သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး နိုင်ငံရေးအရရှင်းဖို့လိုအပ်ဟု ICRC ရှုမြင်


 ရိုဟင်ဂျာ ဒုက္ခသည်စခန်း
ရိုဟင်ဂျာ ဒုက္ခသည်စခန်း

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ပြသနာက လူသားချင်းစာနာထောက်ထားမှု အကူအညီ တခုတည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အားလုံး ပါဝင်တဲ့ နိုင်ငံရေးအရ ဖြေရှင်းချက်တွေ လိုအပ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC အကြီးအကဲက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်၊ နောက် ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တဲ့ ICRC ဥက္ကဌ Peter Maurer က ဒီကနေ့ ဒါကာမြို့တော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ပြန်လည်ရင်ကြားစေ့ရေး ရေရှည် လုပ်ငန်းစဉ်ကြီးပါ။ ပြန်လည်ရင်ကြားစေ့ရေးမှာ လူသားချင်းစာနာထောက်ကူမှု လုပ်ငန်းတွေက ဦးဆောင် တာဝန်ယူဖို့ မဖြစ်နိုင်ပါဘူး။ အဓိပ္ပါယ်ပြည့်ဝတဲ့ ၊ နိုင်ငံရေး အရ တာဝန်ယူမယ့် ခေါင်းဆောင်မှု လိုပါတယ်။ လူမှုအသိုင်းအဝိုင်းတွေကြား ပြန်လည် သင့်မြတ်ရေး အတွက် ဆောင်ရွက်ဖို့ ၊ အခိုင်အမာ ပိုင်းဖြတ်လုပ်ကိုင်ဖို့ မြန်မာ အစိုးရ အဖွဲ့မှာ နိုင်ငံရေး အရ တာဝန်ယူရမယ့် ကိစ္စလို့ ယူဆကြောင်း ICRC အကြီးအကဲက ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည် အရေးလို ပဋိပက္ခကြီးကို ကူညီထောက်ပံ့ရေးက ဘယ်တော့မှ ပြည့်စုံမှု ရှိမှာ မဟုတ်ကြောင်းနဲ့ အကူအညီတွေ ပိုတိုးဖို့လည်း သူ့အနေနဲ့ ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း ICRC ဥက္ကဌ Peter Maurer က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ဒုက္ခသည်တွေ ဌာနေပြန်ရေး မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်ကြား သဘောတူထားပေမယ့် လုပ်ငန်းတွေ မစနိုင်သေးပါဘူး။ မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို နိုင်ငံသား ဖြစ်ရေးကိစ္စကိုလည်း နိုင်ငံသား ဥပဒေ အရသာ ဆောင်ရွက်ရမယ်လို့ ယတိပြတ် ပြောဆိုထားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေး နိုင်ငံရေးအရရှင်းဖို့လိုအပ်ဟု ICRC ရှုမြင်
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG