သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သပိတ္က်င္းအနီး ျပင္းအား ၆.၃ ငလ်င္လႈပ္ခတ္


သပိတ္က်င္းငလ်င္အခ်က္အလက္မ်ား (ဓာတ္ပံု - ျမန္မာမိုးေလ၀သနဲ ့ဇလဗေဒဦးစီးဌာန)

(Zawgyi/Unicode)

မႏၲေလးတိုင္း၊ သပိတ္က်င္းၿမိဳ႕နားမွာ ဗဟိုျပဳၿပီး ျပင္းအား ၆.၃ အဆင့္ရွိတဲ့ ေျမငလ်င္တခု ဒီကေန႔မြန္းလြဲ ၃ နာရီဝန္းက်င္ေလာက္က လႈပ္ခတ္ခဲ့ပါတယ္။ ငလ်င္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ ရွိမရွိဆိုတာ အတိအက် မသိရေသးဘဲ ေနာက္ဆက္တြဲ ငလ်င္ငယ္ေလးေတြ လႈပ္ႏိုင္တာေၾကာင့္ အဲဒီေဒသပတ္ဝန္းက်င္က လူထုအေနနဲ႔ သတိထားဖို႔ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာေက်ာ္မိုးဦးက ဗြီအိုေအကို ေျပာပါတယ္။ မဆုမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မဆုမြန္။ ။ ဒီေန႔က ငလ်င္လႈပ္သြားတယ္လို႔ေတြ႕ရပါတယ္ဆရာ။ အဲဒါ ငလ်င္အေျခအေန နည္းနည္းေလာက္ေျပာျပေပးပါလားရွင္။ ျမန္မာႏိုင္ငံရဲ႕ ဘယ္ေနရာေတြမွာ အဓိကလႈပ္ခတ္သြားတာလည္းဆိုတာ။
ေဒါက္တာေက်ာ္မိုးဦး။ ။ မေန႔ကေတာ့ ဒီ ငလ်င္ရဲ႕ ဗဟိုခ်က္ေပါ့ေနာ္ သပိတ္က်င္းၿမိဳ႕ရဲ႕ အေရွ႕ေတာင္ဘက္ ငါးမိုင္ခန္႔အကြာမွာ ဗဟိုျပဳၿပီးေတာ့မွာ လႈပ္သြားပါတယ္။ အင္အား အေနနဲ႔ကေတာ့ ရစ္ခ်္တာစေကး ၆.၃ အင္အားျပင္းထန္တဲ့ ငလ်င္တခုျဖစ္ပါတယ္။ လႈပ္သြားတဲ့ အခ်ိန္ကေတာ့ ၃ နာရီ ကိုးမိနစ္ ၂၇ စကၠန္႔ပါ။

မဆုမြန္။ ။ ဘယ္ေနရာေတြမွာ လႈပ္ခတ္ဒဏ္ကို သိသိသာသာ ခံစားလိုက္ရတယ္လို႔ဆရာတို႔သိထားပါလည္းရွင့္။
ေဒါက္တာ ေက်ာ္မိုးဦး။ ။ အဓိက ခံစားရတာကေတာ့ ငလ်င္ဗဟိုခ်က္ျဖစ္တဲ့ သပိတ္က်င္းကေတာ့ ခံစားရမႈျပင္းပါတယ္။ ေနာက္ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္းမွာရွိတဲ့ၿမိဳ႕ေတြ၊ ေနာက္ ေန ျပည္ေတာ္၊ ေနာက္ ရွမ္းျပည္မွာရွိတဲ့ၿမိဳ႕ေတြေပါ့ေနာ္။ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားေတာ့ ခံစားမႈရွိပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ရွင့္။ အဲဒီငလ်င္လုွပ္ခတ္တဲ့ဒဏ္ေၾကာင့္ လူထိခိုက္ဒဏ္ရာရတာ အေဆာက္အဦးေတြပ်က္စီးတာ ဆရာတို႔သိရၿပီလားရွင့္။
ေဒါက္တာ ေက်ာ္မိုးဦး။ ။ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔မသိရေသးဘူးေပါ့။ ဒီဟာေတြက်ေတာ့ ေဘးအႏၲရာယ္စီမံခန္႔ခြဲေရးဦးစီးဌာနဘက္ကေန သြားတယ္ေပါ့ေနာ္။ က်ေနာ္တို႔ကေတာ့ ေျမငလ်င္နဲ႔ပက္သက္လာလွ်င္ သတင္းထုတ္ျပန္ေပးရတယ္။ ဆူနာမီတို႔ဘာတို႔နဲ႔ပက္သက္လာရင္ က်ေနာ္တို႔ ႀကိဳတင္သတိေပးခ်က္ေတြထုတ္ေပးရတယ္။ ပ်က္စီးဆုံးရႈံးမႈပိုင္းက်ေတာ့ ေဘးႏၲရာယ္စီမံခန္႔ခြဲေရးဦးစီးဌာနကေန သြားပါတယ္ခင္ဗ်။

မဆုမြန္။ ။ ဟုတ္ကဲ့ဆရာ။ အဲဒီေတာ့ဆရာ ငလ်င္လႈပ္ခတ္ၿပီးသြားရင္ ေနာက္ဆက္တြဲ ငလ်င္ငယ္ေလးေတြလည္း လႈပ္ေလ့ရွိေတာ့ ဆရာ့အေနနဲ႔ေပါ့ ငလ်င္လႈပ္တဲ့ေဒသမွာရွိတဲ့ လူထုကို ဘာမ်ားအႀကံေပးခ်င္ပါသလဲရွင့္။
ေဒါက္တာ ေက်ာ္မိုးဦး။ ။ အဓိကကေတာ့ ငလ်င္က အင္အားျပင္းငလ်င္တခုျဖစ္တယ္ေပါ့ေနာ္။ ေစာက္ကလည္းတိမ္တဲ့အခါက်ေတာ့ ေနာက္ဆက္တြဲေျမငလ်င္ငယ္ေလးေတြလည္း လႈပ္ႏိုင္တဲ့ အေနအထားရွိတယ္ေပါ့ေနာ္။ လႈပ္ခတ္သြားတဲ့ ေဒသမွာရွိတဲ့ ျပည္သူေတြအေနနဲ႔ေတာ့ အထူးသတိျပဳေနထိုင္ဖို႔လိုပါတယ္။ တခ်ိဳ႕ငလ်င္ႀကီးေတြက်ေတာ့ ေနာက္ဆက္တြဲငလ်င္ငယ္ေတြမလႈပ္ပဲ ေျမငလ်င္ႀကီးတခုထဲတင္ၿပီးသြားတယ္။ ဒါေပမယ့္ မ်ားေသာအားျဖင့္ေတာ့ အခုလိုမ်ိဴးေျမငလ်င္ႀကီးေတြလႈပ္ၿပီးရင္ေတာ့ ေနာက္ဆက္တြဲ ေျမငလ်င္ငယ္ေလးေတြ လႈပ္တတ္တဲ့ အေနအထားမ်ိဴးရွိတယ္။ ဒီဟာမ်ိဴးေတြ သတိျပဳဖို႔လိုတယ္။ အဓိကကေတာ့ မိမိတို႔ေနထိုင္တဲ့အေဆာက္အဦးေတြက ခိုင္ခန္႔ေနတယ္ဆိုရင္ေတာ့ဒါ ျပသနာမရွိဘူး။ အေစာကေျပာသလို ပထမတႀကိမ္လႈပ္လိုက္တဲ့ အခ်ိန္မွာ ထိခိုက္မႈရွိထားတယ္ဆိုရင္ ေဘးကင္းတဲ့ေနရာေတြမွာ သြားေရာက္ေနထိုင္သင့္ပါတယ္။ ဘာ့ေၾကာင့္လည္းဆိုေတာ့ ေနာက္ဆက္တြဲေျမငလ်င္ေလးေတြလႈပ္တဲ့ အခ်ိန္မွာ အေရွ႕ကေလာက္မျပင္းထန္ေပမယ့္လည္း ပထမတႀကိမ္လႈပ္ထားတဲ့ ဒဏ္ေၾကာင့္မို႔လို႔ထုတ္တန္းေတြက်ိဴးက်တာပဲျဖစ္ျဖစ္၊ အိမ္ေတြၿပိဳက်တာမ်ိဴးေတြ ၊ ဒီဟာမ်ိဴးေတြက ေနာက္ဆက္တြဲ ေျမငလ်င္ေတြမွာရွိတတ္တာမို႔လို႔မိမိတို႔ေနထိုင္တဲ့အေဆာက္အဦးေတြ ထိခိုက္မႈမရွိဘူးဆိုရင္ေတာ့ ျပသနာမရွိေပမယ့္၊ ထိခိုက္မႈရွိသြားရင္ေတာ့ ေဘးအႏၲရာယ္ကင္းတဲ့ ေဒသေတြမွာ ဒီရက္ပိုင္းေတြမွာေတာ့ ေခတၱခဏ ေနထိုင္သင့္ပါတယ္။ ဟုတ္ကဲ့။

မဆုမြန္။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ။ ဆရာေျဖေပးတာ ။
ေဒါက္တာ ေက်ာ္မိုးဦး ။ ။ ဟုတ္ကဲ့ပါ။

.........................................................................................

သပိတ်ကျင်းအနီး ပြင်းအား ၆.၃ ငလျင်လှုပ်ခတ်

(Unicode)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နားမှာ ဗဟိုပြုပြီး ပြင်းအား ၆.၃ အဆင့်ရှိတဲ့ မြေငလျင်တခု ဒီကနေ့မွန်းလွဲ ၃ နာရီဝန်းကျင်လောက်က လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ရှိမရှိဆိုတာ အတိအကျ မသိရသေးဘဲ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေ လှုပ်နိုင်တာကြောင့် အဲဒီဒေသပတ်ဝန်းကျင်က လူထုအနေနဲ့ သတိထားဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက ဗွီအိုအေကို ပြောပါတယ်။ မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မဆုမွန်။ ။ ဒီနေ့က ငလျင်လှုပ်သွားတယ်လို့တွေ့ရပါတယ်ဆရာ။ အဲဒါ ငလျင်အခြေအနေ နည်းနည်းလောက်ပြောပြပေးပါလားရှင်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေမှာ အဓိကလှုပ်ခတ်သွားတာလည်းဆိုတာ။
ဒေါက်တာကျော်မိုးဦး။ ။ မနေ့ကတော့ ဒီ ငလျင်ရဲ့ ဗဟိုချက်ပေါ့နော် သပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာမှာ ဗဟိုပြုပြီးတော့မှာ လှုပ်သွားပါတယ်။ အင်အား အနေနဲ့ကတော့ ရစ်ချ်တာစကေး ၆.၃ အင်အားပြင်းထန်တဲ့ ငလျင်တခုဖြစ်ပါတယ်။ လှုပ်သွားတဲ့ အချိန်ကတော့ ၃ နာရီ ကိုးမိနစ် ၂၇ စက္ကန့်ပါ။

မဆုမွန်။ ။ ဘယ်နေရာတွေမှာ လှုပ်ခတ်ဒဏ်ကို သိသိသာသာ ခံစားလိုက်ရတယ်လို့ဆရာတို့သိထားပါလည်းရှင့်။
ဒေါက်တာ ကျော်မိုးဦး။ ။ အဓိက ခံစားရတာကတော့ ငလျင်ဗဟိုချက်ဖြစ်တဲ့ သပိတ်ကျင်းကတော့ ခံစားရမှုပြင်းပါတယ်။ နောက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းမှာရှိတဲ့မြို့တွေ၊ နောက် နေ ပြည်တော်၊ နောက် ရှမ်းပြည်မှာရှိတဲ့မြို့တွေပေါ့နော်။ မြို့တော်တော်များများတော့ ခံစားမှုရှိပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ အဲဒီငလျင်လုှပ်ခတ်တဲ့ဒဏ်ကြောင့် လူထိခိုက်ဒဏ်ရာရတာ အဆောက်အဦးတွေပျက်စီးတာ ဆရာတို့သိရပြီလားရှင့်။
ဒေါက်တာ ကျော်မိုးဦး။ ။ လောလောဆယ်တော့ ကျနော်တို့မသိရသေးဘူးပေါ့။ ဒီဟာတွေကျတော့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနဘက်ကနေ သွားတယ်ပေါ့နော်။ ကျနော်တို့ကတော့ မြေငလျင်နဲ့ပက်သက်လာလျှင် သတင်းထုတ်ပြန်ပေးရတယ်။ ဆူနာမီတို့ဘာတို့နဲ့ပက်သက်လာရင် ကျနော်တို့ ကြိုတင်သတိပေးချက်တွေထုတ်ပေးရတယ်။ ပျက်စီးဆုံးရှုံးမှုပိုင်းကျတော့ ဘေးန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနကနေ သွားပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ဆရာ။ အဲဒီတော့ဆရာ ငလျင်လှုပ်ခတ်ပြီးသွားရင် နောက်ဆက်တွဲ ငလျင်ငယ်လေးတွေလည်း လှုပ်လေ့ရှိတော့ ဆရာ့အနေနဲ့ပေါ့ ငလျင်လှုပ်တဲ့ဒေသမှာရှိတဲ့ လူထုကို ဘာများအကြံပေးချင်ပါသလဲရှင့်။
ဒေါက်တာ ကျော်မိုးဦး။ ။ အဓိကကတော့ ငလျင်က အင်အားပြင်းငလျင်တခုဖြစ်တယ်ပေါ့နော်။ စောက်ကလည်းတိမ်တဲ့အခါကျတော့ နောက်ဆက်တွဲမြေငလျင်ငယ်လေးတွေလည်း လှုပ်နိုင်တဲ့ အနေအထားရှိတယ်ပေါ့နော်။ လှုပ်ခတ်သွားတဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့တော့ အထူးသတိပြုနေထိုင်ဖို့လိုပါတယ်။ တချို့ငလျင်ကြီးတွေကျတော့ နောက်ဆက်တွဲငလျင်ငယ်တွေမလှုပ်ပဲ မြေငလျင်ကြီးတခုထဲတင်ပြီးသွားတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ အခုလိုမျိူးမြေငလျင်ကြီးတွေလှုပ်ပြီးရင်တော့ နောက်ဆက်တွဲ မြေငလျင်ငယ်လေးတွေ လှုပ်တတ်တဲ့ အနေအထားမျိူးရှိတယ်။ ဒီဟာမျိူးတွေ သတိပြုဖို့လိုတယ်။ အဓိကကတော့ မိမိတို့နေထိုင်တဲ့အဆောက်အဦးတွေက ခိုင်ခန့်နေတယ်ဆိုရင်တော့ဒါ ပြသနာမရှိဘူး။ အစောကပြောသလို ပထမတကြိမ်လှုပ်လိုက်တဲ့ အချိန်မှာ ထိခိုက်မှုရှိထားတယ်ဆိုရင် ဘေးကင်းတဲ့နေရာတွေမှာ သွားရောက်နေထိုင်သင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ နောက်ဆက်တွဲမြေငလျင်လေးတွေလှုပ်တဲ့ အချိန်မှာ အရှေ့ကလောက်မပြင်းထန်ပေမယ့်လည်း ပထမတကြိမ်လှုပ်ထားတဲ့ ဒဏ်ကြောင့်မို့လို့ထုတ်တန်းတွေကျိူးကျတာပဲဖြစ်ဖြစ်၊ အိမ်တွေပြိုကျတာမျိူးတွေ ၊ ဒီဟာမျိူးတွေက နောက်ဆက်တွဲ မြေငလျင်တွေမှာရှိတတ်တာမို့လို့မိမိတို့နေထိုင်တဲ့အဆောက်အဦးတွေ ထိခိုက်မှုမရှိဘူးဆိုရင်တော့ ပြသနာမရှိပေမယ့်၊ ထိခိုက်မှုရှိသွားရင်တော့ ဘေးအန္တရာယ်ကင်းတဲ့ ဒေသတွေမှာ ဒီရက်ပိုင်းတွေမှာတော့ ခေတ္တခဏ နေထိုင်သင့်ပါတယ်။ ဟုတ်ကဲ့။

မဆုမွန်။ ။ ကျေးဇူးအများကြီးတင်ပါတယ် ။ ဆရာဖြေပေးတာ ။
ဒေါက်တာ ကျော်မိုးဦး ။ ။ ဟုတ်ကဲ့ပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG