သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရဲတပ္ဖဲြ႔ဝင္မ်ား ၾကက္ေျခနီတံဆိပ္ အမွတ္အသား ဝတ္ဆင္မႈ MRC ကန္႔ကြက္


ျမန္မာႏုိင္ငံ ၾကက္ေျခနီတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ဓာတ္ပုံ - ျမန္မာႏုိင္ငံၾကက္ေျခနီအသင္း)

(Zawgyi / Unicode)

ေရြးေကာက္ပြဲေကာ္မရွင္႐ုံး လံုၿခံဳေရးတာဝန္ယူထားတဲ့ ရဲတပ္ဖြဲ႔ဝင္တခ်ိဳ႕ ၾကက္ေျခနီတံဆိပ္ အမွတ္အသားကို ဝတ္ဆင္ထားတဲ့အေပၚ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြ ျဖစ္ေပၚလာမွာကို စိုးရိမ္ေၾကာင္း ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္းက သေဘာထား ထုတ္ျပန္လုိက္ပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၁၁ ရက္ေန႔က ေနျပည္ေတာ္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္႐ုံးေရွ႕ လံုၿခံဳေရးေစာင့္ၾကပ္ တာဝန္ယူေနတဲ့ ရဲတပ္ဖြဲ႔ဝင္ေတြအနက္က ရဲတပ္ဖြဲ႔ဝင္တခ်ိဳ႕ ၾကက္ေျခနီအမွတ္အသားပါ အေပၚဝတ္႐ုံျဖဴကို ဝတ္ဆင္ထားတဲ့အေပၚ ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္း (Myanmar Red Cross) ဘက္က ၾကက္ေျခနီအသင္းေတြနဲ႔ ေဆးဘက္ဆုိင္ရာ တပ္ဖြဲ႔ေတြမ်ားအပ အထူးသျဖင့္ လံုၿခံဳေရးပိုင္းဆုိင္ရာ လုပ္ငန္းမ်ားမွာ ၾကက္ေျခနီအမွတ္အသားကို အသံုးျပဳခြင့္ မရွိဘူးလို႔ ကန္႔ကြက္ခဲ့တာပါ။

ၾကက္ေျခနီအမွတ္တံဆိပ္ကို လြဲမွားစြာ အသံုးမျပဳဖို႔နဲ႔ အသံုးျပဳခဲ့ရင္ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြ ျဖစ္ပြားႏုိင္ေျခ ရွိတာေၾကာင့္ အခုလိုမ်ိဳး ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္းအေနနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ရတာ ျဖစ္တယ္လို႔ ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္း အေထြေထြအတြင္းေရးမွဴး ပါေမာကၡ ေဒါက္တာထင္ေဇာ္စိုးက ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

"ထုတ္ျပန္ရတဲ့ အေၾကာင္းရင္းကေတာ့ က်ေနာ္တို႔ရဲ႕ ၾကက္ေျခနီအမွတ္အသားက ဒီ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ၊ ေနာက္ က်ေနာ္တို႔ အျပည္ျပည္ဆုိင္ရာ ၾကက္ေျခနီနဲ႔ လျခမ္းနီ ဖက္ဒေရးရွင္း၊ ေနာက္ ႏုိင္ငံတကာ ၾကက္ေျခနီအသင္းနဲ႔ ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္း စသျဖင့္ေပါ့ေနာ္ က်ေနာ္တို႔ရဲ႕ ဒီေဆးဝန္ထမ္းတပ္ဖြဲ႔တို႔ကလြဲလို႔ မည္သူမွ် သံုးစြဲခြင့္မရွိပါဘူး။ က်ေနာ္တို႔ရဲ႕ ဂ်ီနီဗာ သေဘာတူညီခ်က္အရ စည္းကမ္းေတြရွိပါတယ္။ အဲ့ၾကားထဲမွာမွ ရဲတပ္ဖြဲ႔ဝင္ေတြက ဒီအမွတ္အသားကို ဝတ္ဆင္တဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ဘက္က မသင့္ေတာ္ပါဘူးေပါ့ေနာ္။ ေနာက္ အမ်ားျပည္သူဘက္က အျမင္မွားႏိုင္တဲ့အတြက္ က်ေနာ္တိ္ု႔က ရဲတပ္ဖြဲ႔ကို ေမတၱာရပ္ခံ ညႇိနိႈင္းၿပီးေတာ့ ဒီလိုအျပဳအမူမ်ဳိး မလုပ္ဖို႔အတြက္ကို က်ေနာ္တို႔က ေမတၱာရပ္ခံျခင္း ျဖစ္ပါတယ္။ ၁၃ ရက္ေန႔ကေတာ့ ရဲခ်ဳပ္ကိုလိပ္မူၿပီး က်ေနာ္တို႔ သြားပို႔လိုက္ပါတယ္။ ေနာက္ဆံုးအေျခအေနကေတာ့ ဘာမွ သူတို႔ဘက္က တုံ႔ျပန္မႈ မရွိေသးပါဘူး။"

