သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယကို အင်အားပြင်းမုန်တိုင်း တိုက်ခတ်


အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ရေလွှမ်းမိုးသွားတဲ့ ရွာတရွာကိုတွေ့ရစဉ် (ဇွန် ၁၆၊ ၂၀၂၃)
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ရေလွှမ်းမိုးသွားတဲ့ ရွာတရွာကိုတွေ့ရစဉ် (ဇွန် ၁၆၊ ၂၀၂၃)

အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ဒီနေ့ သောကြာနေ့ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Biparjoy ကြောင့် သင်္ဘောကွန်တိန်နာကြီးတွေ လင့်ထွက်သွားပြီး၊ သစ်ပင်တွေ အမြစ်ကနေကျွတ်ထွက်ကာ လျှပ်စစ်တိုင်တွေလည်းကျိုးသွားခဲ့တဲ့အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ရပါတယ်။ Biparjoy မုန်တိုင်းဒဏ်ကြောင့် အိန္ဒိယအနောက်ပိုင်းနဲ့ ပါကစ္စတန်တောင်ပိုင်းက လူပေါင်း ၂သိန်း နီးပါးဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပါတယ်။

မနှစ်က ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံ Sindh ပြည်နယ်မှာ မုန်တိုင်းကြောင့်ဖြစ်လာမယ့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လာမယ့်ရက်ပိုင်းတွေမှာ ရေကြီးရေလျှံမှုတွေ ထပ်မံကြုံတွေ့ရလိမ့်မယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောပါတယ်။ လူနေအိမ်တွေ၊ ကောက်ပဲသီးနှံတွေ၊ လမ်းတွေနဲ့ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်တွေ သိသိသာသာ ပျက်ဆီးနိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက သတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး Naliya-Bhuj အမြန်လမ်းပေါ် ကျိုးပျက်သွားတဲ့ တံတားတစင်းကိုတွေ့ရစဉ် (ဇွန် ၁၆၊ ၂၀၂၃)
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး Naliya-Bhuj အမြန်လမ်းပေါ် ကျိုးပျက်သွားတဲ့ တံတားတစင်းကိုတွေ့ရစဉ် (ဇွန် ၁၆၊ ၂၀၂၃)

Biparjoy ဟာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို ၇၄ မိုင် ကနေ ၈၇ မိုင် အထိ တိုက်ခတ်နေပြီး၊ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ကို ရွေ့လျားသွားပြီး အားပျော့သွားဖွယ်ရှိတယ်လို့လည်းပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပါကစ္စတန်နိုင်ငံက ပြည်သူတွေအတွက်အစားအသောက်နဲ့ သောက်ရေ အခမဲ့ ပေးဆောင်နေသလို၊ တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ UNICEF ကလည်း အိန္ဒိယနဲ့ ပါကစ္စတန်က ကလေးပေါင်း ၆၂၅,၀၀၀ ဟာ အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG