သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ဂျီးရီးယားစစ်လေယာဉ် ပျက်ကျ လူ ၂၅၇ဦး သေဆုံး


အယ်လ်ဂျီးရီးယားနိုင်ငံမှာ စစ်သားတွေ လိုက်ပါလာတဲ့ စစ်လေယာဉ်တစင်း ပျက်ကျရာက လူ ၂၅၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ မြို့တော် Algiers ရဲ့ အနောက်တောင်ဘက် ၂၅ ကီလိုမီတာ အကွာ Boufarik လေတပ် အခြေစိုက်စခန်းအနီး လေယာဉ်ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့တာလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ခရီးသည် ၂၄၇ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၁၀ ဦး ပါဝင်ခဲ့ပြီး၊ အများစုကတော့ စစ်သည်တွေနဲ့ မိသားစုတွေ ဖြစ်ကြပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဘယ်သူဘယ်ဖြစ်ကြောင်း စစ်ဆေးဖို့ Ain Naddja မြို့က စစ်ဆေးရုံကို ပို့ဆောင်ထားကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက Tindouf မြို့ကို ပျံသန်းမယ့် လေယာဉ် ပျက်ကျခဲ့တာ ဖြစ်ကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။ ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက ဆိုဗီယက်ယူနီယံလက်ထက်မှာ ပုံစံထုတ် ထုတ်လုပ်ခဲ့တဲ့ Il-76 အမျိုးအစား လေယာဉ်တွေဟာ ဘေးကင်းလုံခြုံရေးမှုမှာ နာမည်ကောင်းရှိပြီး၊ စီးပွားရေး လုပ်ငန်းသုံး အတွက်ရော စစ်ဘက်ဆိုင်ရာ အတွက်ပါ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ အသုံးများကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG