သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၃၀ မှာ ကလေးအားလုံးပညာရေးတန်းတူမှု အာမခံချက်မရှိသေးဟု ကုလအစီရင်ခံ


ယူဂန်ဒါနိုင်ငံက စာသင်ခန်းတခု (ဓာတ်ပုံ - AP)
ယူဂန်ဒါနိုင်ငံက စာသင်ခန်းတခု (ဓာတ်ပုံ - AP)

၂၀၃၀ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က ကလေးငယ်တွေအားလုံး ပညာရေးနဲ့ ဘဝတသက်တာ သင်ယူမှုအခွင့်အလမ်းတွေကို တန်းတူရရှိဖို့ အာမခံလို့မရနိုင်သေးဘူးလို့ တနင်္လာနေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ စစ်တမ်းအတွက် ညွှန်းကိန်းတွေမှာ မူကြိုအရွယ် ပညာသင်ကြားမှုနှုန်း၊ ကျောင်းထွက်နှုန်း၊ ကျောင်းပြီးအောင်တက်သူအရေအတွက်၊ ကျောင်းပြီးတဲ့ ထဲ ကျား၊မ ကွာဟမှု၊ စာဖတ်ခြင်းနဲ့ သင်္ချာဘာသာရပ်မှာ အနည်းဆုံး ကျွမ်းကျင်မှုနှုန်း၊ လေ့ကျင့်သင်ကြားပေးထားတဲ့ ဆရာ၊ ဆရာမ ဦးရေ၊ ပညာရေးအသုံးစားရိတ် ဒါတွေကို လေ့လာဆန်းစစ်ထားတာပါ။

ပညာရေးနဲ့ ပတ်သက်လို့ COVID-19 အကျိုးဆက်တွေကို ထည့်မစဉ်းစားခင်ကတည်းက နိုင်ငံတွေမှာ ကလေးတွေ တန်းတူပညာသင်ယူခွင့် ကျဆင်းနေတာဖြစ်တယ်လို့လည်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကပြောပါတယ်။ သန်းနဲ့ ချီတဲ့ ကလေးငယ်တွေကျောင်းမတက်နိုင်တာနဲ့ အရည်အသွေးမြင့်ပညာရေး သင်ယူခွင့် မရတာဟာ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် နှိုးဆော်မှုတစ်ခုဖြစ်တယ်လို့လည်း UNESCO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၅ ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်ထားတဲ့ ရည်မှန်းချက် ၁၇ ခုထဲမှာ ပညာရေးစံနှုန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်လည်းပါဝင်ပါတယ်။ ဒီရည်မှန်းချက်တွေကို သက္ကရာဇ် ၂၀၃၀ မှာ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ ရည်မှန်းထားပါတယ်။

........................................................................................


(Unicode)




XS
SM
MD
LG