သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာနိုင်ငံကြက်ခြေနီအသင်း အကူအညီတိုးမြှင့်လုပ်ဆောင်


မောင်တော ပဋိပက္ခအတွင်း မြန်မာကြက်ခြေနီအဖွဲ့များက အဖွားအိုတဦးအား ကယ်ထုတ်လာစဉ် (ဓာတ်ပုံ- AP)
မောင်တော ပဋိပက္ခအတွင်း မြန်မာကြက်ခြေနီအဖွဲ့များက အဖွားအိုတဦးအား ကယ်ထုတ်လာစဉ် (ဓာတ်ပုံ- AP)

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာနဲ့အမ ျှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ လူသိန်းပေါင်းများစွာကို အကူအညီပေးတာတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဒီကနေ့ပြောတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

"လူအများအပြားဟာ ဝင်ငွေရဖို့ ရုန်းကန်နေကြရပြီး ကျန်းမာရေး စောင့်ရှောက်မှုလို အခြေခံ ဝန်ဆောင်မှုတွေ မရသလောက်ဖြစ်နေပါတယ်" လို့ ကြက်ခြေနီအသင်းရဲ့ အတွင်းရေးမှူးချုပ် ဦးထင်ဇော်စိုးက ထုတ်ပြန်ချက်တခုမှာ ပြောထားတာကို ရိုက်တာသတင်းမှာ ကိုးကားဖော်ပြထားပါတယ်။ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်း (IFRC) ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံတဝန်းက လူပေါင်း ၂၃၆,၀၀၀ အတွက် အထောက်အပံ့တွေ တိုးမြှင့်ပေးအပ်သွားမယ်လို့ ကြက်ခြေနီအသင်းက ပြောပါတယ်။ အဲဒီအထောက်အပံ့တွေထဲမှာ စားသောက်ကုန်နဲ့ ငွေကြေးအကူအညီလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကတည်းက နိုင်ငံလူဦးရေ ၅၃ သန်းဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပါ။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်လို ဆက်ရှိနေပြီး တိုင်းပြည်စီးပွားရေးဟာ ခုချိန်ထိ ကောင်းကောင်း ပြန်ပြီးလည်ပတ်နိုင်တဲ့ အခြေအနေကို မရောက်သေးပါဘူး။

..................................................................


(Unicode)



XS
SM
MD
LG