သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးပစ္ခတ္မႈ ကန္၊ ကေနဒါနဲ႔ ျပင္သစ္သံရံုးေတြစိုးရိမ္ေၾကာင္းထုတ္ျပန္


မႏၱေလးပစ္ခတ္မႈေန ့မွာ ျမင္ေတြ ့ရတဲ့သံခ်ပ္ကာ ကားမ်ား (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

မႏၲေလးမွာျဖစ္ခဲ့တဲ့ ဒီကေန႔ ပစ္ခတ္တိုက္ခိုက္မႈေတြအတြက္ စိုးရိမ္မကင္းျဖစ္တဲ့အေၾကာင္း ရန္ကုန္အေျခစိုက္ အေမရိကန္ ကေနဒါနဲ႔ ျပင္သစ္သံရံုးတို႔က အသီးသီးထုတ္ျပန္ခဲ့ၾကပါတယ္။ မႏၲေလးၿမိဳ႕မွာ ဒီကေန႔ အရပ္သားေတြ ေသဆံုး၊ ဒဏ္ရာရတာ ရွိႏုိင္တယ္ဆုိတဲ့ သတင္းေတြအပါအဝင္ ပစ္ခတ္မႈသတင္းေတြကို ေစာင့္ၾကည့္ေနတယ္လုိ႔ ရန္ကုန္၊ အေမရိကန္သံ႐ံုးက ေျပာပါတယ္။

စစ္မက္ေရးရာ တင္းမာလာေနတဲ့အေပၚ စိုးရိမ္ၿပီး အၾကမ္းဖက္မႈ ရပ္တန္႔ဖို႔လည္း အေမရိကန္သံ႐ံုးက ေတာင္းဆိုထားပါတယ္။
မႏၲေလးမွာျဖစ္ခဲ့တဲ့ ၿမိဳ႕ျပတိုက္ပြဲေတြဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းမႈေၾကာင့္ျဖစ္ရတဲ့ လူေသဆံုးမႈကို ထပ္တိုးေစခဲ့တဲ့အေၾကာင္း၊ ဒီအက်ပ္အတည္းေတြကို အဆံုးသတ္ႏုိင္ဖို႔အတြက္ ယံုၾကည္စိတ္ခ်ရၿပီး ေရရွည္တည္တံ့တဲ့ လုပ္ငန္းစဥ္ေတြကို အျမန္အေကာင္အထည္ေဖာ္ဖုိ႔၊ အေျခခံလူ႔အခြင့္အေရးကို ေလးစားဖို႔၊ ၂၀၂၀ ႏိုဝင္ဘာေရြးေကာက္ပြဲမွာ ျပည္သူေတြရဲ႕ ေရြးခ်ယ္မႈကို ေလးစားဖို႔နဲ႔ အာဆီယံအစည္းအေဝး သေဘာတူညီမႈ ၅ ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ အေရးတႀကီး လိုအပ္ေနတယ္ဆုိတာ မႏၲေလးၿမိဳ႕အျဖစ္အပ်က္ေတြက မီးေမာင္းထုိးျပေနတယ္လုိ႔ ရန္ကုန္၊ ျပင္သစ္သံ႐ံုးကလည္း ထုတ္ျပန္ထားပါတယ္။

မႏၲေလးမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ဝင္တခ်ဳိ႕ ခုိလံႈေနတဲ့ အိမ္တလံုးကို စစ္တပ္က ဝင္ေရာက္စီးနင္းရာကေန အျပန္အလွန္ပစ္ခတ္မႈျဖစ္ၿပီး စစ္ေကာင္စီတပ္ဖြဲ႔ဝင္တခ်ဳိ႕ ဒဏ္ရာအျပင္းအထန္ ရခဲ့ၿပီးေတာ့ PDF တပ္ဖြဲ႔ဝင္ ေလးဦးေသဆံုးၿပီး ၈ ေယာက္ ဖမ္းဆီးရမိခဲ့တယ္လုိ႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ အခင္းျဖစ္တဲ့ေနရာကို လာပစ္တဲ့ ကားတစီး ေမာင္းအေျပးမွာ လ ွ်ပ္စစ္ ထရန္စေဖာ္မာနဲ႔ တိုက္မိၿပီး ကားေပၚပါ PDF တပ္ဖြဲ႔ဝင္ေလးဦး ေသဆံုးတဲ့အေၾကာင္း စစ္ေကာင္စီထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
အဲဒီလိုပစ္ခတ္မႈနဲ႔ ေသဆံုးမႈေတြ ရွိခဲ့တဲ့ၾကားမွာပဲ မႏၲေလးမွာ ဆႏၵျပပြဲေတြရွိခဲ့သလို ရန္ကုန္မွာလည္း လူငယ္ေတြက လ ွ်ပ္တပ်က္သပိတ္နဲ႔ ဆႏၵျပခဲ့ၾကပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဇြန္လ ၂၁ ရက္ေန႔အထိဆိုရင္ ေသဆံုးသူေပါင္း ၈၇၃ ေယာက္ရွိၿပီျဖစ္သလို လက္ရွိအခ်ိန္ထိ ဖမ္းဆီးခံထားရသူ ၅,၀၀၀ ေက်ာ္ၿပီလို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ကထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဒီေသဆံုးသူအေရအတြက္ဟာ ခ်ဲ႕ကားထားတာလို႔ တုံ႔ျပန္ေျပာဆိုထားပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


မန္တလေးပစ်ခတ်မှု ကန်၊ ကနေဒါနဲ့ ပြင်သစ်သံရုံးတွေစိုးရိမ်ကြောင်းထုတ်ပြန်

(Unicode)

မန္တလေးမှာဖြစ်ခဲ့တဲ့ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွက် စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ရန်ကုန်အခြေစိုက် အမေရိကန် ကနေဒါနဲ့ ပြင်သစ်သံရုံးတို့က အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာ ဒီကနေ့ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရတာ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေအပါအဝင် ပစ်ခတ်မှုသတင်းတွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန်၊ အမေရိကန်သံရုံးက ပြောပါတယ်။

စစ်မက်ရေးရာ တင်းမာလာနေတဲ့အပေါ် စိုးရိမ်ပြီး အကြမ်းဖက်မှု ရပ်တန့်ဖို့လည်း အမေရိကန်သံရုံးက တောင်းဆိုထားပါတယ်။
မန္တလေးမှာဖြစ်ခဲ့တဲ့ မြို့ပြတိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်ရတဲ့ လူသေဆုံးမှုကို ထပ်တိုးစေခဲ့တဲ့အကြောင်း၊ ဒီအကျပ်အတည်းတွေကို အဆုံးသတ်နိုင်ဖို့အတွက် ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့တဲ့ လုပ်ငန်းစဉ်တွေကို အမြန်အကောင်အထည်ဖော်ဖို့၊ အခြေခံလူ့အခွင့်အရေးကို လေးစားဖို့၊ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားဖို့နဲ့ အာဆီယံအစည်းအဝေး သဘောတူညီမှု ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာ မန္တလေးမြို့အဖြစ်အပျက်တွေက မီးမောင်းထိုးပြနေတယ်လို့ ရန်ကုန်၊ ပြင်သစ်သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။

မန္တလေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ခိုလှုံနေတဲ့ အိမ်တလုံးကို စစ်တပ်က ဝင်ရောက်စီးနင်းရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီးတော့ PDF တပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ၈ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခင်းဖြစ်တဲ့နေရာကို လာပစ်တဲ့ ကားတစီး မောင်းအပြေးမှာ လ ျှပ်စစ် ထရန်စဖော်မာနဲ့ တိုက်မိပြီး ကားပေါ်ပါ PDF တပ်ဖွဲ့ဝင်လေးဦး သေဆုံးတဲ့အကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီလိုပစ်ခတ်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တဲ့ကြားမှာပဲ မန္တလေးမှာ ဆန္ဒပြပွဲတွေရှိခဲ့သလို ရန်ကုန်မှာလည်း လူငယ်တွေက လ ျှပ်တပျက်သပိတ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လ ၂၁ ရက်နေ့အထိဆိုရင် သေဆုံးသူပေါင်း ၈၇၃ ယောက်ရှိပြီဖြစ်သလို လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၅,၀၀၀ ကျော်ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီသေဆုံးသူအရေအတွက်ဟာ ချဲ့ကားထားတာလို့ တုံ့ပြန်ပြောဆိုထားပါတယ။်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG