သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သမၼတေဟာင္း Poroshenko အမႈရင္ဆိုင္ဖို႔ ယူကရိန္းျပန္လာ


ယူကရိန္းမျပန္မီ ၀ါေဆာမွာ သတင္းစာရွင္းလင္းပြဲမွာေတြ ့ရတဲ့ ယူကရိန္းသမၼတေဟာင္း Petro Poroshenko (ဓာတ္ပံု- AFP)

ႏိုင္ငံေတာ္သစၥာေဖာက္မႈစြဲခ်က္နဲ႔ရင္ဆိုင္ေနရတဲ့ ယူကရိန္းသမၼတေဟာင္း Petro Poroshenko တရားရင္ဆိုင္ဖို႔ တနလၤာေန႔က ယူကရိန္းႏိုင္ငံကိုျပန္ေရာက္လာပါတယ္။ သူ႔အေပၚစြဲဆိုခ်က္ေတြမွာ ႏိုင္ငံေရးရည္႐ြယ္ခ်က္ေတြပါတယ္လို႔ မစၥတာ Poroshenko ကယုံၾကည္ေနပါတယ္။ ပိုလန္ႏိုင္ငံ၊ ဝါေဆာၿမိဳ႕ေန ေလယာဥ္နဲ႔ ေရာက္လာတဲ့ သမၼတေဟာင္း Poroshenko ကိုေထာက္ခံတဲ့ ေထာင္ခ်ီတဲ့ျပည္သူေတြ Kyiv ေလဆိပ္မွာ လာေရာက္ႀကိဳဆိုခဲ့ၾကပါတယ္။
ေထာက္ခံသူတခ်ိဳ႕ကိုင္ထားတဲ့နဖူးစည္းစာတမ္းေတြမွာေတာ့ "ဒီမိုကေရစီလိုအပ္တယ္" "ဖိႏွိပ္မႈေတြရပ္" ဆိုတဲ့ စာသားေတြေရးထိုးထားပါတယ္။ စြဲဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေနတဲ့ကာလအတြင္း မစၥတာ Poroshenko ကို ရမန္ယူၿပီးခ်ဳပ္ထားမလားဆိုတာ တရား႐ုံးက ဆုံးျဖတ္မွာျဖစ္ပါတယ္။ Roshen မုန႔္မ်ိဳးစုံလုပ္ငန္းႀကီးကို ပိုင္ဆိုင္တဲ့ သမၼတေဟာင္း Poroshenko ဟာ ယူကရိန္းႏိုင္ငံရဲ႕အခ်မ္းသာဆုံး စီးပါြးေရးလုပ္ငန္းရွင္ေတြထဲက တဦးျဖစ္ပါတယ္။
၂၀၁၄၊ ၂၀၁၅ ခုႏွစ္ ယူကရိန္းႏိုင္ငံအေရွ႕ပိုင္းက ႐ုရွားတို႔ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ခြဲထြက္ေရးသမားေတြကို ေငြေၾကးေထာက္ပံ့ဖို႔ ေက်ာက္မီးေသြးအမ်ားအျပားေရာင္းခ်တဲ့ေနရာမွာ သူ ပါဝင္ပတ္သက္ခဲ့တယ္လို႔ အစိုးရေရွ႕ေနေတြက စြပ္စြဲထားတာပါ။ ႏိုင္ငံေတာ္သစၥာေဖာက္မႈစြဲခ်က္နဲ႔ စုံစမ္းစစ္ေဆးေနတဲ့အခ်ိန္အတြင္း မစၥတာ Poroshenko ရဲ႕ပိုင္ဆိုင္မႈတခ်ိဳ႕ကိုလည္း အစိုးရက ထိန္းခ်ဳပ္ထားပါတယ္။ ျပစ္မႈထင္ရွားရင္ေတာ့ ေထာင္ဒဏ္ ၁၅ ႏွစ္ထိ က်ခံရႏိုင္ပါတယ္။ မစၥတာ Poroshenko ကေတာ့ သူ႔မွာအျပစ္မရွိေၾကာင္း ေျပာဆိုထားပါတယ္။

..........................................................................................

တိုက္႐ိုက္ လင့္ခ္


သမ္မတဟောင်း Poroshenko အမှုရင်ဆိုင်ဖို့ ယူကရိန်းပြန်လာ

(Unicode)
နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်နဲ့ရင်ဆိုင်နေရတဲ့ ယူကရိန်းသမ္မတဟောင်း Petro Poroshenko တရားရင်ဆိုင်ဖို့ တနင်္လာနေ့က ယူကရိန်းနိုင်ငံကိုပြန်ရောက်လာပါတယ်။ သူ့အပေါ်စွဲဆိုချက်တွေမှာ နိုင်ငံရေးရည်ရွယ်ချက်တွေပါတယ်လို့ မစ္စတာ Poroshenko ကယုံကြည်နေပါတယ်။ ပိုလန်နိုင်ငံ၊ ဝါဆောမြို့နေ လေယာဉ်နဲ့ ရောက်လာတဲ့ သမ္မတဟောင်း Poroshenko ကိုထောက်ခံတဲ့ ထောင်ချီတဲ့ပြည်သူတွေ Kyiv လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
ထောက်ခံသူတချို့ကိုင်ထားတဲ့နဖူးစည်းစာတမ်းတွေမှာတော့ "ဒီမိုကရေစီလိုအပ်တယ်" "ဖိနှိပ်မှုတွေရပ်" ဆိုတဲ့ စာသားတွေရေးထိုးထားပါတယ်။ စွဲဆိုချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း မစ္စတာ Poroshenko ကို ရမန်ယူပြီးချုပ်ထားမလားဆိုတာ တရားရုံးက ဆုံးဖြတ်မှာဖြစ်ပါတယ်။ Roshen မုန့်မျိုးစုံလုပ်ငန်းကြီးကို ပိုင်ဆိုင်တဲ့ သမ္မတဟောင်း Poroshenko ဟာ ယူကရိန်းနိုင်ငံရဲ့အချမ်းသာဆုံး စီးပါွးရေးလုပ်ငန်းရှင်တွေထဲက တဦးဖြစ်ပါတယ်။
၂၀၁၄၊ ၂၀၁၅ ခုနှစ် ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားတို့ ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေကို ငွေကြေးထောက်ပံ့ဖို့ ကျောက်မီးသွေးအများအပြားရောင်းချတဲ့နေရာမှာ သူ ပါဝင်ပတ်သက်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားတာပါ။ နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးနေတဲ့အချိန်အတွင်း မစ္စတာ Poroshenko ရဲ့ပိုင်ဆိုင်မှုတချို့ကိုလည်း အစိုးရက ထိန်းချုပ်ထားပါတယ်။ ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရနိုင်ပါတယ်။ မစ္စတာ Poroshenko ကတော့ သူ့မှာအပြစ်မရှိကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG