သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္ခတ္မႈအၿပီး မႏၲေလးလံုျခံဳေရးတင္းၾကပ္


လံုျခံဳေရး တင္းၾကပ္ထားတဲ့ မႏၱေလးျမိဳ ့ျမင္ကြင္း (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

မႏၲေလးတိုင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္ထဲမွာ ဒီေန႔ ဇြန္လ ၂၂ ရက္အေစာပိုင္းက စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရး လက္နက္ကိုင္အဖြဲ႕တခုတို႔ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ခဲ့ၿပီးေနာက္ မႏၱေလးမွာ လံုၿခံဳေရးတင္းၾကပ္ေနပါတယ္။ ပစ္ခတ္မႈျဖစ္တဲ့ေနရာနဲ႔ လွမ္းတဲ့တျခားၿမိဳ႕နယ္ေတြအထိ လံုၿခံဳေရးေတြ အထူအထပ္ခ်ထားတယ္လို႔ ၿမိဳ႕႔ခံေတြက ေျပာပါတယ္။ မႏၱေလးလံုၿခံဳေရးအေျခအေနကို သတင္းေပးပို႔ထားတာကို ကိုေအာင္ျမတ္သူ ေျပာျပပါမယ္။

မႏၱေလးၿမိဳ႕ ၿမိဳ႕လယ္က ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၅၄ လမ္းနဲ႔ ၁၁၁ လမ္းေဒါင့္မွာ႐ွိတဲ့ ၂ ထပ္တုိက္တလံုးကို စစ္တပ္က ဒီေန႔ ဇြန္ ၂၂ ရက္ မနက္အေစာပိုင္းက
ဝင္ေရာက္စီးနင္းရာက အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ခဲ့ၿပီးေနာက္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္အျပင္ အနီးအနားက ၿမိဳ႕နယ္တခ်ဳိ႕မွာ လံုၿခံဳေရးေတြ တိုးျမွင့္ခ်ထားပါတယ္။ အထူးသျဖင့္ ခ်မ္းျမသာစည္ တဝိုက္နဲ႔ မဟာေအာင္ေျမဘက္မွာ လုံၿခဳံေရးပိုယူထားေၾကာင္း ေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

“မနက္က ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ၿမိဳ႕ထဲမွာ နည္းနည္းလုံၿခဳံေရး တင္းက်ပ္ထားတာရွိတယ္။ ကင္းပုန္းေတြ ပိုခ်ထားတာရွိတယ္။ ညေနပိုင္းက်ေတာ့ က်ေနာ္တို႔ ၆၉ လမ္း၊ ၃၈ x ၃၉ အဲဒီမွာ သူတို႔လမ္းပိတ္ထားတယ္။ ၿပီးေတာ့ က်ေနာ္တို႔ ဒီဘက္ မဟာေအာင္ေျမဘက္မွာ ေဒၚေအာင္ဆန္းစုၾကည္လမ္းလည္း ရွိတယ္၊ အဲဒီေနရာမွာလည္း သူတို႔လုံၿခဳံေရးေတြ အဓိက ခ်ထားတာရွိတယ္ ဘာလို႔ဆို အဲဒီမွာက ရတနာပုံခန္းမရွိတယ္။ ေနာက္ၿပီး ၇၃ အေနာက္ဘက္မွာ ပစ္တာခတ္တာေတြရွိတယ္။”

ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ ပစ္ခတ္မႈေတြျဖစ္ေနခ်ိန္ မႏၲေလးတိုင္းရဲ႕ တျခားၿမိဳ႕နယ္တခ်ိဳ႕မွာ ကားတာယာေတြကို မီးရႈိ႕တာ၊ လမ္းေပၚထြက္ ဆႏၵျပၾကတာေတြ လုပ္ခဲ့ၾကပါတယ္။ ဒီလိုဆႏၵျပသူေတြကိုလည္း လံုၿခံဳေရးတပ္ေတြဖက္က လိုက္လံပစ္ခတ္ခဲ့ေၾကာင္း မဟာေအာင္ေျမၿမိဳ႕နယ္က ေဒသခံတဦးက ေျပာပါတယ္။

၈၄ လမ္းနဲ႔ ၃၅ လမ္းေထာင့္မွာ ဒီေန႔ မနက္အေစာပိုင္းက ေပါက္ကြဲမႈတခုရွိခဲ့သလို ခ်မ္းျမသာစည္ ၿမိဳ႕နယ္ထဲမွာလည္း ေန႔လည္ပိုင္းက ေပါက္ကြဲမႈေတြျဖစ္ခဲ့တယ္လို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေဒသခံတဦးက ေျပာျပပါတယ္။