ျမန္မာႏုိင္ငံဟာ ဂ်ီနီဗာသေဘာတူခ်က္ေတြကို ၁၉၉၂ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္ေန႔က လက္မွတ္ေရးထိုး အတည္ျပဳထားတဲ့ စာခ်ဳပ္အဖြဲ႔ဝင္ႏိုင္ငံ တႏိုင္ငံ ျဖစ္သည္နဲ႔အညီ စာခ်ဳပ္ပါ အခ်က္ေတြထဲက ၾကက္ေျခနီအမွတ္အသားကို အကာအကြယ္ေပးႏိုင္ေရး ႏိုင္ငံတြင္းမွာ ၾကက္ေျခနီအမွတ္အသား အသံုးျပဳျခင္းဆိုင္ရာ ဥပေဒ ျပ႒ာန္းႏိုင္ဖို႔အတြက္ကိုလည္း ႀကိဳးပမ္းေဆာင္ရြက္ေနပါတယ္လို႔ ပါေမာကၡ ေဒါက္တာထင္ေဇာ္စိုးက ေျပာျပပါတယ္။

"ဟုတ္ကဲ့ ဒါနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔က ၾကက္ေျခနီ အမွတ္အသား အသံုးျပဳျခင္းဆိုင္ရာ ဥပေဒကို ျပ႒ာန္းဖို႔ရွိပါတယ္။ ဒါကိုလည္း က်ေနာ္တို႔က ၂၀၂၀ ျပည့္ႏွစ္ ဒီႏွစ္ေပါ့ေနာ္ မတ္လမွာ အမ်ိဳးသားလႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၁၉၃ အရ ျပည္သူ႔လႊတ္ေတာ္ကို က်ေနာ္တို႔ လိပ္မူၿပီး ပို႔ထားပါတယ္ခင္ဗ်။ မၾကာခင္ ဒါကို အသက္ဝင္ႏုိင္ေအာင္ အတည္ျပဳျပ႒ာန္းႏုိင္ေအာင္ က်ေနာ္တို႔ လုပ္ေနပါတယ္။ အဲ့က်ရင္ ဒီဥပေဒက ႏိုင္ငံေတာ္မွာ ျပ႒ာန္းဥပေဒတရပ္ ျဖစ္လာမွာျဖစ္ပါတယ္။ အဲ့က်ရင္ ျပည္သူအေပါင္းက ဒီ ၾကက္ေျခနီအမွတ္သားနဲ႔ ပတ္သက္ၿပီး တိတိက်က် သေဘာေပါက္ နားလည္လာၾကမယ္ဆိုရင္ ဒီအမွတ္အသားအေပၚ Misuse တလြဲသံုးတာေတြ မျဖစ္လာႏုိင္ေတာ့ပါဘူး။"

လံုၿခံဳေရးရဲတပ္ဖြဲ႔ဝင္ေတြအေနနဲ႔ လံုၿခံဳေရးအတြက္သက္သက္သာ မဟုတ္ဘဲ အေရးေပၚ ေဆးဝါးကုသမႈနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြ အေရးတႀကီး လိုအပ္လာရင္ ကူညီေပးႏိုင္ေရးအတြက္ ဒီလို ၾကက္ေျခနီအမွတ္အသားကို ဝတ္ဆင္ထားတာ ျဖစ္ႏုိင္တယ္လို႔ ရဲမွဴးေဟာင္း ဦးတင္ဝင္းက သံုးသပ္ပါတယ္။

