သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၂,၁၈၇ ဦး၊ ေသဆံုးသူ ၇၅ ဦးထပ္တိုး


ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕က ကိုဗစ္လူနာေတြကို ေရေဘးလြတ္ရာ သယ္ယူေပးေနတဲ့ လူသားခ်င္းစာနာမႈ ေစတနာ့၀န္ထမ္းမ်ား ဇူလိုင္ ၂၇၊ ၂၀၂၁

(Zawgyi/Unicode)

ဒီကေန႔ ည ၈ နာရီ က်န္းမာေရးဝန္ႀကီးဌာန ရဲ႕ ထုတ္ျပန္ခ်က္အရ ‌လြန္ခဲ့တဲ့ ၂၄ နာရီ အတြင္း ကိုဗစ္ပိုး စစ္ေဆးနမူနာ ၂၂,၈၀၀ ရွိခဲ့ၿပီး ၂,၁၈၇ ေယာက္မွာ ပိုး ေတြ႕ရွိခဲ့ပါတယ္။ ေသဆံုးသူ ၇၅ ေယာက္ ထပ္တိုးတာေၾကာင့္ ဒီေန႔အထိ ကပ္ေဘးေၾကာင့္ အသက္ဆုံးပါးသူ အစိုးရစာရင္း စုစုေပါင္း ကေတာ့ ၁၆၉၄၄ ေယာက္ ရွိခဲ့ပါၿပီ။

ကိုဗစ္ကပ္ေဘးနဲ႔ပတ္သက္ၿပီး အာဆီယံအဖြဲ႔က ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းကို ေဒၚလာ ၁.၁ သန္းတန္ ေဆးနဲ႔ ေဆးပစၥည္း အကူအညီေတြကို ဗုဒၶဟူးေန႔ က လႊဲေျပာင္း ေပးအပ္ခဲ့တယ္ လို႔ မေလးရွား bernama သတင္းဌာန သတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။
ဩဂုတ္လ ၁၈ ရက္ေန႔ က က်င္းပခဲ့တဲ့ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ ပထမဆုံး အကူအညီအျဖစ္ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕ အာဆီယံ အတြင္းေရးမွဴးမ်ားအဖြဲ႕႐ုံး မွာ လႊဲေျပာင္းေပးအပ္ခဲ့တာပါ။ ခုလို လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးတာဟာ အာဆီယံလုပ္ကိုင္ပုံနည္းလမ္း ျဖစ္ပါတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ Datuk Erywan Yusof က ေျပာပါတယ္။
အကူအညီေတြကို ျမန္မာႏိုင္ငံ ၾကက္ေျခနီ ဖြဲ႕ႀကီး က တာဝန္ယူ ျဖန႔္ျဖဴးမွာပါ။

ဒါေပမဲံဲ့ ေဖေဖာ္ဝါရီလ အာဏာသိမ္းၿပီးတဲ့ေနာက္ ၾကက္ေျခနီအဖြဲ႕ဝင္ေတြအပါအဝင္ လူမႈ ကူညီေစာင့္ေရွာက္သူအမ်ားအျပား အဖမ္းခံေနၾကရပါတယ္။

အာဆီယံရဲ႕ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီကို အဆင့္ ႏွစ္ဆင့္ ခြဲျခားထားၿပီး အေရးေပၚ ပထမ အဆင့္အျဖစ္ ကူညီတာျဖစ္ပါတယ္။ ခု အကူအညီေတြကို အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ထိုင္း၊ တူရကီႏိုင္ငံနဲ႔ စကၤာပူအေျခစိုက္ Temasek Foundation တို႔က ထည့္ဝင္ လွဴဒါန္းခဲ့ၾကပါတယ္။ ပထမအဆင့္ရဲ႕ ေနာက္တသုတ္အျဖစ္ ဘ႐ူႏိုင္း၊ ကေမာၻဒီးယား၊ စကၤာပူနဲ႔ ဗီယက္နမ္တို႔က အကူအညီ ထည့္ဝင္ၾကဦးမွာျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

.............................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ COVID-19 ကူးစက်သူ ၂,၁၈၇ ဦး၊ သေဆုံးသူ ၇၅ ဦးထပ်တိုး

(Unicode)

ဒီကနေ့ ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ ‌လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ကိုဗစ်ပိုး စစ်ဆေးနမူနာ ၂၂,၈၀၀ ရှိခဲ့ပြီး ၂,၁၈၇ ယောက်မှာ ပိုး တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူ ၇၅ ယောက် ထပ်တိုးတာကြောင့် ဒီနေ့အထိ ကပ်ဘေးကြောင့် အသက်ဆုံးပါးသူ အစိုးရစာရင်း စုစုပေါင်း ကတော့ ၁၆၉၄၄ ယောက် ရှိခဲ့ပါပြီ။

ကိုဗစ်ကပ်ဘေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ဒေါ်လာ ၁.၁ သန်းတန် ဆေးနဲ့ ဆေးပစ္စည်း အကူအညီတွေကို ဗုဒ္ဓဟူးနေ့ က လွှဲပြောင်း ပေးအပ်ခဲ့တယ် လို့ မလေးရှား bernama သတင်းဌာန သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့ က ကျင်းပခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပထမဆုံး အကူအညီအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ အာဆီယံ အတွင်းရေးမှူးများအဖွဲ့ရုံး မှာ လွှဲပြောင်းပေးအပ်ခဲ့တာပါ။ ခုလို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးတာဟာ အာဆီယံလုပ်ကိုင်ပုံနည်းလမ်း ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Datuk Erywan Yusof က ပြောပါတယ်။
အကူအညီတွေကို မြန်မာနိုင်ငံ ကြက်ခြေနီ ဖွဲ့ကြီး က တာဝန်ယူ ဖြန့်ဖြူးမှာပါ။

ဒါပေမဲံဲ့ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးတဲ့နောက် ကြက်ခြေနီအဖွဲ့ဝင်တွေအပါအဝင် လူမှု ကူညီစောင့်ရှောက်သူအများအပြား အဖမ်းခံနေကြရပါတယ်။

အာဆီယံရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီကို အဆင့် နှစ်ဆင့် ခွဲခြားထားပြီး အရေးပေါ် ပထမ အဆင့်အဖြစ် ကူညီတာဖြစ်ပါတယ်။ ခု အကူအညီတွေကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီနိုင်ငံနဲ့ စင်္ကာပူအခြေစိုက် Temasek Foundation တို့က ထည့်ဝင် လှူဒါန်းခဲ့ကြပါတယ်။ ပထမအဆင့်ရဲ့ နောက်တသုတ်အဖြစ် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ စင်္ကာပူနဲ့ ဗီယက်နမ်တို့က အကူအညီ ထည့်ဝင်ကြဦးမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG