သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာဖမ်းဆီးခံရသူ DVB သတင်းသမားငါးဦး တတိယနိုင်ငံကိုထွက်ခွာ


စစ်အာဏာသိမ်းယူပြီးနောက် ပိတ်သိမ်းခြင်းခံလိုက်ရတဲ့ မြန်မာပြည်တွင်း မီဒီယာများ (ဓာတ်ပုံ- VOA)
စစ်အာဏာသိမ်းယူပြီးနောက် ပိတ်သိမ်းခြင်းခံလိုက်ရတဲ့ မြန်မာပြည်တွင်း မီဒီယာများ (ဓာတ်ပုံ- VOA)

(Zawgyi/Unicode)
ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) က သတင်းထောက်တွေ အခြားနိုင်ငံတခုဆီကို ထွက်ခွာသွားပြီလို့ DVB က ပြောပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ DVB သတင်းထောက်တွေ မေလ၉ ရက်နေ့က ချင်းမိုင်မြို့မှာ အဖမ်းခံခဲ့ရတာပါ။ သူတို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ ထိုင်းတရားရုံးတခုကထောင်ဒဏ် ၇ လ ဆိုင်းငံ့ပြစ်ဒဏ်ချခဲ့ပါတယ်။ သတင်းထောက်တွေကိုနေရပ်ပြန်မပို့နိုင်တာကြောင့် တတိယနိုင်ငံတခုက သူတို့ကို နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်တာဖြစ်တယ်လို့ DVB ကြေညာချက်မှာ ဖော်ပြပါတယ်။ လုံခြုံရေးအခြေအနေကြောင့်ဆိုပြီး သူတို့ိကိုလက်ခံကြိုဆိုခဲ့တဲ့နိုင်ငံကိုတော့ ဖော်ပြမထားပါဘူး။

အခြေအနေတွေတည်ငြိမ်သွားတာနဲ့ အသေးစိတ်သတင်းထုတ်ပြန်မယ်လို့တော့ ပြောထားပါတယ်။ DVB သတင်းထောက်တွေ ခုလို လုံခြုံဘေးကင်းစွာ ထွက်ခွါသွားနိုင်အောင် ဝိုင်းဝန်းကူညီခဲ့ကြတဲ့ ထိုင်းနဲ့ကမ္ဘာတဝှမ်းက လူပုဂ္ဂိုလ်တွေကို အထူးကျေးဇူးတင်ပါတယ်လို့ DVB အမှုဆောင်အရာရှိချုပ်လည်းဖြစ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးအေးချမ်းနိုင်က ကြေငြာချက်မှာ ရေးထားပါတယ်။ DVB သတင်းဌာနအပါအဝင် သတင်းဌာန ၈ခုကို စစ်တပ်ကအဏာသိမ်းပြီးနောက် လုပ်ငန်းလိုင်စင်တွေရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက် DVB သတင်းဌာနဟာ တိုင်းရင်းသားနယ်မြေနဲ့ အခြားနိုင်ငံတွေကနေ တဆင့် သတင်းတွေ ဆက်ပြီးထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။

.........................................................................


(Unicode)


XS
SM
MD
LG