သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုပ္သိမ္းမယ့္ေရနံကုမၸဏီေတြေနရာ မိတ္ဖက္ႏိုင္ငံေတြနဲ႔ဆက္လုပ္မည္လို႔ စစ္ေကာင္စီေျပာ


ျမန္မာျပည္က ရုပ္သိမ္းမယ္လို ့ေၾကညာထားတဲ့ Total နဲ ့Chevron ေရနံကုမၸဏီနွစ္ခု (ဓာတ္ပံု - REUTERS)

အေမရိကန္အေျခစိုက္ Chevron နဲ႔ ျပင္သစ္အေျခစိုက္ Total တို႔ ဓာတ္ေငြ႕အထြက္နည္းလာတာေၾကာင့္ ျမန္မာႏိုင္ငံက ထြက္ခြာသြားေပမယ္လို႔ ဆက္လက္လည္ပတ္ႏိုင္ေအာင္ မိတ္ဖက္ႏိုင္ငံေတြနဲ႔ မိတ္ဖက္ အဖြဲ႕အစည္းေတြဆီက နည္းပညာနဲ႔ အကူအညီေတြ ရယူသြားမယ္လို႔ ျမန္မာစစ္ေကာင္စီဘက္က ေျပာပါတယ္။

Chevron နဲ႔ Total ကုမၸဏီ ျမန္မာႏိုင္ငံထဲက ထြက္ခြာသြားတာဟာ ႏိုင္ငံေရးစနက္အရ ဖိအားေပးမႈေတြ ပါႏိုင္ေပမယ့္ အဓိကေတာ့ ဓါတ္ေငြ႕ေတြ အထြက္နည္းလာခ်ိန္မွာ စီးပြားေရးအရ ဆုံးျဖတ္သြားတာျဖစ္တယ္ဆိုၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို ေျပာပါတယ္။

“လုပ္ငန္းခြင္ကေတာ့ ထိခိုက္စရာမရွိဘူး၊ သို႔ေသာ္ အဲဒီလိုထြက္သြားတဲ့အတြက္ အေျပာင္းအလဲေတြေတာ့လုပ္ရမွာေပါ့၊ က်ေနာ္တို႔အေနနဲ႔ကေတာ့ ေဆာင္႐ြက္ႏိုင္တဲ့နည္းလမ္းေတြ၊ ပူးေပါင္းေဆာင္႐ြက္ႏိုင္တဲ့ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ဆက္လက္ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။ … ဒါကေတာ့ က်ေနာ္တို႔လည္ပတ္လို႔ရပါတယ္။ က်ေနာ္တို႔ခ်ည္းပဲလည္ပတ္လို႔လည္း ရေကာင္းရႏိုင္တယ္၊ လည္ပတ္လို႔မရဘူး.. နည္းပညာအကူအညီလိုတယ္ဆိုရင္လည္း ကူညီႏိုင္မယ့္ မိတ္ဖက္ႏိုင္ငံမ်ားနဲ႔ အဖြဲ႕အစည္းမ်ားရွိတယ္လို႔ပဲ ေျပာခ်င္ပါတယ္ဗ်ာ”

စစ္တပ္က အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးအေျခအေနေတြ ဆိုး႐ြားက်ဆင္းလာေနတာေၾကာင့္ ျမန္မာႏိုင္ငံထဲက စီးပြားေရးလုပ္ငန္းေတြကို ျပန္႐ုပ္သိမ္းမယ့္အေၾကာင္း ျပင္သစ္ စြမ္းအင္ကုမၸဏီ TOTAL နဲ႔ အေမရိကန္ စြမ္းအင္ကုမၸဏီ Chevron တို႔က ဇန္နဝါရီ(၂၁) ေသာၾကာေန႔က အသီးသီး ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

TOTAL နဲ႔ Chevron ကုမၸဏီေတြ ျမန္မာႏိုင္ငံကလုပ္ငန္း ျပန္႐ုပ္သိမ္းသြားေပမယ့္ ထိုင္းႏိုင္ငံက PTTEP ၊ ေတာင္ကိုရီးယား POSCO ၊ အိႏၵိယ ONGC ၊ ဂ်ပန္ Nippon Oil ကုမၸဏီနဲ႔ တ႐ုတ္ႏိုင္ငံပိုင္ CNPC ကုမၸဏီအသီးသီး ျမန္မာ့ စြမ္းအင္ထုတ္လုပ္မႈက႑မွာ ဆက္ရွိေနေသးတာပါ။

စီးပြားေရးပညာရွင္ေတြကေတာ့ ႏိုင္ငံတကာ စြမ္းအင္ကုမၸဏီႀကီးေတြ ျဖစ္ၾကတဲ့ အေမရိကန္အေျခစိုက္ Chevron နဲ႔ ျပင္သစ္အေျခစိုက္ Total တို႔ ျမန္မာႏိုင္ငံကေန ထြက္ခြာဖို႔ ေၾကညာလိုက္တာေၾကာင့္ ေနာက္ဆက္တြဲ ျမန္မာ့စီးပြားေရးအေပၚ ႐ိုက္ခတ္မႈေတြ ႀကီးမားႏိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ ျမန္မာစစ္ေကာင္စီအေပၚ ဖိအားေပးဖို႔ ရည္႐ြယ္တဲ့ လုပ္ရပ္ျဖစ္ေပမဲ့ လက္ေတြ႕ထိေရာက္မႈ ရွိဖို႔ဆိုရင္ ဥေရာပသမဂၢ (EU) နဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔က ပိတ္ဆို႔ဒဏ္ခတ္မႈေတြ တညီတၫြတ္တည္း ခ်မွတ္ဖို႔ လိုတယ္လို႔လည္း အကဲခတ္တခ်ိဳ႕က ေထာက္ျပၿပီး သတိထားႀကိဳဆိုေနၾကပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ရုပ်သိမ်းမယ့်ရေနံကုမ္ပဏီတွေနေရာ မိတ်ဖက်နိုင်ငံတွေနဲ့ဆက်လုပ်မည်လို့ စစ်ကောင်စီပြော

(Unicode)

အမေရိကန်အခြေစိုက် Chevron နဲ့ ပြင်သစ်အခြေစိုက် Total တို့ ဓာတ်ငွေ့အထွက်နည်းလာတာကြောင့် မြန်မာနိုင်ငံက ထွက်ခွာသွားပေမယ်လို့ ဆက်လက်လည်ပတ်နိုင်အောင် မိတ်ဖက်နိုင်ငံတွေနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဆီက နည်းပညာနဲ့ အကူအညီတွေ ရယူသွားမယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြောပါတယ်။

Chevron နဲ့ Total ကုမ္ပဏီ မြန်မာနိုင်ငံထဲက ထွက်ခွာသွားတာဟာ နိုင်ငံရေးစနက်အရ ဖိအားပေးမှုတွေ ပါနိုင်ပေမယ့် အဓိကတော့ ဓါတ်ငွေ့တွေ အထွက်နည်းလာချိန်မှာ စီးပွားရေးအရ ဆုံးဖြတ်သွားတာဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။

“လုပ်ငန်းခွင်ကတော့ ထိခိုက်စရာမရှိဘူး၊ သို့သော် အဲဒီလိုထွက်သွားတဲ့အတွက် အပြောင်းအလဲတွေတော့လုပ်ရမှာပေါ့၊ ကျနော်တို့အနေနဲ့ကတော့ ဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေ၊ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ … ဒါကတော့ ကျနော်တို့လည်ပတ်လို့ရပါတယ်။ ကျနော်တို့ချည်းပဲလည်ပတ်လို့လည်း ရကောင်းရနိုင်တယ်၊ လည်ပတ်လို့မရဘူး.. နည်းပညာအကူအညီလိုတယ်ဆိုရင်လည်း ကူညီနိုင်မယ့် မိတ်ဖက်နိုင်ငံများနဲ့ အဖွဲ့အစည်းများရှိတယ်လို့ပဲ ပြောချင်ပါတယ်ဗျာ”

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားကျဆင်းလာနေတာကြောင့် မြန်မာနိုင်ငံထဲက စီးပွားရေးလုပ်ငန်းတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ဇန်နဝါရီ(၂၁) သောကြာနေ့က အသီးသီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

TOTAL နဲ့ Chevron ကုမ္ပဏီတွေ မြန်မာနိုင်ငံကလုပ်ငန်း ပြန်ရုပ်သိမ်းသွားပေမယ့် ထိုင်းနိုင်ငံက PTTEP ၊ တောင်ကိုရီးယား POSCO ၊ အိန္ဒိယ ONGC ၊ ဂျပန် Nippon Oil ကုမ္ပဏီနဲ့ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီအသီးသီး မြန်မာ့ စွမ်းအင်ထုတ်လုပ်မှုကဏ္ဍမှာ ဆက်ရှိနေသေးတာပါ။

စီးပွားရေးပညာရှင်တွေကတော့ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ အမေရိကန်အခြေစိုက် Chevron နဲ့ ပြင်သစ်အခြေစိုက် Total တို့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြေညာလိုက်တာကြောင့် နောက်ဆက်တွဲ မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေ ကြီးမားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်ဖြစ်ပေမဲ့ လက်တွေ့ထိရောက်မှု ရှိဖို့ဆိုရင် ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန် ပြည်ထောင်စုတို့က ပိတ်ဆို့ဒဏ်ခတ်မှုတွေ တညီတညွတ်တည်း ချမှတ်ဖို့ လိုတယ်လို့လည်း အကဲခတ်တချို့က ထောက်ပြပြီး သတိထားကြိုဆိုနေကြပါတယ်။

XS
SM
MD
LG