သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄နာရီအတြင္း ကိုဗစ္ဓါတ္ခြဲအတည္ျပဳ ၄၇၁၃ဦး၊ေသဆုံး၃၁၂ဦး


ကိုဗစ္တတိယလွုိင္းကာလ ရန္ကုန္ျမိဳ ့ေရ၀ေးသုသာန္ျမင္ကြင္း (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ကိုဗစ္-၁၉ တတိယလႈိင္းဟာ ၂ လေက်ာ္လာတဲ့အထိ အရွိန္ေလ်ာ့မသြားေသးဘဲ ေရာဂါပိုး ကူးစက္သူေတြနဲ႔ေသဆုံးသူ အေရအတြက္ဟာ တိုးမ်ားေနဆဲျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္အရ လြန္ခဲ့တဲ့ ၂၄နာရီအတြင္း ဓါတ္ခြဲနမူနာေပါင္း ၁၄,၂၅၇ ဦးကို စစ္ေဆးခဲ့တာမွာ ေရာဂါပိုးကူးစက္သူ၄,၇၁၃ ဦးရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆုံးသူ ၃၁၂ ဦး ရွိခဲ့ေၾကာင္းလည္း ထည့္သြင္း ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း ကိုဗစ္-၁၉ကို စံနစ္တက် က်ယ္က်ယ္ျပန႔္ျပန႔္ စစ္ေဆးႏိုင္ျခင္းမရွိတာအျပင္ ေသဆုံးသူ စာရင္းကိုလည္း တိက်စြာ ျပဳစုႏိုင္ျခင္း မရွိတာေတြေၾကာင့္ ေရာဂါပိုး ကူးစက္သူနဲ႔ ေသဆုံးသူ အေရအတြက္ဟာ က်န္းမာေရးဌာနက ေန႔စဥ္ ထုတ္ျပန္ေနတဲ့ စာရင္းထက္ ပိုမ်ားႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတအဖြဲ႕ေတြက ခန႔္မွန္းထားၾကပါတယ္။

ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသြားသူေတြထဲ ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊ ထင္ရွားတဲ့ အႏုပညာရွင္ေတြနဲ႔ စာေရးဆရာ၊ ကဗ်ာဆရာေတြလည္း အမ်ားအျပား ပါဝင္ပါတယ္။ ျမန္မာ့႐ုပ္ရွင္ေလာကမွာ ထင္ရွားတဲ့ ဝါရင့္ ဟာသသ႐ုပ္ေဆာင္တဦးျဖစ္သူ ဦးစံမတူဟာ ဒီကေန႔ ၾသဂုတ္လ ၃ ရက္ေန႔မွာဘဲ ကြယ္လြန္သြားခဲ့ပါတယ္။ အသက္ ၉၀ ရွိၿပီျဖစ္တဲ့ ဦးစံမတူဟာ အၿငိမ့္သဘင္ေလာကမွာ လူ႐ႊင္ေတာ္တဦးအျဖစ္ပါ နာမည္ႀကီးသူတဦး ျဖစ္ပါတယ္။

မေကြးတိုင္း၊ မင္းလွၿမိဳ႕နယ္မွာေတာ့ ကာကြယ္ေရးနဲ႔စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးစက္႐ုံ (ကပစ) ၃ ခုက ၂၁ ေယာက္အပါအဝင္ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၈၄ ေယာက္ မေန႔ ၾသဂုတ္လ ၂ ရက္ေနံ ေတြ႕ရွိခဲ့တယ္လို႔ ေဒသတြင္း ပရဟိတလုပ္ေနတဲ့ အဖြဲ႕အစည္းေတြက ေျပာပါတယ္။

ႏိုင္ငံအတြင္း ကိုဗစ္-၁၉တတိယလႈိင္း ျဖစ္ေပၚေနတာေၾကာင့္ စစ္ေကာင္စီက ၾသဂုတ္လ ၈ ရက္ေန႔အထိအမ်ားျပည္သူ ႐ုံးပိတ္ရက္အထိ တိုးျမင့္ သတ္မွတ္ထားသလို စာသင္ေက်ာင္းေတြကိုလည္း ၾသဂုတ္လ ၈ ရက္ေန႔အထိပိတ္ထားပါတယ္။ ဒါ့အျပင္ ျပည္နယ္၊ တိုင္းေဒသႀကီး အသီးသီးက ၿမိဳ႕နယ္ေပါင္း ၁၀၀ ေက်ာ္မွာလည္း Stay at home - မလိုအပ္ဘဲ ေနအိမ္အျပင္မထြက္ရအမိန႔္ ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................................................................................

၂၄နာရီအတွင်း သေဆုံး ၄၇၁၃ဦး၊သေဆုံး၃၁၂ဦး

(Unicode)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းဟာ ၂ လကျော်လာတဲ့အထိ အရှိန်လျော့မသွားသေးဘဲ ရောဂါပိုး ကူးစက်သူတွေနဲ့သေဆုံးသူ အရေအတွက်ဟာ တိုးများနေဆဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၁၄,၂၅၇ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူ၄,၇၁၃ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၃၁၂ ဦး ရှိခဲ့ကြောင်းလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ကို စံနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ခြင်းမရှိတာအပြင် သေဆုံးသူ စာရင်းကိုလည်း တိကျစွာ ပြုစုနိုင်ခြင်း မရှိတာတွေကြောင့် ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ ကျန်းမာရေးဌာနက နေ့စဉ် ထုတ်ပြန်နေတဲ့ စာရင်းထက် ပိုများနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသူတွေထဲ နိုင်ငံရေးခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ အနုပညာရှင်တွေနဲ့ စာရေးဆရာ၊ ကဗျာဆရာတွေလည်း အများအပြား ပါဝင်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကမှာ ထင်ရှားတဲ့ ဝါရင့် ဟာသသရုပ်ဆောင်တဦးဖြစ်သူ ဦးစံမတူဟာ ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၉၀ ရှိပြီဖြစ်တဲ့ ဦးစံမတူဟာ အငြိမ့်သဘင်လောကမှာ လူရွှင်တော်တဦးအဖြစ်ပါ နာမည်ကြီးသူတဦး ဖြစ်ပါတယ်။

မကွေးတိုင်း၊ မင်းလှမြို့နယ်မှာတော့ ကာကွယ်ရေးနဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) ၃ ခုက ၂၁ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၄ ယောက် မနေ့ သြဂုတ်လ ၂ ရက်နေံ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်း ပရဟိတလုပ်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

နိုင်ငံအတွင်း ကိုဗစ်-၁၉တတိယလှိုင်း ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီက သြဂုတ်လ ၈ ရက်နေ့အထိအများပြည်သူ ရုံးပိတ်ရက်အထိ တိုးမြင့် သတ်မှတ်ထားသလို စာသင်ကျောင်းတွေကိုလည်း သြဂုတ်လ ၈ ရက်နေ့အထိပိတ်ထားပါတယ်။ ဒါ့အပြင် ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးက မြို့နယ်ပေါင်း ၁၀၀ ကျော်မှာလည်း Stay at home - မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG