သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရုံးပိတ်ရက် ကျောင်းပိတ်ရက် နှစ်ပတ်တိုး


ရန်ကုန်မြို့မှာ COVID-19 ရောဂါပိုး စစ်ဆေးခံနေသူတဦး။ (အောက်တိုဘာ ၇၊ ၂၀၂၀။)
ရန်ကုန်မြို့မှာ COVID-19 ရောဂါပိုး စစ်ဆေးခံနေသူတဦး။ (အောက်တိုဘာ ၇၊ ၂၀၂၀။)

(Zawgyi / Unicode)

COVID-19 တတိယလှိုင်းဒဏ် ခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရေဂါပိုးကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ စစ်ကောင်စီက အစိုးရရုံးတွေနဲ့ စာသင်ကျောင်းတွေကို ပိတ်နေတာမှာ စက်တင်ဘာလ ၂၄ ရက်နေ့အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အခုလို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ရက်တိုး သတ်မှတ်လာတာ ဒါပါနဲ့ဆို ၇ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေကိုလည်း အလားတူပဲ စက်တင်ဘာ ၂၄ ရက်နေ့အထိ ပိတ်ပင်ကြောင်း စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီမှာ ထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၂၁,၂၃၀ ခုကို စစ်ဆေးခဲ့တာမှာ ၁,၉၅၃ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ သေဆုံးသူ ၇၉ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၁၆,၅၃၀ ဦး ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ၄ သန်း ဒီကနေ့ ထပ်မံရောက်ရှိလာကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ အခုချိန်ထိ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁၂.၆ သန်း ရောက်ခဲ့ပြီးဖြစ်တာမှာ အဲဒီအထဲက အလုံးရေ ၈.၇ သန်းကို မြန်မာနိုင်ငံက ဝယ်ယူခဲ့တာဖြစ်ပြီး အလုံးရေ ၃.၉ သန်းကိုတော့ တရုတ်နိုင်ငံက လှူဒါန်းတယ်လို့ တရုတ်သံရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးပြီးသူ စုစုပေါင်း ၄,၈၀၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)







XS
SM
MD
LG