"က်ေနာ္တို႔ ပံုမွန္ရဲလုပ္ငန္းမွာေတာ့ ၾကက္ေျခနီဝတ္စံု မပါပါဘူး။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ဘယ္လိုျဖစ္လာလဲ ဆိုတဲ့အခါက်ေတာ့ မႈခင္းေတြ ျဖစ္ပြားလာတဲ့အခါမွာ ဒဏ္ရာရတဲ့ျပည္သူေတြ ေနာက္ ဒဏ္ရာရတဲ့ တပ္ဖြဲ႔ဝင္ေတြကို ကူညီဖို႔ဆိုၿပီးေတာ့ လုပ္တာေလးေတြ ရွိတယ္။ ေဆးသင္တန္းေတြ တက္ရတယ္၊ ရဲေတြကေလ။ ရဲေတြဘက္က တပ္မေတာ္ေဆးသင္တန္းေတြမွာ သြားတက္ရတယ္။ အဲ့ စစ္ေျမျပင္ ေဆးသင္တန္းဆင္း ရဲေဘာ္ေတြ ဝတ္တယ္လို႔ က်ေနာ္ထင္တယ္။ အေရးေပၚ ေဆးဝါးကုသမႈေတြ လိုလာရင္ သိသာထင္ရွားေအာင္ ဝတ္တဲ့သေဘာေတာ့ ရွိတယ္။

“အခုေနာက္ပိုင္းမွာ က်ေနာ္တို႔ ရဲတပ္ဖြဲ႔ဝင္ေတြဘက္က ျပည္သူကို ကူညီေပးရတဲ့ အပိုင္းေတြမွာ ေတာ္ေတာ္မ်ားမ်ား ပါလာတာရွိတယ္။ ပါလာတဲ့အခါက်ေတာ့ ျပႆနာေတြ ျဖစ္ပြားလာရင္ ဒဏ္ရာဒဏ္ခ်က္ေတြ ရလာရင္ ကူညီေပးဖို႔ အဓိကရည္ရြယ္ခ်က္နဲ႔ ေဆာင္ရြက္တယ္လို႔ပဲ က်ေနာ္က ယူဆတယ္။ အဲဒီအမွတ္အသားရွိမွလည္း သူတို႔ကူညီေပးတာ ကူညီႏုိင္မွာေပါ့။ ႏို႔မို႔ ဒီအတိုင္းဆို ရဲလည္း အ႐ုိက္ခံရမွာေပါ့။ ဒါေပမယ့္ ညႊန္ၾကားခ်က္ ဘယ္လိုရွိခဲ့တယ္ ဆုိတာေတာ့ တရားဝင္ေျပာဆိုခြင့္ရွိသူက ျပန္ေျဖရွင္းပါလိမ့္မယ္။ က်ေနာ္တို႔ဘက္ကေတာ့ ေနာက္ပိုင္း ရဲတပ္ဖြဲ႔ဘက္က ေျပာင္းလဲလာတဲ့ အေျခအေနေလးကို ေျပာျပေပးတဲ့သေဘာပါခင္ဗ်။"

ၾကက္ေျခနီအမွတ္အသားကို အသံုးျပဳခြင့္ရတဲ့ အဖြဲ႔အစည္းေတြလြဲလို႔ ၾကက္ေျခနိီတံဆိပ္ကို လြဲမွားစြာ အသံုးျပဳၾကမယ္ဆိုရင္ လူသားခ်င္း စာနာေထာက္ထားမႈ ကူညီေပးေရး လုပ္ငန္းေတြကို ေဆာင္ရြက္ေနတဲ့ ၾကက္ေျခနီအဖြဲ႔၊ ၾကက္ေျခနီအလံနဲ႔ ၾကက္ေျခနီအမွတ္တံဆိပ္ပါ အဖြဲ႔ေတြရဲ႕ သြားလာမႈကို ပစ္မွတ္ထား တုိက္ခိုက္ခံရႏုိင္တဲ့ မလိုလားအပ္တဲ့ အေျခအေတြ အက်ိဳးဆက္ေတြ ျဖစ္ပြားလာႏိုင္ေျခေတြ ရွိတဲ့အတြက္ ၾကက္ေျခနီအေျခခံမူ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာအသံုးျပဳဖို႔နဲ႔ ဒီလိုအျပဳအမူမ်ိဳး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ အေနနဲ႔ ထပ္မံမျပဳလုပ္ေစေရး သက္ဆိုင္တဲ့ အဖြဲ႔အစည္းေတြကို လိုအပ္တဲ့ ညႊန္ၾကားခ်က္ေတြ ေပးပါလို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ကို ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္းဘက္ကေတာ့ ေမတၱာရပ္ခံ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ရဲတပ်ဖွဲ့ဝင်များ ကြက်ခြေနီတံဆိပ် အမှတ်အသား ဝတ်ဆင်မှု MRC ကန့်ကွက်

ရွေးကောက်ပွဲကော်မရှင်ရုံး လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ကြက်ခြေနီတံဆိပ် အမှတ်အသားကို ဝတ်ဆင်ထားတဲ့အပေါ် မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သဘောထား ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့ လုံခြုံရေးစောင့်ကြပ် တာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနက်က ရဲတပ်ဖွဲ့ဝင်တချို့ ကြက်ခြေနီအမှတ်အသားပါ အပေါ်ဝတ်ရုံဖြူကို ဝတ်ဆင်ထားတဲ့အပေါ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (Myanmar Red Cross) ဘက်က ကြက်ခြေနီအသင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့တွေများအပ အထူးသဖြင့် လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ငန်းများမှာ ကြက်ခြေနီအမှတ်အသားကို အသုံးပြုခွင့် မရှိဘူးလို့ ကန့်ကွက်ခဲ့တာပါ။

ကြက်ခြေနီအမှတ်တံဆိပ်ကို လွဲမှားစွာ အသုံးမပြုဖို့နဲ့ အသုံးပြုခဲ့ရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပွားနိုင်ခြေ ရှိတာကြောင့် အခုလိုမျိုး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"ထုတ်ပြန်ရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ရဲ့ ကြက်ခြေနီအမှတ်အသားက ဒီ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ နောက် ကျနော်တို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီ ဖက်ဒရေးရှင်း၊ နောက် နိုင်ငံတကာ ကြက်ခြေနီအသင်းနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း စသဖြင့်ပေါ့နော် ကျနော်တို့ရဲ့ ဒီဆေးဝန်ထမ်းတပ်ဖွဲ့တို့ကလွဲလို့ မည်သူမျှ သုံးစွဲခွင့်မရှိပါဘူး။ ကျနော်တို့ရဲ့ ဂျီနီဗာ သဘောတူညီချက်အရ စည်းကမ်းတွေရှိပါတယ်။ အဲ့ကြားထဲမှာမှ ရဲတပ်ဖွဲ့ဝင်တွေက ဒီအမှတ်အသားကို ဝတ်ဆင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဘက်က မသင့်တော်ပါဘူးပေါ့နော်။ နောက် အများပြည်သူဘက်က အမြင်မှားနိုင်တဲ့အတွက် ကျနော်တို့က ရဲတပ်ဖွဲ့ကို မေတ္တာရပ်ခံ ညှိနှိုင်းပြီးတော့ ဒီလိုအပြုအမူမျိုး မလုပ်ဖို့အတွက်ကို ကျနော်တို့က မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်။ ၁၃ ရက်နေ့ကတော့ ရဲချုပ်ကိုလိပ်မူပြီး ကျနော်တို့ သွားပို့လိုက်ပါတယ်။ နောက်ဆုံးအခြေအနေကတော့ ဘာမှ သူတို့ဘက်က တုံ့ပြန်မှု မရှိသေးပါဘူး။"

မြန်မာနိုင်ငံဟာ ဂျီနီဗာသဘောတူချက်တွေကို ၁၉၉၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်သည်နဲ့အညီ စာချုပ်ပါ အချက်တွေထဲက ကြက်ခြေနီအမှတ်အသားကို အကာအကွယ်ပေးနိုင်ရေး နိုင်ငံတွင်းမှာ ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့အတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ ပါမောက္ခ ဒေါက်တာထင်ဇော်စိုးက ပြောပြပါတယ်။

"ဟုတ်ကဲ့ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းဖို့ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့က ၂၀၂၀ ပြည့်နှစ် ဒီနှစ်ပေါ့နော် မတ်လမှာ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၃ အရ ပြည်သူ့လွှတ်တော်ကို ကျနော်တို့ လိပ်မူပြီး ပို့ထားပါတယ်ခင်ဗျ။ မကြာခင် ဒါကို အသက်ဝင်နိုင်အောင် အတည်ပြုပြဋ္ဌာန်းနိုင်အောင် ကျနော်တို့ လုပ်နေပါတယ်။ အဲ့ကျရင် ဒီဥပဒေက နိုင်ငံတော်မှာ ပြဋ္ဌာန်းဥပဒေတရပ် ဖြစ်လာမှာဖြစ်ပါတယ်။ အဲ့ကျရင် ပြည်သူအပေါင်းက ဒီ ကြက်ခြေနီအမှတ်သားနဲ့ ပတ်သက်ပြီး တိတိကျကျ သဘောပေါက် နားလည်လာကြမယ်ဆိုရင် ဒီအမှတ်အသားအပေါ် Misuse တလွဲသုံးတာတွေ မဖြစ်လာနိုင်တော့ပါဘူး။"

လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးအတွက်သက်သက်သာ မဟုတ်ဘဲ အရေးပေါ် ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်လာရင် ကူညီပေးနိုင်ရေးအတွက် ဒီလို ကြက်ခြေနီအမှတ်အသားကို ဝတ်ဆင်ထားတာ ဖြစ်နိုင်တယ်လို့ ရဲမှူးဟောင်း ဦးတင်ဝင်းက သုံးသပ်ပါတယ်။

"ကျနော်တို့ ပုံမှန်ရဲလုပ်ငန်းမှာတော့ ကြက်ခြေနီဝတ်စုံ မပါပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာလဲ ဆိုတဲ့အခါကျတော့ မှုခင်းတွေ ဖြစ်ပွားလာတဲ့အခါမှာ ဒဏ်ရာရတဲ့ပြည်သူတွေ နောက် ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို ကူညီဖို့ဆိုပြီးတော့ လုပ်တာလေးတွေ ရှိတယ်။ ဆေးသင်တန်းတွေ တက်ရတယ်၊ ရဲတွေကလေ။ ရဲတွေဘက်က တပ်မတော်ဆေးသင်တန်းတွေမှာ သွားတက်ရတယ်။ အဲ့ စစ်မြေပြင် ဆေးသင်တန်းဆင်း ရဲဘော်တွေ ဝတ်တယ်လို့ ကျနော်ထင်တယ်။ အရေးပေါ် ဆေးဝါးကုသမှုတွေ လိုလာရင် သိသာထင်ရှားအောင် ဝတ်တဲ့သဘောတော့ ရှိတယ်။

“အခုနောက်ပိုင်းမှာ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေဘက်က ပြည်သူကို ကူညီပေးရတဲ့ အပိုင်းတွေမှာ တော်တော်များများ ပါလာတာရှိတယ်။ ပါလာတဲ့အခါကျတော့ ပြဿနာတွေ ဖြစ်ပွားလာရင် ဒဏ်ရာဒဏ်ချက်တွေ ရလာရင် ကူညီပေးဖို့ အဓိကရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်လို့ပဲ ကျနော်က ယူဆတယ်။ အဲဒီအမှတ်အသားရှိမှလည်း သူတို့ကူညီပေးတာ ကူညီနိုင်မှာပေါ့။ နို့မို့ ဒီအတိုင်းဆို ရဲလည်း အရိုက်ခံရမှာပေါ့။ ဒါပေမယ့် ညွှန်ကြားချက် ဘယ်လိုရှိခဲ့တယ် ဆိုတာတော့ တရားဝင်ပြောဆိုခွင့်ရှိသူက ပြန်ဖြေရှင်းပါလိမ့်မယ်။ ကျနော်တို့ဘက်ကတော့ နောက်ပိုင်း ရဲတပ်ဖွဲ့ဘက်က ပြောင်းလဲလာတဲ့ အခြေအနေလေးကို ပြောပြပေးတဲ့သဘောပါခင်ဗျ။"

ကြက်ခြေနီအမှတ်အသားကို အသုံးပြုခွင့်ရတဲ့ အဖွဲ့အစည်းတွေလွဲလို့ ကြက်ခြေနီတံဆိပ်ကို လွဲမှားစွာ အသုံးပြုကြမယ်ဆိုရင် လူသားချင်း စာနာထောက်ထားမှု ကူညီပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကြက်ခြေနီအဖွဲ့၊ ကြက်ခြေနီအလံနဲ့ ကြက်ခြေနီအမှတ်တံဆိပ်ပါ အဖွဲ့တွေရဲ့ သွားလာမှုကို ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့ မလိုလားအပ်တဲ့ အခြေအတွေ အကျိုးဆက်တွေ ဖြစ်ပွားလာနိုင်ခြေတွေ ရှိတဲ့အတွက် ကြက်ခြေနီအခြေခံမူ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာအသုံးပြုဖို့နဲ့ ဒီလိုအပြုအမူမျိုး မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ထပ်မံမပြုလုပ်စေရေး သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို လိုအပ်တဲ့ ညွှန်ကြားချက်တွေ ပေးပါလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဘက်ကတော့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG