သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ပြောဆို


မော်စကိုမှာ ပြုလုပ်တဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် စကားပြောစဉ် (ဓာတ်ပုံ - AFP)
မော်စကိုမှာ ပြုလုပ်တဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် စကားပြောစဉ် (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

နိုင်ငံတချို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကြောင်းပြပြီး တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံမှာ မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့ ဇွန်လ ၂၃ ရက်နေ့မှာ ပြောဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှုပိတ်ပင်ရေး တောင်းဆိုနေကြပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတချို့က အရေးယူဒဏ်ခတ်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တုံ့ပြန်ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူထားတာနဲ့ ပတ်သက်လို့လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အစိုးရက မဲမသမာမှုတွေနဲ့ မရိုးမသား လုပ်ဆောင်ခဲ့တာကြောင့် ဒီမိုကရေစီစနစ် ရိုးသားမှု ပြန်ဖြစ်လာအောင် လုပ်ဆောင်ရတာဖြစ်တယ်ဆိုပြီး ဒီ လုံခြုံရေးညီလာခံမှာ ခုခံကာကွယ်ပြောဆိုသွားပါတယ်။

နိုင်ငံတကာ အကဲခတ်တွေကတော့ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တင်းမာမှုတွေ တိုးလာနေတာဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ ရုရှားနိုင်ငံအတွက် အခွင့်အရေး ပိုပြီးရသွားစေတယ်လို့ ရှုမြင်တဲ့အကြောင်း ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။ မြန်မာစစ်တပ်ကလည်း စစ်လက်နက် အင်အားတောင့်တင်းအောင် တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ အချိန်ဖြစ်တာကြောင့် ရုရှားအတွက် အကျိုးအမြတ်ရနိုင်တဲ့ အရောင်းအဝယ် အခွင့်အလမ်းတွေ ပိုရသွားစေတယ်ဆိုပြီး မော်စကိုတက္ကသိုလ် အာရှနဲ့ အာဖရိကနိုင်ငံများဆိုင်ရာဌာန တွဲဘက်ပါမောက္ခ Alexey Kirichenko က သုံးသပ် ပြောဆိုတာပါ။

ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကလည်း မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှု ပိုမို ခိုင်မာအားကောင်းအောင် လုပ်သွားဖို့ စိတ်ပိုင်းဖြတ်ထား တယ်ဆိုတာကို အဂါၤနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုထားပါတယ်။

.......................................................................................


(Unicode)






XS
SM
MD
LG