သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ပွဲစဉ်တွေ ပြီးဆုံးအောင်ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်ပြော


မှတ်တမ်းဓါတ်ပုံ ၂၀၁၉ မေလတုန်းက Persepolis အသင်းနှင့် Pakhtakor အသင်းတို့ AFC ပွဲစဉ်တွင် ကစားစဉ်
မှတ်တမ်းဓါတ်ပုံ ၂၀၁၉ မေလတုန်းက Persepolis အသင်းနှင့် Pakhtakor အသင်းတို့ AFC ပွဲစဉ်တွင် ကစားစဉ်

(Zawgyi/Unicode)

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားရတဲ့ အာရှ Champions League ပြိုင်ပွဲ ဘောလုံးပွဲစဉ်တွေကို ပြီးဆုံးအောင် ကစားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အာရှ ဘောလုံး အဖွဲ့ချုပ်က ထိပ်တန်း တာဝန်ရှိသူတစ်ဦးက သောကြာနေ့က AFP သတင်းကို ပြောပါတယ်။

အာရှဒေသက လူကြိုက်များတဲ့ ဒီ ဘောလုံးပြိုင်ပွဲကို မတ်လ ကတည်းက ရပ်ဆိုင်းထားခဲ့ရလို့ အခု ပြန်ကစားတဲ့အခါ ပွဲစဉ်တွေ ကျပ်ညပ်နေမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ အနောက်အာရှဒေသအုပ်စုပွဲစဉ်တွေကို ကာတာနိုင်ငံမှာ ပြန်ကစား မှာ ဖြစ်သလို အရှေ့အာရှဒေသ အုပ်စုပွဲတွေကိုလည်း အောက်တိုဘာလ ၁၆ရက်နေ့မှာ မလေးရှားနိုင်ငံမှာ ပြန်ကစားမှာဖြစ်ပါတယ်။ အရှေ့အာရှ ကလပ်အသင်းတွေရဲ့ နောက်တဆင့် ပွဲစဉ်တွေကို ဘယ်သူက အိမ်ရှင်အနေနဲ့ တာဝန်ယူမလဲဆိုတာတော့ ခုထိ မသိရ သေးပါဘူး။

ကိုဗစ် ကပ်ရောဂါ အသွားအလာ မပိတ်မှီအထိ ပတ်လည်ပွဲစဉ် ၂ ခုကိုသာ ပြုလုပ်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ကလပ်အသင်းတွေ ဆိုရင် လုံးလုံးလျားလျား ကစားခွင့်မရခဲ့ကြပါဘူး။ ပွဲစဉ်ဇယား ကျပ်ပေမယ့်လို့ ပွဲစဉ်အားလုံးကို ဒီနှစ်ထဲ အပြီး ကစားနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ အာရှ ဘောလုံးအဖွဲ့ချုပ် AFC အထွေထွေအတွင်းရေးမှူး Windsor John က ပြောပါတယ်။

အရှေ့ပိုင်းဇုံနယ်မြေ ပွဲစဉ် အသေးစိတ်ကို အာရှ ဘောလုံးအမှုဆောင်တွေရဲ့ အစည်းအဝေးအပြီး ရှေ့အပတ်ထဲ ကြေညာနိုင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။ အာရှ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကစားဖို့ စီစဉ်ထားပါတယ်။

COVID 19 ကပ်ရောဂါက ကမ္ဘာတစ်ဝှမ်း ဆက်လက် ကူးစက် ဖြစ်ပွားနေဆဲ ဖြစ်သလို အာရှနိုင်ငံ တော်တော်များများမှာလည်း ဗိုင်းရပ်စ် ပျံ့နှံမှုကို အပြင်းအထန် တုန့်ပြန် တိုက်ဖျက်နေရဆဲ ဖြစ်ပေမယ့် အာရှ ချန်ပီယံ လိဂ်ပွဲစဉ်တွေကို ဘေးကင်းရန်ကင်း ကျင်းပနိုင်လိမ့်မယ်လို့လည်း AFC အထွေထွေ အတွင်းရေးမှူး John က ပြောပါတယ်။

စက်တင်ဘာမှာ ကာတာမှာ ပြန်စမယ့် ပွဲတွေမှာလည်း ဥရောပ ချန်ပီယံ လိဂ် ပွဲတွေလိုပဲ လိုက်နာရမယ့် စည်းကမ်းတွေကို ထုတ်ပြန် ထားပါတယ်။

နေ့စဉ် ရောဂါ စမ်းသပ် စစ်ဆေးမှုနဲ့ တည်းခိုရာ ဟိုတယ် အပြင်ကို ကြိုတင်ပြောထားမှာ ထွက်ခွင့်ရတဲ့ စည်းကမ်းတွေ အပါအဝင် တင်း ကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကစားသမားတွေနဲ့ တာဝန်ရှိသူတွေ အားလုံးလိုက်နာရမှာ ဖြစ်ပါတယ်။

အာရှ ချန်ပီယံလိဂ်ဘောလုံးပွဲတွေမှာလည်း ဗွီဒီယို အထောက်အကူပြုစနစ် VAR ကိုအသုံးပြုမယ်လို့ AFC အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)









XS
SM
MD
LG