သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအိမ္အကူကို ၫွင္းပမ္းသတ္ျဖတ္သူ စင္ကာပူအမ်ိဳးသမီး ေထာင္ႏွစ္၃ဝျပစ္ဒဏ္က်ခံ


ျမန္မာႏုိင္ငံသူ အိမ္အကူတဦးကို အစာငတ္ထားၿပီး၊ႏွိပ္စက္သတ္ပစ္လုိ္္က္တဲ့ထိျပစ္မႈက်ဴးလြန္ခဲ့တဲ့စကၤာပူႏုိင္ငံသူ Gaiyathiri Murugayan ( ဓာတ္ပံု - The Strait Times)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံသူ အိမ္အကူတဦးကို အစာငတ္ထားၿပီး၊ ကိုယ္ထိလက္ေရာက္ႏွိပ္စက္တဲ့အျပင္ ေနာက္ဆုံး သတ္ပစ္လုိ္္က္တဲ့ထိျပစ္မႈက်ဴးလြန္ခဲ့တဲ့စကၤာပူႏုိင္ငံက အမ်ိဳးသမီးတေယာက္ကို စကၤာပူတရား႐ုံးက အဂၤါေန႔မွာ ေထာင္ဒဏ္ အႏွစ္၃၀ ခ်မွတ္လိုက္ပါတယ္။ ဒါဟာ ျပစ္ဒဏ္ေပးထုိက္တဲ့ အဆိုး႐ြားဆုံးလူသတ္မႈတခုျဖစ္တယ္လို႔ တရားသူႀကီးကေျပာပါတယ္။

စကၤာပူမွာ ဆင္းရဲတဲ့တုိင္းျပည္ေတြက ေရာက္လာတဲ့အိမ္အကူေပါင္း ၂ သိန္းခြဲေလာက္ရွိၿပီး ဒီလိုႏွိပ္စက္ညွဥ္းပန္းတဲ့သတင္းေတြ ပုံမွန္လိုၾကားေနရတာပါ။ အိမ္ထဲမွာတပ္ထားတဲ့ CCTV ကင္မရာမွာေတြ႔ရတဲ့ပုံရိပ္ထဲကေန အသက္ ၂၄ ႏွစ္အရြယ္ ျမန္မာႏုိင္ငံသူ Piang Ngaih Don နည္းမ်ိဳးစုံနဲ႔ ႏွိပ္စက္တာေတြေတြ့ရပါတယ္။ အိမ္ရွင္အမ်ိဳးသမီး Gaiyathiri Murugayan က အိမ္အကူမိန္းကေလးကို တက္နင္းတာ၊ လည္ပင္းညွစ္တာ၊ တံမ်က္စည္း႐ိုးနဲ႔႐ိုက္တာအျပင္ မီးပူနဲ႔ကပ္တာေတြရွိတယ္လို႔လည္း တရား႐ုံးစာရြက္စာတမ္းေတြမွာေတြ႔ရပါတယ္။ အဲဒီလို နာရီေပါင္းမ်ားစြာ အဆက္မျပတ္ႏွိပ္စက္ညွဥ္းပန္းမႈေၾကာင့္ ၂၀၁၆ခုႏွစ္ ဂ်ဴလိုင္လမွာ Piang Ngaih Don ေသဆုံးသြားပါတယ္။

အျခားစြဲခ်က္ေပါင္း ၈၇ ခုနဲ႔ပါ တရားရင္ဆုိင္ေနရတဲ့ အသက္ ၄၁ ႏွစ္အရြယ္ Gaiyathiri က လူသတ္မႈအပါအ၀င္ ျပစ္မႈ ၂၈ ခုမွာ အျပစ္ရွိေၾကာင္းေဖေဖာ္၀ါရီလမွာ ထြက္ဆိုခဲ့ပါတယ္။ အသက္ ၄ ႏွစ္အရြယ္သမီးတေယာက္နဲ႔ တႏွစ္သားအရြယ္သားတေယာက္ရွိတဲ့ Gaiyathiri တို႔ဇနီးေမာင္ႏွံက ျမန္မာအိမ္အကူကို ၂၀၁၅ ခုႏွစ္မွာ ဌားရမ္းခဲ့တာပါ။ Gaiyathiri က အိမ္အကူကို ေန႔စဥ္အႀကိမ္ႀကိမ္ႏွိပ္စက္ၿပိီး တခါတေလ အသက္ ၆၁ ႏွစ္အရြယ္ သူ႔ေမလည္း၀င္ပါလာတတ္တယ္လို႔ တရားရုံးစာရြက္စာတမ္းေတြမွာေေတြ႔ရပါတယ္။ တည ၅ နာရီပဲအိပ္ခြင့္ရတဲ့ အိမ္အကူ Piang Ngaih Don ဟာအစာ၀၀ မစားရတဲ့အတြက္ေသဆုံးခ်ိန္မွာ ကိုယ္အေလးခ်ိန္ ၅၃ ေပါင္ပဲရွိပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာအိမ်အကူကို ညှင်းပမ်းသတ်ဖြတ်သူ စင်ကာပူအမျိုးသမီး ထောင်နှစ်၃ဝပြစ်ဒဏ်ကျခံ

(Unicode)

မြန်မာနိုင်ငံသူ အိမ်အကူတဦးကို အစာငတ်ထားပြီး၊ ကိုယ်ထိလက်ရောက်နှိပ်စက်တဲ့အပြင် နောက်ဆုံး သတ်ပစ်လို်က်တဲ့ထိပြစ်မှုကျူးလွန်ခဲ့တဲ့စင်္ကာပူနိုင်ငံက အမျိုးသမီးတယောက်ကို စင်္ကာပူတရားရုံးက အင်္ဂါနေ့မှာ ထောင်ဒဏ် အနှစ်၃၀ ချမှတ်လိုက်ပါတယ်။ ဒါဟာ ပြစ်ဒဏ်ပေးထိုက်တဲ့ အဆိုးရွားဆုံးလူသတ်မှုတခုဖြစ်တယ်လို့ တရားသူကြီးကပြောပါတယ်။

စင်္ကာပူမှာ ဆင်းရဲတဲ့တိုင်းပြည်တွေက ရောက်လာတဲ့အိမ်အကူပေါင်း ၂ သိန်းခွဲလောက်ရှိပြီး ဒီလိုနှိပ်စက်ညှဉ်းပန်းတဲ့သတင်းတွေ ပုံမှန်လိုကြားနေရတာပါ။ အိမ်ထဲမှာတပ်ထားတဲ့ CCTV ကင်မရာမှာတွေ့ရတဲ့ပုံရိပ်ထဲကနေ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသူ Piang Ngaih Don နည်းမျိုးစုံနဲ့ နှိပ်စက်တာတွေတွေ့ရပါတယ်။ အိမ်ရှင်အမျိုးသမီး Gaiyathiri Murugayan က အိမ်အကူမိန်းကလေးကို တက်နင်းတာ၊ လည်ပင်းညှစ်တာ၊ တံမျက်စည်းရိုးနဲ့ရိုက်တာအပြင် မီးပူနဲ့ကပ်တာတွေရှိတယ်လို့လည်း တရားရုံးစာရွက်စာတမ်းတွေမှာတွေ့ရပါတယ်။ အဲဒီလို နာရီပေါင်းများစွာ အဆက်မပြတ်နှိပ်စက်ညှဉ်းပန်းမှုကြောင့် ၂၀၁၆ခုနှစ် ဂျူလိုင်လမှာ Piang Ngaih Don သေဆုံးသွားပါတယ်။

အခြားစွဲချက်ပေါင်း ၈၇ ခုနဲ့ပါ တရားရင်ဆိုင်နေရတဲ့ အသက် ၄၁ နှစ်အရွယ် Gaiyathiri က လူသတ်မှုအပါအဝင် ပြစ်မှု ၂၈ ခုမှာ အပြစ်ရှိကြောင်းဖေဖော်ဝါရီလမှာ ထွက်ဆိုခဲ့ပါတယ်။ အသက် ၄ နှစ်အရွယ်သမီးတယောက်နဲ့ တနှစ်သားအရွယ်သားတယောက်ရှိတဲ့ Gaiyathiri တို့ဇနီးမောင်နှံက မြန်မာအိမ်အကူကို ၂၀၁၅ ခုနှစ်မှာ ဌားရမ်းခဲ့တာပါ။ Gaiyathiri က အိမ်အကူကို နေ့စဉ်အကြိမ်ကြိမ်နှိပ်စက်ပြီး တခါတလေ အသက် ၆၁ နှစ်အရွယ် သူ့မေလည်းဝင်ပါလာတတ်တယ်လို့ တရားရုံးစာရွက်စာတမ်းတွေမှာေတွေ့ရပါတယ်။ တည ၅ နာရီပဲအိပ်ခွင့်ရတဲ့ အိမ်အကူ Piang Ngaih Don ဟာအစာ၀၀ မစားရတဲ့အတွက်သေဆုံးချိန်မှာ ကိုယ်အလေးချိန် ၅၃ ပေါင်ပဲရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG