(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါအတြက္ ဓာတ္ခြဲနမူနာေပါင္း ၂၁,၀၃၆ ခုကို စစ္ေဆးခဲ့တဲ့အထဲက ေရာဂါကူးစက္သူ ၁,၉၄၃ ေယာက္ ေတြ႔ခဲ့ၿပီး ေသဆုံးသူ ၇၂ ေယာက္ရွိတယ္လို႔ စစ္ေကာင္စီ က်န္းမာေရးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
က်န္းမာေရးလုပ္သားေတြနဲ႔ ပရဟိတ ကူညီသူေတြကေတာ့ အမွန္တကယ္ ေသဆုံးသူ အေရအတြက္ဟာ တရားဝင္ထုတ္ျပန္တာထက္ ပိုမ်ားႏုိင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။
အသက္ ၆၅ ႏွစ္နဲ႔အထက္ အမ်ားျပည္သူ၊ အစိုးရက်န္းမာေရးဝန္ထမ္းေတြနဲ႔ ပုဂၢလိက က်န္းမာေရးဝန္ထမ္းေတြ အပါအဝင္ ဦးစားေပးအစု ၁၂ ခုကို COVID-19 ေရာဂါကာကြယ္ေဆးေတြ ထိုးေပးေနၿပီး စက္တင္ဘာလ ၁၄ ရက္ေန႔ကစၿပီးေတာ့ ေနာက္ထပ္ တိုးခ်ဲ႕ၿပီးေတာ့ ထိုးေပးေနတယ္လို႔ စစ္ေကာင္စီထုတ္ ဒီကေန႔ သတင္းစာေတြမွာ ေဖာ္ျပထားပါတယ္။
အခု တိုးခ်ဲ႕ထိုးေပးေနတာကေတာ့ အသက္ ၅၅ ႏွစ္နဲ႔အထက္ အမ်ားျပည္သူ၊ မသန္စြမ္းသူ၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းေတြက တပ္ဖြဲ႔ဝင္နဲ႔ မိသားစုေတြ၊ ေရႊ႕ေျပာင္းသူေတြနဲ႔ ယာယီစခန္းေတြက ျပည္သူေတြ၊ နာတာရွည္နဲ႔ မကူးစက္ႏိုင္တဲ့ေရာဂါ ရွိသူေတြ ျဖစ္တယ္လို႔လည္း သတင္းစာမွာ ေရးထားပါတယ္။
ဒါ့အျပင္ အိႏၵိယထုတ္ Covishield ကာကြယ္ေဆးကို အေစာပိုင္းက တႀကိမ္ထိုးထားၿပီးသူေတြ အေနနဲ႔လည္း အခုေတာ့ တ႐ုတ္ထုတ္ Sinopharm ကိုဗစ္ကာကြယ္ေဆးကိုပဲ ႏွစ္ႀကိမ္အျပည့္ထိုးၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။
အေရွ႕ေတာင္အာရွႏိုင္ငံ အေတာ္မ်ားမ်ားဟာ သူတို႔ႏိုင္ငံေတြရဲ႕ လူဦးေရအမ်ားစုကို ကာကြယ္ေဆး ထိုးေပးႏိုင္ဖို႔ ႀကိဳးစားေနၾကရဆဲျဖစ္ၿပီး ခုခ်ိန္ထိဆိုရင္ စင္ကာပူတႏိုင္ငံပဲ လူဦးေရရဲ႕ ၈၀ ရာခုိင္ႏႈန္းေက်ာ္ထိ ကာကြယ္ေဆး ထိုးေပးထားႏုိင္ပါေသးတယ္။
ျမန္မာႏိုင္ငံမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီ အစိုးရ လက္ထက္တုန္းက ကိုဗစ္ကာကြယ္ေဆးရဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားခဲ့ဖူးၿပီး ေဖေဖာ္ဝါရီလ ၁ ရက္မွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း အဲဒီအစီအစဥ္ေတြ အားလုံးနီးပါး ရပ္သြားခဲ့ၿပီးေတာ့ အခုဆိုရင္ တ႐ုတ္ထုတ္ ကာကြယ္ေဆးေတြပဲ ျမန္မာႏိုင္ငံမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ထိုးေပးေနတဲ့ပုံ ရွိပါတယ္။
----------------------
(Unicode)
၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁,၉၄၃ ဦး၊ သေဆုံး ၇၂ ဦး
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၂၁,၀၃၆ ခုကို စစ်ဆေးခဲ့တဲ့အထဲက ရောဂါကူးစက်သူ ၁,၉၄၃ ယောက် တွေ့ခဲ့ပြီး သေဆုံးသူ ၇၂ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတ ကူညီသူတွေကတော့ အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
အသက် ၆၅ နှစ်နဲ့အထက် အများပြည်သူ၊ အစိုးရကျန်းမာရေးဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဦးစားပေးအစု ၁၂ ခုကို COVID-19 ရောဂါကာကွယ်ဆေးတွေ ထိုးပေးနေပြီး စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီးတော့ နောက်ထပ် တိုးချဲ့ပြီးတော့ ထိုးပေးနေတယ်လို့ စစ်ကောင်စီထုတ် ဒီကနေ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အခု တိုးချဲ့ထိုးပေးနေတာကတော့ အသက် ၅၅ နှစ်နဲ့အထက် အများပြည်သူ၊ မသန်စွမ်းသူ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်ဖွဲ့ဝင်နဲ့ မိသားစုတွေ၊ ရွှေ့ပြောင်းသူတွေနဲ့ ယာယီစခန်းတွေက ပြည်သူတွေ၊ နာတာရှည်နဲ့ မကူးစက်နိုင်တဲ့ရောဂါ ရှိသူတွေ ဖြစ်တယ်လို့လည်း သတင်းစာမှာ ရေးထားပါတယ်။
ဒါ့အပြင် အိန္ဒိယထုတ် Covishield ကာကွယ်ဆေးကို အစောပိုင်းက တကြိမ်ထိုးထားပြီးသူတွေ အနေနဲ့လည်း အခုတော့ တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးကိုပဲ နှစ်ကြိမ်အပြည့်ထိုးကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံ အတော်များများဟာ သူတို့နိုင်ငံတွေရဲ့ လူဦးရေအများစုကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ ကြိုးစားနေကြရဆဲဖြစ်ပြီး ခုချိန်ထိဆိုရင် စင်ကာပူတနိုင်ငံပဲ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ထိ ကာကွယ်ဆေး ထိုးပေးထားနိုင်ပါသေးတယ်။
မြန်မာနိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက်တုန်းက ကိုဗစ်ကာကွယ်ဆေးရဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ဖူးပြီး ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အဲဒီအစီအစဉ်တွေ အားလုံးနီးပါး ရပ်သွားခဲ့ပြီးတော့ အခုဆိုရင် တရုတ်ထုတ် ကာကွယ်ဆေးတွေပဲ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးနေတဲ့ပုံ ရှိပါတယ်။