“ ေပါက္ကြဲမႈေတြျဖစ္တာကေတာ့ မွန္တယ္လို႔ က်ေနာ္အတည္ျပဳေပးလို႔ရတယ္ က်ေနာ္ တဒိန္းဒိန္း ၾကားေနရတာေပါ့ေနာ္ က်ေနာ္တို႔နားေလးဘဲ။ စုစုေပါင္းၾကားတာ ငါးခ်က္ေလာက္ရွိတယ္။ အျပင္ဘက္မွာ ဘယ္ေလာက္အထိ ထိခိုက္ဒဏ္ရာ ရသြားလဲဆိုတာ မေျပာတတ္ဘူး။”

မႏၲေလးတကၠသိုလ္တဝိုက္ အဓိကလမ္းေတြကိုလည္း စစ္ေကာင္စီတပ္ေတြက ပိတ္ထားပါတယ္။ ၈၄ လမ္းနားမွာ လွည့္ကင္းေတြ ခ်ထားသလို လမ္း ၈၀ ေပၚက စာသင္ေက်ာင္းတခုမွာလည္း စစ္ေကာင္စီတပ္တခ်ိဳ႕ တပ္စြဲထားပါတယ္။ တံတားဦးနဲ႔ ျပင္ဦးလြင္လို နီးစပ္ရာၿမိဳ႕နယ္ေတြက တပ္အင္အား တိုးထားတယ္လို႔ ၿမိဳ႔ခံေတြက ေျပာျပပါတယ္။ ခုလို လက္နက္ကိုင္တပ္ဖဲြ႔ဝင္ေတြ အင္အားအျပည့္ ျမင္ေနရတာမို႔ မႏၲေလးၿမိဳ႕ေပၚက လမ္းေတြမွာ လူသြားလူလာ ရွင္းလင္းေနေၾကာင္း လမ္း ၈၀ မွာေနထိုင္သူတဦးက ေျပာပါတယ္။

“ အခုလက္ရွိမွာေတာ့ သူတို႔ေတြက အင္အားေတာ္ေတာ္မ်ားမ်ားက ေျမျပင္ပိုင္းမွာ ျဖန႔္ထားၿပီးၿပီ ျဖစ္တဲ့အတြက္ အခုမွာေတာ့ ခဏၿငိမ္ေနတယ္။ သူတို႔ေတြ တပ္စြဲစရာရွိတာ စြဲထားၿပီးၿပီေပါ့။ အခုေလာေလာဆယ္မွာေတာ့ ေ႐ြ႕လ်ားတာ သိပ္မရွိဘူး။ ျပည္သူေတြ အေနနဲ႔လည္း ေတာ္ေတာ္ေလး ၿငိမ္သြားၿပီလို႔ ေျပကာလို႔ရတာေပါ့။”

ဒီမနက္ပစ္ခတ္မႈေတြအတြင္း လံုၿခံဳေရးတပ္ဖဲြ႔ဝင္တခ်ဳိ႕ အျပင္းအထန္ဒဏ္ရာရခဲ့တယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။ ဒီအေျခအေနေၾကာင့္ မႏၱေလးအဝင္အထြက္ လမ္းေတြ ပိတ္ထားတယ္ဆုိတဲ့ သတင္းတခ်ဳိ႕ထြက္ေပမဲ့ ဗီအိုေအက သီးျခားအတည္မျပဳႏိုင္ပါဘူး။

...............................................................................

ပစ္ခတ္မႈအၿပီး မႏၲေလးလံုျခံဳေရးတင္းၾကပ္
please wait

No media source currently available

0:00 0:02:37 0:00
တိုက္႐ိုက္ လင့္ခ္


ပစ်ခတ်မှုအပြီး မန္တလေးလုံခြုံရေးတင်းကြပ်

(Unicode)

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ထဲမှာ ဒီနေ့ ဇွန်လ ၂၂ ရက်အစောပိုင်းက စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တခုတို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် မန္တလေးမှာ လုံခြုံရေးတင်းကြပ်နေပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ လှမ်းတဲ့တခြားမြို့နယ်တွေအထိ လုံခြုံရေးတွေ အထူအထပ်ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးလုံခြုံရေးအခြေအနေကို သတင်းပေးပို့ထားတာကို ကိုအောင်မြတ်သူ ပြောပြပါမယ်။

