(Zawgyi/Unicode)
႐ုရွားႏိုင္ငံ Kazan ၿမိဳ႕က မူလတန္းေက်ာင္းမွာ အဂၤါေန႔က ေသနတ္သမားတေယာက္ရဲ႕ ပစ္ခတ္မႈေၾကာင့္ အနည္းဆုံး ေက်ာင္းသား ၇ ေယာက္၊ ဆရာ ၁ ေယာက္နဲ႔ အလုပ္သမား ၁ ေယာက္ ေသဆုံးခဲ့ေၾကာင္း ၿမိဳ႕ေတာ္၀န္႐ုံးနဲ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။
မြတ္ဆလင္ အမ်ားစုရွိရာ Tatarstan ေဒသရဲ႕ၿမိဳ႕ေတာ္မွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈအတြင္း ဒဏ္ရာရသူ ၂၁ ေယာက္ကို ေဆး႐ုံပို႔လိုက္ရၿပီး၊ ဒီအထဲမွာ ဒဏ္ရာျပင္းထန္သူ ၆ ေယာက္ အပါအ၀င္ ကေလး ၁၈ ေယာက္ ပါတယ္လို႔လည္း က်န္းမာေရး၀န္ထမ္းေတြက ေျပာပါတယ္။
Tatarstan သမၼတ Rustam Minnikhanov ကေတာ့ အသက္ ၁၉ ႏွစ္အရြယ္ ေသနတ္သမားကို ဖမ္းဆီးမိထားၿပီး၊ တျခားပူးေပါင္းၾကံစည္မႈမ်ဳိး မေတြ႕ရေၾကာင္းနဲ႔ ဆက္လက္စုံစမ္းစစ္ေဆးေနေၾကာင္း ေျပာခဲ့တာပါ။
႐ုရွားႏိုင္ငံ RIA သတင္းဌာနက ဗြီဒီယိုထဲမွာေတာ့ ပစ္ခတ္မႈ ျဖစ္ခ်ိန္မွာ အထပ္ ၄ ထပ္ရွိတဲ့ မူလတန္းေက်ာင္းရဲ႕ ၃ ထပ္ကေန ကေလး ၂ ေယာက္ ခုန္ခ်ထြက္ေျပးတဲ့ ပုံကိုေတြ႕ၾကရပါတယ္။ တျခား႐ုရွားမီဒီယာေတြမွာလည္း ေက်ာင္းသားေတြ အေဆာက္အဦးထဲက ထြက္ေျပးတဲ့ ပုံေတြကို ေဖာ္ျပခဲ့ၾကတာပါ။
႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္ အေရွ႕ဖက္ ကီလိုမီတာ ၇၀၀ ေလာက္ အကြာမွာရွိတဲ့ Kazan ၿမိဳ႕မွာ ပစ္ခတ္မႈ ျဖစ္ခဲ့ၿပီးေနာက္ ေက်ာင္းေတြ အားလုံး လုံျခံဳေရး တိုးျမႇင့္လိုက္ေၾကာင္းလည္း အာဏာပိုင္ေတြက ေျပာပါတယ္။
...........
ရုရှား Tatarstan စာသင်ကျောင်းပစ်ခတ်မှု ၁၁ ဦးသေဆုံး
(Unicode)
ရုရှားနိုင်ငံ Kazan မြို့က မူလတန်းကျောင်းမှာ အင်္ဂါနေ့က သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ကျောင်းသား ၇ ယောက်၊ ဆရာ ၁ ယောက်နဲ့ အလုပ်သမား ၁ ယောက် သေဆုံးခဲ့ကြောင်း မြို့တော်ဝန်ရုံးနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မွတ်ဆလင် အများစုရှိရာ Tatarstan ဒေသရဲ့မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၂၁ ယောက်ကို ဆေးရုံပို့လိုက်ရပြီး၊ ဒီအထဲမှာ ဒဏ်ရာပြင်းထန်သူ ၆ ယောက် အပါအဝင် ကလေး ၁၈ ယောက် ပါတယ်လို့လည်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
Tatarstan သမ္မတ Rustam Minnikhanov ကတော့ အသက် ၁၉ နှစ်အရွယ် သေနတ်သမားကို ဖမ်းဆီးမိထားပြီး၊ တခြားပူးပေါင်းကြံစည်မှုမျိုး မတွေ့ရကြောင်းနဲ့ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ပြောခဲ့တာပါ။
ရုရှားနိုင်ငံ RIA သတင်းဌာနက ဗွီဒီယိုထဲမှာတော့ ပစ်ခတ်မှု ဖြစ်ချိန်မှာ အထပ် ၄ ထပ်ရှိတဲ့ မူလတန်းကျောင်းရဲ့ ၃ ထပ်ကနေ ကလေး ၂ ယောက် ခုန်ချထွက်ပြေးတဲ့ ပုံကိုတွေ့ကြရပါတယ်။ တခြားရုရှားမီဒီယာတွေမှာလည်း ကျောင်းသားတွေ အဆောက်အဦးထဲက ထွက်ပြေးတဲ့ ပုံတွေကို ဖော်ပြခဲ့ကြတာပါ။
ရုရှားနိုင်ငံ မော်စကိုမြို့တော် အရှေ့ဖက် ကီလိုမီတာ ၇၀၀ လောက် အကွာမှာရှိတဲ့ Kazan မြို့မှာ ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် ကျောင်းတွေ အားလုံး လုံခြုံရေး တိုးမြှင့်လိုက်ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။