(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စုကို မၾကာေသးခင္က ေရာက္လာတဲ့ အာဖဂန္ႏုိင္ငံသားေတြၾကားမွာ ဝက္သက္ေရာဂါျဖစ္ေနသူ အေတာ္မ်ားမ်ား ေတြ႔ရတာေၾကာင့္ အာဖဂန္နစၥတန္ကေန ကယ္ထုတ္လာသူေတြကို တင္ၿပီး အေမရိကန္ကို ေရာက္လာမယ့္ ေလယာဥ္ေတြအားလံုးကုိ ယာယီ ဆိုင္းငံ့ထားလိုက္ပါတယ္။
အေမရိကန္ ေရာဂါထိန္းခ်ဳပ္ ကာကြယ္ေရးဌာန (CDC) ရဲ႕ အႀကံေပးခ်က္အရ သတိႀကီးႀကီးထားၿပီး ေလယာဥ္ေတြကို အခုလို ဆိုင္းထားလိုက္တာလို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki က ေသာၾကာေန႔မွာ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။
အေမရိကန္မွာ ေရာက္ေနၿပီးသား အာဖဂန္္ႏုိင္ငံသား ၄ ဦးမွာ ဝက္သက္ေရာဂါ ျဖစ္ေနတာကို စမ္းသပ္ေတြ႔ရွိခဲ့ၿပီးတဲ့ေနာက္ အမ်ားျပည္သူ က်န္းမာေရးဆိုင္ရာ လမ္းၫႊန္ခ်က္ေတြနဲ႔အညီ သူတို႔ကို သီးျခားခြဲထားတယ္လို႔ ေျပာခြင့္ရ Jen Psaki က ေျပာပါတယ္။
ေလယာဥ္ေတြ ဆိုင္းငံ့လိုက္တာဟာ ဂ်ာမနီနဲ႔ ကာတာႏုိင္ငံေတြမွာရွိတဲ့ အေမရိကန္ အေျခစိုက္စခန္းေတြကေန လာမယ့္ ေလယာဥ္ေတြအေပၚ သက္ေရာက္တယ္လို႔ AP သတင္းဌာနက ေျပာပါတယ္။ အေမရိကန္ႏုိင္ငံသား ဒါမွမဟုတ္ အၿမဲတမ္းေနထိုင္ခြင့္ရသူ ေနာက္ထပ္ ၃၂ ေယာက္ဟာ အေမရိကန္ရဲ႕ အကူအညီနဲ႔ အာဖဂန္နစၥတန္ကေန ျပန္ထြက္လာၿပီလို႔ ေသာၾကာေန႔ အေစာပိုင္းမွာ သမၼတအိမ္ျဖဴေတာ္က ေျပာပါတယ္။
အဲဒီထဲက ၁၉ ေယာက္ဟာ ကာတာေလေၾကာင္းလိုင္း ခရီးသည္တင္ေလယာဥ္နဲ႔ ျပန္ထြက္လာတာျဖစ္ၿပီး ၁၃ ေယာက္ကေတာ့ ကုန္းလမ္းကေန ထြက္ခဲ့ၾကတာလို႔ အေမရိကန္ ႏုိင္ငံေတာ္လံုၿခံဳေရးေကာင္စီ ေျပာခြင့္ရ Emily Horne က ေျပာပါတယ္။ အဲဒီ ကာတာေလယာဥ္ဟာ အေမရိကန္တပ္ဖြဲ႔ေတြ အာဖဂန္နစၥတန္ကေန ထြက္သြားခ်ိန္ကတည္းကဆိုရင္ တာလီဘန္ေတြ ခြင့္ျပဳခ်က္နဲ႔ ထြက္ခြာခဲ့တဲ့ ဒုတိယေျမာက္ေလယာဥ္ ျဖစ္ပါတယ္။
--------------------------
(Unicode)
အာဖဂန် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များ ကန် ယာယီဆိုင်းငံ့
အမေရိကန်ပြည်ထောင်စုကို မကြာသေးခင်က ရောက်လာတဲ့ အာဖဂန်နိုင်ငံသားတွေကြားမှာ ဝက်သက်ရောဂါဖြစ်နေသူ အတော်များများ တွေ့ရတာကြောင့် အာဖဂန်နစ္စတန်ကနေ ကယ်ထုတ်လာသူတွေကို တင်ပြီး အမေရိကန်ကို ရောက်လာမယ့် လေယာဉ်တွေအားလုံးကို ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။
အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးဌာန (CDC) ရဲ့ အကြံပေးချက်အရ သတိကြီးကြီးထားပြီး လေယာဉ်တွေကို အခုလို ဆိုင်းထားလိုက်တာလို့ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန်မှာ ရောက်နေပြီးသား အာဖဂန်နိုင်ငံသား ၄ ဦးမှာ ဝက်သက်ရောဂါ ဖြစ်နေတာကို စမ်းသပ်တွေ့ရှိခဲ့ပြီးတဲ့နောက် အများပြည်သူ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ သူတို့ကို သီးခြားခွဲထားတယ်လို့ ပြောခွင့်ရ Jen Psaki က ပြောပါတယ်။
လေယာဉ်တွေ ဆိုင်းငံ့လိုက်တာဟာ ဂျာမနီနဲ့ ကာတာနိုင်ငံတွေမှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းတွေကနေ လာမယ့် လေယာဉ်တွေအပေါ် သက်ရောက်တယ်လို့ AP သတင်းဌာနက ပြောပါတယ်။ အမေရိကန်နိုင်ငံသား ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရသူ နောက်ထပ် ၃၂ ယောက်ဟာ အမေရိကန်ရဲ့ အကူအညီနဲ့ အာဖဂန်နစ္စတန်ကနေ ပြန်ထွက်လာပြီလို့ သောကြာနေ့ အစောပိုင်းမှာ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
အဲဒီထဲက ၁၉ ယောက်ဟာ ကာတာလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်နဲ့ ပြန်ထွက်လာတာဖြစ်ပြီး ၁၃ ယောက်ကတော့ ကုန်းလမ်းကနေ ထွက်ခဲ့ကြတာလို့ အမေရိကန် နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရ Emily Horne က ပြောပါတယ်။ အဲဒီ ကာတာလေယာဉ်ဟာ အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်ကနေ ထွက်သွားချိန်ကတည်းကဆိုရင် တာလီဘန်တွေ ခွင့်ပြုချက်နဲ့ ထွက်ခွာခဲ့တဲ့ ဒုတိယမြောက်လေယာဉ် ဖြစ်ပါတယ်။