မန္တလေးမြို့ မြို့လယ်က ချမ်းမြသာစည်မြို့နယ် ၅၄ လမ်းနဲ့ ၁၁၁ လမ်းဒေါင့်မှာရှိတဲ့ ၂ ထပ်တိုက်တလုံးကို စစ်တပ်က ဒီနေ့ ဇွန် ၂၂ ရက် မနက်အစောပိုင်းက
ဝင်ရောက်စီးနင်းရာက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက်၊ ချမ်းမြသာစည်မြို့နယ်အပြင် အနီးအနားက မြို့နယ်တချို့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။ အထူးသဖြင့် ချမ်းမြသာစည် တဝိုက်နဲ့ မဟာအောင်မြေဘက်မှာ လုံခြုံရေးပိုယူထားကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မနက်က ကိစ္စနဲ့ပတ်သက်ပြီးတော့ မြို့ထဲမှာ နည်းနည်းလုံခြုံရေး တင်းကျပ်ထားတာရှိတယ်။ ကင်းပုန်းတွေ ပိုချထားတာရှိတယ်။ ညနေပိုင်းကျတော့ ကျနော်တို့ ၆၉ လမ်း၊ ၃၈ x ၃၉ အဲဒီမှာ သူတို့လမ်းပိတ်ထားတယ်။ ပြီးတော့ ကျနော်တို့ ဒီဘက် မဟာအောင်မြေဘက်မှာ ဒေါ်အောင်ဆန်းစုကြည်လမ်းလည်း ရှိတယ်၊ အဲဒီနေရာမှာလည်း သူတို့လုံခြုံရေးတွေ အဓိက ချထားတာရှိတယ် ဘာလို့ဆို အဲဒီမှာက ရတနာပုံခန်းမရှိတယ်။ နောက်ပြီး ၇၃ အနောက်ဘက်မှာ ပစ်တာခတ်တာတွေရှိတယ်။”

ချမ်းမြသာစည်မြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်နေချိန် မန္တလေးတိုင်းရဲ့ တခြားမြို့နယ်တချို့မှာ ကားတာယာတွေကို မီးရှို့တာ၊ လမ်းပေါ်ထွက် ဆန္ဒပြကြတာတွေ လုပ်ခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြသူတွေကိုလည်း လုံခြုံရေးတပ်တွေဖက်က လိုက်လံပစ်ခတ်ခဲ့ကြောင်း မဟာအောင်မြေမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

၈၄ လမ်းနဲ့ ၃၅ လမ်းထောင့်မှာ ဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုတခုရှိခဲ့သလို ချမ်းမြသာစည် မြို့နယ်ထဲမှာလည်း နေ့လည်ပိုင်းက ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ် ဒေသခံတဦးက ပြောပြပါတယ်။

“ ပေါက်ကွဲမှုတွေဖြစ်တာကတော့ မှန်တယ်လို့ ကျနော်အတည်ပြုပေးလို့ရတယ် ကျနော် တဒိန်းဒိန်း ကြားနေရတာပေါ့နော် ကျနော်တို့နားလေးဘဲ။ စုစုပေါင်းကြားတာ ငါးချက်လောက်ရှိတယ်။ အပြင်ဘက်မှာ ဘယ်လောက်အထိ ထိခိုက်ဒဏ်ရာ ရသွားလဲဆိုတာ မပြောတတ်ဘူး။”

မန္တလေးတက္ကသိုလ်တဝိုက် အဓိကလမ်းတွေကိုလည်း စစ်ကောင်စီတပ်တွေက ပိတ်ထားပါတယ်။ ၈၄ လမ်းနားမှာ လှည့်ကင်းတွေ ချထားသလို လမ်း ၈၀ ပေါ်က စာသင်ကျောင်းတခုမှာလည်း စစ်ကောင်စီတပ်တချို့ တပ်စွဲထားပါတယ်။ တံတားဦးနဲ့ ပြင်ဦးလွင်လို နီးစပ်ရာမြို့နယ်တွေက တပ်အင်အား တိုးထားတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။ ခုလို လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အင်အားအပြည့် မြင်နေရတာမို့ မန္တလေးမြို့ပေါ်က လမ်းတွေမှာ လူသွားလူလာ ရှင်းလင်းနေကြောင်း လမ်း ၈၀ မှာနေထိုင်သူတဦးက ပြောပါတယ်။

“ အခုလက်ရှိမှာတော့ သူတို့တွေက အင်အားတော်တော်များများက မြေပြင်ပိုင်းမှာ ဖြန့်ထားပြီးပြီ ဖြစ်တဲ့အတွက် အခုမှာတော့ ခဏငြိမ်နေတယ်။ သူတို့တွေ တပ်စွဲစရာရှိတာ စွဲထားပြီးပြီပေါ့။ အခုလောလောဆယ်မှာတော့ ရွေ့လျားတာ သိပ်မရှိဘူး။ ပြည်သူတွေ အနေနဲ့လည်း တော်တော်လေး ငြိမ်သွားပြီလို့ ပြေကာလို့ရတာပေါ့။”

ဒီမနက်ပစ်ခတ်မှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေကြောင့် မန္တလေးအဝင်အထွက် လမ်းတွေ ပိတ်ထားတယ်ဆိုတဲ့ သတင်းတချို့ထွက်ပေမဲ့ ဗီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG