သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ဦးမွာ ကိုယ္ထူကိုယ္ထ ေအာက္ဆီဂ်င္စက္႐ံု စထုတ္ေနၿပီ


ေအာက္ဆီဂ်င္ျဖည့္ဖို ့ေစာင့္ဆိုင္းေနၾကစဥ္ (ဓာတ္ပံု- AFP)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္က ၿမိဳ႕နယ္တိုင္းမွာ ကိုယ္ထူကိုယ္ထစနစ္နဲ႔ ေအာက္ဆီဂ်င္စက္႐ုံေတြ တည္ေဆာက္ဖို႔ ျပင္ဆင္ေနၾကၿပီး ေျမာက္ဦးၿမိဳ႕နယ္မွာေတာ့ ေအာက္ဆီဂ်င္စက္႐ုံ စတင္လည္ပတ္ေနပါၿပီ။ အခုလို ကိုယ္ထူကိုယ္ထ ေအာက္ဆီဂ်င္စက္႐ုံေတြနဲ႔ ပတ္သတ္ၿပီး ျပည္နယ္ေကာင္စီဘက္ကေရာ ဘာေတြ ေျပာဆိုထားတာရွိပါသလဲ၊ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကုိေအာင္ျမတ္သူကေျပာျပပါမယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္မႈေတြ တိုးလာေနသလို ေသဆုံးသူေတြလည္း မ်ားျပားလာတာေၾကာင့္ တျခားတိုင္းနဲ႔ ျပည္နယ္ေတြလို ေအာက္ဆီဂ်င္ မလုံေလာက္တာမ်ဳိးျဖစ္မွာ စိုးရိမ္ၿပီး ရခိုင္ျပည္နယ္က ၿမိဳ႕နယ္တိုင္းလိုလိုမွာ ကိုယ္ထူကိုယ္ထစနစ္နဲ႔ ေအာက္ဆီဂ်င္စက္႐ုံေတြ တည္ေဆာက္ေနၾကတာပါ။

ေျမာက္ဦးၿမိဳ႕နယ္မွာေတာ့ ကိုယ္ထကိုယ္ထ ေအာက္ဆီဂ်င္စက္႐ုံ တည္ေဆာက္ၿပီး စတင္ထုတ္လုပ္ေနပါၿပီ။ ေျမာက္ဦး ေအာက္ဆီဂ်င္စက္႐ုံကထြက္တဲ့ ေအာက္ဆီဂ်င္ေတြကို ေဆး႐ုံေတြကိုပို႔ေပးဖို႔ ျပည္နယ္ေကာင္စီဘက္က မေန႔ ကထုတ္ျပန္ခဲ့တာနဲ႔ပတ္သက္ၿပီး ေျမာက္ဦးေအာက္ဆီဂ်င္စက္႐ုံက တာဝန္ရွိသူတဦးျဖစ္တ့ဲ ဦးသိန္းထြန္းက အခုလိုေျပာပါတယ္။

“က်ေနာ္တို႔က က်ေတာ့ သီးသန႔္ ပရဟိတ တခုတည္းေပါ့ေနာ္။ အားလုံးကို ကူညီခ်င္တာေလ၊ က်ေနာ္တို႔ အဖြဲ႕ကက်ေတာ့ေလ။ စစ္ေကာင္စီဘက္ကေတာ့ ေဆး႐ုံတခုတည္းကိုပဲ ေပးဆိုတဲ့သေဘာမ်ိဳးေတာ့ မဟုတ္ဘူး။ ေအာက္ဆီဂ်င္ကို အကုန္လုံးကေတာ့ အခုအခ်ိန္မွာ လိုေနၾကတယ္။ မလိုအပ္ဘဲ ေဆာင္ထားၾကမယ္။ အဲလိုမ်ိဳးအေျခအေနကို ေျပာျပတာပါ။ဟိုဘက္မွာလည္း အေရးႀကီးေနၿပီ၊ ဒီဘက္မွာလည္း မလိုအပ္ပဲ ေဆာင္ထ ားၾကတယ္ အဲလိုမ်ိဳးျဖစ္ေနမွာ စိုးလို႔ပါ။”

ေျမာက္ဦးဆရာေတာ္ႀကီးရဲ႕ လမ္းၫြန္မႈနဲ႔ ကိုယ္ထူကိုယ္ထ တည္ေဆာက္ထားတဲ့ ေျမာက္ဦးေအာက္ဆီဂ်င္ စက္႐ုံက တန႔ကို ေအာက္ဆီဂ်င္ ၄၀ လီတာ အိုးႀကီး အလုံး ၄၀ အထိ ထုတ္လုပ္ေနၿပီး လိုအပ္တဲ့ေနရာေတြကို အခမဲ့ ျဖန႔္ေဝေနတာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိ ရခိုင္ျပည္နယ္မွာ တျခားတိုင္းနဲ႔ ျပည္နယ္ေတြလို ေအာက္ဆီဂ်င္ တန္းစီယူရတဲ့ အေျခအေနမရွိေသးသလို ေအာက္ဆီဂ်င္ ျပတ္လပ္ေနတဲ့ အေနအထားလည္းမရွိေသးပါဘူး။ ဒါေပမယ့္လည္း ႀကိဳတင္ ျပင္ဆင္တဲ့အေနနဲ႔ ေအာက္ဆီဂ်င္စက္႐ုံေတြ တည္ေဆာက္ေနၾကတာပါ။

ေျမာက္ဦး ပုဂၢလိက ေအာက္ဆီဂ်င္စက္႐ုံက ေအာက္ဆီဂ်င္ေတြကို ျပည္နယ္ေကာင္စီရဲ႕ လမ္းၫြန္ခ်က္အတိုင္း ေဆာင္႐ြက္ရမယ္ဆိုတဲ့ မေန႔ကထုတ္ျပန္ခ်က္အေပၚ ေဝဖန္မႈေတြ ထြက္ခဲ့ပါတယ္။
ကိုယ္ထူကိုယ္ထ တည္ေဆာက္ထားတဲ့ ေအာက္ဆီဂ်င္စက္႐ုံေတြကို ျပည္နယ္ေကာင္စီက ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားတာဟာ မျဖစ္သင့္ဘူးလို႔ ဝံလက္ေဖာင္ေဒးရွင္း ဒါ႐ိုက္တာ ဦးခိုင္ေကာင္းစံက ေျပာပါတယ္။

“ျပည္နယ္ေကာင္စီက ထုတ္ျပန္တဲ့ဟာကေတာ့ အစိုးရဆိုတဲ့ ပုံစံကေတာ့ ဘယ္ဟာပဲလုပ္လုပ္ သူတို႔ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေစခ်င္တယ္။ ဒါကကို လြဲမွားေနတဲ့ အယူအဆေတြျဖစ္တယ္။ လြဲမွားေနတဲ့ စနစ္ေတြျဖစ္တယ္။ တကယ္တမ္း ေအာက္ဆီဂ်င္ လွဴဒါန္းဖို႔အတြက္ လုပ္ေဆာင္ၾကတဲ့ဟာက ပရဟိတနဲ႔ တသီးပုဂၢလ အလွဴရွင္ေတြ လုပ္တာျဖစ္တယ္။ သူတို႔မွာ လြတ္လပ္ခြင့္ရွိရမွာေပါ့။ ဒါေပမယ့္ ေဆး႐ုံကိုပို႔ရမယ္ ဆိုတာကေတာ့ မွန္ပါတယ္။ ေဆး႐ုံတက္တဲ့ လူနာေတြအတြက္ ေအာက္ဆီဂ်င္လိုအပ္ရင္ ေဆး႐ုံကိုပို႔ရမွာပဲ။ ဒါေပမယ့္ တခ်ိဳ႕လူေတြက ေဆး႐ုံမတက္ခ်င္ဘူး၊ ေဆး႐ုံတက္တာထက္ အိမ္မွာေနၿပီးေတာ့ ေအာက္ဆီဂ်င္ ရႉရမယ္ဆိုရင္ အဲဒီလူကိုလည္း ေျမာက္ဦးက ေအာက္ဆီဂ်င္ လႉဒါန္းတဲ့အဖြဲ႕က သြားလႉရမွာပဲ။ ဒါက ျငင္းလို႔မရတဲ့ အရာျဖစ္တယ္။ ဘာလို႔လည္းဆိုေတာ့ ဒီစက္႐ုံေတြဟာ အစိုးရတခုတည္း ေငြေၾကးေတြနဲ႔ တည္ေထာင္တာမဟုတ္ဘူး။”

