သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီယက္နမ္၊ ဟိုခ်ီမင္းၿမိဳ႕ေတာ္ စီးပြားေရးျပန္လည္ပတ္ဖို႔ အဆုိျပဳထား


ဟိုခ်ီမင္းျမိဳ ့ေတာ္က ကိုဗစ္ကာလ စူပါမားကက္တခု (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

ဗီယက္နမ္ႏုိင္ငံ၊ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ပြားမႈမွာ အဓိကေနရာျဖစ္တဲ့ ဟိုခ်ီမင္းၿမိဳ႕ေတာ္မွာ တင္းက်ပ္တဲ့ ပိတ္ပင္ကန္႔သတ္ခ်က္ေတြ ခ်ထားခဲ့တာကေန လာမယ့္ စက္တင္ဘာလ ၁၅ ရက္ေန႔ကစၿပီး စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ပတ္ဖို႔ အဆိုျပဳတင္ျပထားပါတယ္။
"Zero-COVID-19" ဆိုတဲ့ ကိုဗစ္ထိန္းခ်ဳပ္ေရး မဟာဗ်ဴဟာကေန အေျပာင္းအလဲလုပ္ဖို႔ ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႔ရဲ႕ အဆိုျပဳခ်က္မူၾကမ္းထဲမွာ အဲဒီလိုေဖာ္ျပထားတာပါ။

လူဦးေရ ၉ သန္းရွိတဲ့ ဟိုခ်ီမင္းၿမိဳ႕ေတာ္မွာ ေဒသခံေတြအားလံုးကို ဒီႏွစ္ကုန္မွာ ကိုဗစ္ကာကြယ္ေဆး အျပည့္အဝထုိးေပးဖို႔ ရည္မွန္းထားတယ္ဆိုတာ ရိုက္တာသတင္းဌာနက ၾကည့္ခြင့္ရခဲ့တဲ့ အဆိုျပဳခ်က္မူၾကမ္းထဲမွာ ေဖာ္ျပထားၿပီး အတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။
Delta ကိုဗစ္မ်ဳိးကြဲနဲ႔ ရင္ဆိုင္ေနရတဲ့ သီရိလကၤာႏိုင္ငံမွာ သက္ႀကီးအရြယ္ေတြအားလံုးကို ကာကြယ္ေဆး အျပည့္အဝထိုးေပးေနတာ အၿပီးသတ္ခါနီးတာနဲ႔အမွ် အသက္ ၂၀ ပတ္ဝန္းက်င္ေတြကို ကာကြယ္ေဆး စထိုးေပးေနပါၿပီ။

အသက္ ၂၀ ကေန ၃၀ အရြယ္ လူဦးေရရ ၃.၇ သန္းရွိၿပီး သူတို႔ကို ကာကြယ္ေဆးထိုးေပးတာ ေအာက္တုိဘာလမကုန္ခင္ ၿပီးဆံုးဖုိ႔ စီစဥ္ထားတယ္လုိ႔ သီရိလကၤာ က်န္းမာေရးဌာနက ေျပာပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံမွာ COVID-19 ကူးစက္မႈ ထိန္းခ်ဳပ္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို သီတင္း ၄ ပတ္ေလာက္အထိ သက္တမ္း ထပ္တိုးလိုက္ပါတယ္။ ဆိုးလ္ၿမိဳ႕ေတာ္နဲ႔ အနီးတဝိုက္ေဒသေတြမွာ ကိုဗစ္ စည္းမ်ဥ္းစည္းကမ္းေတြကို အျမင့္ဆံုးအဆင့္ ၄ အထိ အျပင္းထန္ဆံုး သတ္မွတ္ထားၿပီး ႏိုင္ငံတ၀န္း တျခားေဒသမွာေတာ့ အဆင့္ ၃ သတ္မွတ္ထားတာမွာ ဒီစည္းမ်ဥ္းစည္းကမ္းေတြကို ေရွ႕လ ၃ ရက္ေန႔အထိ သက္တမ္း တိုးလိုက္တဲ့အေၾကာင္း က်န္းမာေရး၀န္ႀကီး Kwon Deok-cheol က ေျပာပါတယ္။

..........................................................................................

တိုက္႐ိုက္ လင့္ခ္


ဗီယက်နမ်၊ ဟိုချီမင်းမြို့တော် စီးပွားရေးပြန်လည်ပတ်ဖို့ အဆိုပြုထား

(Unicode)

ဗီယက်နမ်နိုင်ငံ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုမှာ အဓိကနေရာဖြစ်တဲ့ ဟိုချီမင်းမြို့တော်မှာ တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေ ချထားခဲ့တာကနေ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ အဆိုပြုတင်ပြထားပါတယ်။
"Zero-COVID-19" ဆိုတဲ့ ကိုဗစ်ထိန်းချုပ်ရေး မဟာဗျူဟာကနေ အပြောင်းအလဲလုပ်ဖို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဆိုပြုချက်မူကြမ်းထဲမှာ အဲဒီလိုဖော်ပြထားတာပါ။

လူဦးရေ ၉ သန်းရှိတဲ့ ဟိုချီမင်းမြို့တော်မှာ ဒေသခံတွေအားလုံးကို ဒီနှစ်ကုန်မှာ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးပေးဖို့ ရည်မှန်းထားတယ်ဆိုတာ ရိုက်တာသတင်းဌာနက ကြည့်ခွင့်ရခဲ့တဲ့ အဆိုပြုချက်မူကြမ်းထဲမှာ ဖော်ပြထားပြီး အတည်ပြုချက်တော့ မရသေးပါဘူး။
Delta ကိုဗစ်မျိုးကွဲနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ သက်ကြီးအရွယ်တွေအားလုံးကို ကာကွယ်ဆေး အပြည့်အဝထိုးပေးနေတာ အပြီးသတ်ခါနီးတာနဲ့အမျှ အသက် ၂၀ ပတ်ဝန်းကျင်တွေကို ကာကွယ်ဆေး စထိုးပေးနေပါပြီ။

အသက် ၂၀ ကနေ ၃၀ အရွယ် လူဦးရေရ ၃.၇ သန်းရှိပြီး သူတို့ကို ကာကွယ်ဆေးထိုးပေးတာ အောက်တိုဘာလမကုန်ခင် ပြီးဆုံးဖို့ စီစဉ်ထားတယ်လို့ သီရိလင်္ကာ ကျန်းမာရေးဌာနက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို သီတင်း ၄ ပတ်လောက်အထိ သက်တမ်း ထပ်တိုးလိုက်ပါတယ်။ ဆိုးလ်မြို့တော်နဲ့ အနီးတဝိုက်ဒေသတွေမှာ ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေကို အမြင့်ဆုံးအဆင့် ၄ အထိ အပြင်းထန်ဆုံး သတ်မှတ်ထားပြီး နိုင်ငံတဝန်း တခြားဒေသမှာတော့ အဆင့် ၃ သတ်မှတ်ထားတာမှာ ဒီစည်းမျဉ်းစည်းကမ်းတွေကို ရှေ့လ ၃ ရက်နေ့အထိ သက်တမ်း တိုးလိုက်တဲ့အကြောင်း ကျန်းမာရေးဝန်ကြီး Kwon Deok-cheol က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG