သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီတွင်း အကွဲအပြဲ


ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း။ (ယခင် မှတ်တမ်းရုပ်ပုံ)
ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း။ (ယခင် မှတ်တမ်းရုပ်ပုံ)

{{Zawgyi/Unicode}}


ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ALP ရဲ့ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို ပါတီစည်း မျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာကြောင့် ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ALP ပါတီက မနေ့က ထုတ်ပြန်ထားပါတယ်။ စောမြရာဇာလင်းဘက်ကတော့ ပါတီနဲ့လမ်းစဉ်နဲ့မကိုက်ညီတာကြောင့် သူကိုယ်တိုင်ပါတီအသစ်ဖွဲ့လိုက်ပြီလို့ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီနဲ့ အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အတွင်းမှာ သဘောထားကွဲလွဲနေတာကြောင့် စောမြရာဇာလင်းကိုယ်တိုင် ဥက္ကဋ္ဌနေရာကိုယူပြီး ALP ပါတီကို အသစ်တဖန်ဖွဲ့စည်းလိုက်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ALP ပါတီက ထုတ်ပြန်ထားပါတယ်။

အခုလို ပါတီသစ်ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်အပါအဝင် ပါတီရဲ့ဗဟိုကော်မတီတွေကို အသိမပေးဘဲ စောမြရာဇာလင်းက ထုတ်ပြန်လိုက်တာဖြစ်တဲ့အတွက် စောမြရာဇာလင်းကို ပါတီစည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တာကြောင့် ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ALP ပါတီပြောခွင့်ရ ခိုင်ကျော်ခိုင်က ပြောပါတယ်။

“သူက ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်အပါအဝင် ပါတီဗဟိုကော်မတီ ၉၀ ရာခိုင်နှုန်းကျော်လောက်ကို အသိမပေးဘဲ သူ့ဖာသာသူ ပါတီဥက္ကဋ္ဌဆိုပြီးတော့ ပြန်ဖွဲ့လိုက်တယ်။ ဆိုတော့ ဒီလိုလုပ်ရပ်တွေက ပါတီမှာ ဖွဲ့စည်းပုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သူက ပါတီနဲ့ မသက်ဆိုင်ဘူးပေါ့နော်။ သူ ALP နာမည်ကိုသုံးစွဲနေတဲ့ဟာတွေ၊ ALPတံဆိပ်သုံးစွဲနေတဲ့ သူ့ရဲ့လုပ်ရပ်တွေက ကျနော်တို့ ALP ပါတီနဲ့ ဘာမှ သက်ဆိုင်မှုမရှိတော့ပါဘူးလို့။”

ဒါ့ပြင် စောရာဇာလင်းအနေနဲ့ စစ်တွေဘက်ကိုခရီးထွက်လာတဲ့ ALP ပါတီရဲ့ ဒုတိယစစ်ဦးစီးချုပ်နဲ့ ရဲဘော် ၅ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစောပိုင်းက စစ်တွေလေဆိပ်မှာ စစ်ကောင်စီအကူအညီနဲ့ဖမ်းဆီးပြီးတော့ စစ်တွေက ALP စခန်းမှာထိန်းသိမ်းထားတယ်လို့လည်း ALP ပါတီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ပါတီဥက္ကဋ္ဌခိုင်ရဲခိုင်ဦးဆောင်တဲ့ ALP ပါတီနဲ့ စောမြရာဇာလင်းဦးဆောင်တဲ့ ALP ပါတီဆိုပြီး နှစ်ဖွဲ့ကွဲနေပါတယ်။ ပါတီကနေထုတ်ပယ်ခံရလိုက်တာနဲ့ပတ်သက်ပြီးတော့ စောမြရာဇာလင်းက အခုလို ပြောပါတယ်။

“ကျမပြောချင်တာက ကျမကို ထုတ်ပယ်စရာမှမလိုတော့တာ။ ကျမက သူတို့ကို ထားခဲ့ပြီးပြီလေ။ ကျမက ကိုယ့်လမ်းစဉ်အတိုင်း ကိုယ်သွားဖို့ရာအတွက် ကျမပါတီကို ကျမဖွဲ့စည်းလိုက်ပြီဆိုကတည်းက သူတို့နဲ့မှ မပတ်သက်တော့တာ။ အဲဒါကြောင့် သူတို့ ကျမကိုထုတ်ပယ်လို့မရဘူး။ ကျမ သူတို့ကိုထားခဲ့ပြီးပြီဆိုတာပဲ ပြောချင်ပါတယ်။”

ALP ပါတီကို ၁၉၆၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ALP ပါတီအနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ ပါတီတခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}










XS
SM
MD
LG