ေဝဖန္သံေတြ ထြက္လာၿပီးတဲ့ေနာက္ ရခိုင္ျပည္နယ္က လိုအပ္တဲ့ ေဆး႐ုံေတြနဲ႔ ကိုဗစ္လူနာေတြရွိတဲ့ တျခားစင္တာေတြကို အခ်ိန္မီေပးႏိုင္ဖို႔ ၿမိဳ႕နယ္ ေအာက္ဆီဂ်င္ စီမံခန႔္ခြဲေရး ေကာ္မတီေတြက ေဆာင္႐ြက္ေနတာျဖစ္ၿပီး ထိန္းခ်ဳပ္ေနတာမဟုတ္ဘူးလို႔ ရခိုင္ျပည္နယ္ေကာင္စီက ဒီကေန႔မွာ ထပ္ၿပီး ထုတ္ျပန္ထားပါတယ္။
ရခိုင္ျပည္နယ္မွာ ကိုဗစ္ကူးစက္မႈ အေျခအေနနဲ႔ပတ္သက္ၿပီး က်န္းမာေရးတာဝန္ရွိသူေတြအေနနဲ႔ မလိုအပ္ဘဲ မီဒီယာေတြနဲ႔ အင္တာဗ်ဴးမလုပ္ဖို႔လည္း ျပည္နယ္ေကာင္စီက ၫြန္ၾကားပါတယ္။

ရခိုင္ျပည္နယ္မွာ မေန႔ကအထိ COVID-19 ကူးစက္ခံရသူ ၂,၀၀၀ နီးပါးရွိေနၿပီး ေသဆုံးသူ ၈၀ ေက်ာ္ၿပီလို႔ ျပည္နယ္က်န္းမာေရးဌာနရဲ႕ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............................................................................................

မြောက်ဦးမှာ ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ရုံ စထုတ်နေပြီ

(Unicode)

ရခိုင်ပြည်နယ်က မြို့နယ်တိုင်းမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ အောက်ဆီဂျင်စက်ရုံတွေ တည်ဆောက်ဖို့ ပြင်ဆင်နေကြပြီး မြောက်ဦးမြို့နယ်မှာတော့ အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်နေပါပြီ။ အခုလို ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ရုံတွေနဲ့ ပတ်သတ်ပြီး ပြည်နယ်ကောင်စီဘက်ကရော ဘာတွေ ပြောဆိုထားတာရှိပါသလဲ၊ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူကပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ တိုးလာနေသလို သေဆုံးသူတွေလည်း များပြားလာတာကြောင့် တခြားတိုင်းနဲ့ ပြည်နယ်တွေလို အောက်ဆီဂျင် မလုံလောက်တာမျိုးဖြစ်မှာ စိုးရိမ်ပြီး ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ အောက်ဆီဂျင်စက်ရုံတွေ တည်ဆောက်နေကြတာပါ။

မြောက်ဦးမြို့နယ်မှာတော့ ကိုယ်ထကိုယ်ထ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီး စတင်ထုတ်လုပ်နေပါပြီ။ မြောက်ဦး အောက်ဆီဂျင်စက်ရုံကထွက်တဲ့ အောက်ဆီဂျင်တွေကို ဆေးရုံတွေကိုပို့ပေးဖို့ ပြည်နယ်ကောင်စီဘက်က မနေ့ ကထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး မြောက်ဦးအောက်ဆီဂျင်စက်ရုံက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးသိန်းထွန်းက အခုလိုပြောပါတယ်။

“ကျနော်တို့က ကျတော့ သီးသန့် ပရဟိတ တခုတည်းပေါ့နော်။ အားလုံးကို ကူညီချင်တာလေ၊ ကျနော်တို့ အဖွဲ့ကကျတော့လေ။ စစ်ကောင်စီဘက်ကတော့ ဆေးရုံတခုတည်းကိုပဲ ပေးဆိုတဲ့သဘောမျိုးတော့ မဟုတ်ဘူး။ အောက်ဆီဂျင်ကို အကုန်လုံးကတော့ အခုအချိန်မှာ လိုနေကြတယ်။ မလိုအပ်ဘဲ ဆောင်ထားကြမယ်။ အဲလိုမျိုးအခြေအနေကို ပြောပြတာပါ။ဟိုဘက်မှာလည်း အရေးကြီးနေပြီ၊ ဒီဘက်မှာလည်း မလိုအပ်ပဲ ဆောင်ထားကြတယ် အဲလိုမျိုးဖြစ်နေမှာ စိုးလို့ပါ။”

မြောက်ဦးဆရာတော်ကြီးရဲ့ လမ်းညွန်မှုနဲ့ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ မြောက်ဦးအောက်ဆီဂျင် စက်ရုံက တန့ကို အောက်ဆီဂျင် ၄၀ လီတာ အိုးကြီး အလုံး ၄၀ အထိ ထုတ်လုပ်နေပြီး လိုအပ်တဲ့နေရာတွေကို အခမဲ့ ဖြန့်ဝေနေတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ တခြားတိုင်းနဲ့ ပြည်နယ်တွေလို အောက်ဆီဂျင် တန်းစီယူရတဲ့ အခြေအနေမရှိသေးသလို အောက်ဆီဂျင် ပြတ်လပ်နေတဲ့ အနေအထားလည်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ အောက်ဆီဂျင်စက်ရုံတွေ တည်ဆောက်နေကြတာပါ။

မြောက်ဦး ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံက အောက်ဆီဂျင်တွေကို ပြည်နယ်ကောင်စီရဲ့ လမ်းညွန်ချက်အတိုင်း ဆောင်ရွက်ရမယ်ဆိုတဲ့ မနေ့ကထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေ ထွက်ခဲ့ပါတယ်။
ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ အောက်ဆီဂျင်စက်ရုံတွေကို ပြည်နယ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားတာဟာ မဖြစ်သင့်ဘူးလို့ ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။

“ပြည်နယ်ကောင်စီက ထုတ်ပြန်တဲ့ဟာကတော့ အစိုးရဆိုတဲ့ ပုံစံကတော့ ဘယ်ဟာပဲလုပ်လုပ် သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိစေချင်တယ်။ ဒါကကို လွဲမှားနေတဲ့ အယူအဆတွေဖြစ်တယ်။ လွဲမှားနေတဲ့ စနစ်တွေဖြစ်တယ်။ တကယ်တမ်း အောက်ဆီဂျင် လှူဒါန်းဖို့အတွက် လုပ်ဆောင်ကြတဲ့ဟာက ပရဟိတနဲ့ တသီးပုဂ္ဂလ အလှူရှင်တွေ လုပ်တာဖြစ်တယ်။ သူတို့မှာ လွတ်လပ်ခွင့်ရှိရမှာပေါ့။ ဒါပေမယ့် ဆေးရုံကိုပို့ရမယ် ဆိုတာကတော့ မှန်ပါတယ်။ ဆေးရုံတက်တဲ့ လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်ရင် ဆေးရုံကိုပို့ရမှာပဲ။ ဒါပေမယ့် တချို့လူတွေက ဆေးရုံမတက်ချင်ဘူး၊ ဆေးရုံတက်တာထက် အိမ်မှာနေပြီးတော့ အောက်ဆီဂျင် ရှူရမယ်ဆိုရင် အဲဒီလူကိုလည်း မြောက်ဦးက အောက်ဆီဂျင် လှူဒါန်းတဲ့အဖွဲ့က သွားလှူရမှာပဲ။ ဒါက ငြင်းလို့မရတဲ့ အရာဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ဒီစက်ရုံတွေဟာ အစိုးရတခုတည်း ငွေကြေးတွေနဲ့ တည်ထောင်တာမဟုတ်ဘူး။”

ဝေဖန်သံတွေ ထွက်လာပြီးတဲ့နောက် ရခိုင်ပြည်နယ်က လိုအပ်တဲ့ ဆေးရုံတွေနဲ့ ကိုဗစ်လူနာတွေရှိတဲ့ တခြားစင်တာတွေကို အချိန်မီပေးနိုင်ဖို့ မြို့နယ် အောက်ဆီဂျင် စီမံခန့်ခွဲရေး ကော်မတီတွေက ဆောင်ရွက်နေတာဖြစ်ပြီး ထိန်းချုပ်နေတာမဟုတ်ဘူးလို့ ရခိုင်ပြည်နယ်ကောင်စီက ဒီကနေ့မှာ ထပ်ပြီး ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှု အခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ မလိုအပ်ဘဲ မီဒီယာတွေနဲ့ အင်တာဗျူးမလုပ်ဖို့လည်း ပြည်နယ်ကောင်စီက ညွန်ကြားပါတယ်။

ရခိုင်ပြည်နယ်မှာ မနေ့ကအထိ COVID-19 ကူးစက်ခံရသူ ၂,၀၀၀ နီးပါးရှိနေပြီး သေဆုံးသူ ၈၀ ကျော်ပြီလို့ ပြည်နယ်ကျန်းမာရေးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG