာ့ ၅၇ ဦးျဖစ္ၿပီး အခုအခ်ိန္အထိ တႏိုင္ငံလံုးမွာ ကိုဗစ္ေရာဂါပိုးနဲ႔ ေသဆံုးသူ ၁၇,၀၇၃ ဦး ရွိသြားပါၿပီ။ ဒါေပမယ့္လည္း ဓာတ္ခဲြနမူနာ စမ္းသပ္မႈ အကန္႔အသတ္ေတြရွိလို႔ ေရာဂါပိုး ကူးစက္ခံသူနဲ႔ ေသဆံုးအေရအတြက္ဟာ တရားဝင္ကိန္းဂဏန္းထက္ မ်ားႏိုင္တယ္လို႔ က်န္းမာေရး တာဝန္ရွိသူေတြက တြက္ဆထားၾကပါတယ္။

တခ်ိန္တည္းမွာေတာ့ ကိုဗစ္ကာကြယ္ေဆး အႀကိမ္ျပည့္ထိုးႏွံၿပီးသူက ၃.၄၇ သန္းရွိၿပီး တႀကိမ္ထိုးႏွံၿပီးသူ ၂.၀၆ သန္းရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ကိန္းဂဏန္းေတြမွာ ေဖာ္ျပပါတယ္။

-----------------------

(Unicode)

၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁,၇၀၂ ဦး၊ သေဆုံး ၅၇ ဦး

မြန်မာနိုင်ငံမှာ ဒီနေ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါပိုး ဓာတ်ခွဲနမူနာ ၁၈,၈၃၆ ဦးကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၁,၇၀၂ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ ပိုးတွေ့ရာခိုင်နှုန်းအားဖြင့် ၉.၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ် ဓာတ်ခွဲအတည်ပြုမှု စုစုပေါင်း ၄၄၆,၅၇၃ ဦး ရှိသွားပြီဖြစ်ပါတယ်။ ဆေးရုံဆင်းနိုင်သူကတော့ စုစုပေါင်း ၃၉၈,၂၂၀ ဦး ရှိသွားပါပြီ။

၂၄ နာရီအတွင်း ကိုဗစ်ရောဂါပိုးနဲ့ သေဆုံးသူကတော့ ၅၇ ဦးဖြစ်ပြီး အခုအချိန်အထိ တနိုင်ငံလုံးမှာ ကိုဗစ်ရောဂါပိုးနဲ့ သေဆုံးသူ ၁၇,၀၇၃ ဦး ရှိသွားပါပြီ။ ဒါပေမယ့်လည်း ဓာတ်ခွဲနမူနာ စမ်းသပ်မှု အကန့်အသတ်တွေရှိလို့ ရောဂါပိုး ကူးစက်ခံသူနဲ့ သေဆုံးအရေအတွက်ဟာ တရားဝင်ကိန်းဂဏန်းထက် များနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက တွက်ဆထားကြပါတယ်။

တချိန်တည်းမှာတော့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူက ၃.၄၇ သန်းရှိပြီး တကြိမ်ထိုးနှံပြီးသူ ၂.၀၆ သန်းရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်းတွေမှာ ဖော်ပြပါတယ်။

XS
SM
MD
LG