သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Amazon ကုမၸဏီဝန္ထမ္း ၂၀,၀၀၀ နီးပါး ကိုဗစ္ကူးစက္ခံထားရ


Amazon ကုမၸဏီမွာ အလုပ္လုပ္ေနတဲ့ ၀န္ထမ္းတဦး။ (ဒီဇင္ဘာ ၁၇၊ ၂၀၁၉)

[Zawgyi/Unicode]

Amazon ကုမၸဏီရဲ႕ ၀န္ထမ္းအင္အား ၁.၄၄ ရာခိုင္ႏႈန္း ျဖစ္တဲ့ ၀န္ထမ္းအေရအတြက္ ၁၉,၈၀၀ ေက်ာ္ ကို႐ုိနာဗုိင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ Amazon ကုမၸဏီက ၾကာသပေတးေန႔က ေၾကျငာလိုက္ပါတယ္။ ကမာၻ႔အႀကီးဆုံး အြန္လိုင္းအေရာင္း ကုမၸဏီျဖစ္တဲ့ Amazon ကုမၸဏီရဲ႕ ကပ္ေရာဂါအေရး တုံ႔ျပန္ေဆာင္ရြက္ေနပုံနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ ၀န္ထမ္းတခ်ိဳ႕အပါအ၀င္ လႊတ္ေတာ္အမတ္ေတြ၊ အလုပ္သမားသမဂၢေတြက ေ၀ဖန္ခဲ့ၾကၿပီး Amazon ကုမၸဏီဟာ ကပ္ေရာဂါကာလအတြင္းမွာ သူတုိ႔ရဲ႕ ဂိုေဒါင္ေတြကို မရပ္နားဘဲ ဆက္ဖြင့္ထားတာေၾကာင့္ အလုပ္သမားေတြကို အႏၱရာယ္ျဖစ္ေစတယ္လို႔ ေျပာၾကပါတယ္။ ဒါေပမဲ့လည္း Amazon ကုမၸဏီကေတာ့ သူတုိ႔ရဲ႕ ၀န္ထမ္းေတြထဲမွာ ေရာဂါကူးစက္မႈဟာ ေမွ်ာ္လင့္ထားတာထက္ ၄၂ ရာခိုင္ႏႈန္း ပိုနည္းတယ္လို႔ ဆိုပါတယ္။

ကပ္ေရာဂါကာလအတြင္း လူေတြ အျပင္မထြက္ဘဲ အိမ္ထဲမွာေနရတာေၾကာင့္ အြန္လိုင္းကေန ေစ်း၀ယ္သူအေရအတြက္ အလြန္ကို ျမင့္တက္ေနတဲ့အတြက္ Amazon ကုမၸဏီကလည္း သူတုိ႔ရဲ႕ ဂုိေဒါင္ေတြကို မပိတ္ဘဲ ဆက္ၿပီးေတာ့ ဖြင့္ထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၁ ရက္ေန႔ကေန စက္တင္ဘာလ ၁၉ ရက္ေန႔အထိ Amazon နဲ႔ Whole Foods ေစ်းဆုိင္ေတြမွာ အလုပ္လုပ္ေနတဲ့သူ ၁,၃၇၀,၀၀၀ ေက်ာ္ထဲက ၁၉,၈၁၆ ေယာက္ ဗုိင္းရပ္စ္ကူးစက္ခံရတယ္လို႔ Amazon ကုမၸဏီက ေျပာပါတယ္။

စေကာ့တလန္မွာေတာ့ လႊတ္ေတာ္အမတ္တစ္ေယာက္ဟာ ကိုဗစ္ ၁၉ ေရာဂါကူးစက္ခံထားရၿပီးတဲ့ေနာက္ သီးသန္႔ခြဲမေနဘဲ ခရီးသြားခဲ့တာေၾကာင့္ စေကာ့တလန္ အစိုးရအဖဲြ႔ေခါင္းေဆာင္က သူ႔ကို အမတ္အျဖစ္ကေန ႏုတ္ထြက္ဖို႔ ေတာင္းဆုိလိုပါတယ္။

အေမရိကန္မွာ ေရာဂါကူးစက္ခံထားရတဲ့သူ ၇.၂ သန္းေက်ာ္ နဲ႔ ေသဆုံးသူဟာ ၂၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။ ကမာၻတ၀န္းမွာေတာ့ ေရာဂါကူးစက္သူ ၃၄ သန္း ေက်ာ္နဲ႔ ေသဆုံးသူက ၁,၀၀၀,၀၀၀ ေက်ာ္ရွိတယ္လို႔ Johns Hopkins တကၠသိုလ္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Amazon ကုမ္ပဏီဝန်ထမ်း ၂၀,၀၀၀ နီးပါး ကိုဗစ်ကူးစက်ခံထားရ

Amazon ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အား ၁.၄၄ ရာခိုင်နှုန်း ဖြစ်တဲ့ ဝန်ထမ်းအရေအတွက် ၁၉,၈၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ Amazon ကုမ္ပဏီက ကြာသပတေးနေ့က ကြေငြာလိုက်ပါတယ်။ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းအရောင်း ကုမ္ပဏီဖြစ်တဲ့ Amazon ကုမ္ပဏီရဲ့ ကပ်ရောဂါအရေး တုံ့ပြန်ဆောင်ရွက်နေပုံနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဝန်ထမ်းတချို့အပါအဝင် လွှတ်တော်အမတ်တွေ၊ အလုပ်သမားသမဂ္ဂတွေက ဝေဖန်ခဲ့ကြပြီး Amazon ကုမ္ပဏီဟာ ကပ်ရောဂါကာလအတွင်းမှာ သူတို့ရဲ့ ဂိုဒေါင်တွေကို မရပ်နားဘဲ ဆက်ဖွင့်ထားတာကြောင့် အလုပ်သမားတွေကို အန္တရာယ်ဖြစ်စေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း Amazon ကုမ္ပဏီကတော့ သူတို့ရဲ့ ဝန်ထမ်းတွေထဲမှာ ရောဂါကူးစက်မှုဟာ မျှော်လင့်ထားတာထက် ၄၂ ရာခိုင်နှုန်း ပိုနည်းတယ်လို့ ဆိုပါတယ်။

ကပ်ရောဂါကာလအတွင်း လူတွေ အပြင်မထွက်ဘဲ အိမ်ထဲမှာနေရတာကြောင့် အွန်လိုင်းကနေ ဈေးဝယ်သူအရေအတွက် အလွန်ကို မြင့်တက်နေတဲ့အတွက် Amazon ကုမ္ပဏီကလည်း သူတို့ရဲ့ ဂိုဒေါင်တွေကို မပိတ်ဘဲ ဆက်ပြီးတော့ ဖွင့်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၉ ရက်နေ့အထိ Amazon နဲ့ Whole Foods ဈေးဆိုင်တွေမှာ အလုပ်လုပ်နေတဲ့သူ ၁,၃၇၀,၀၀၀ ကျော်ထဲက ၁၉,၈၁၆ ယောက် ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ Amazon ကုမ္ပဏီက ပြောပါတယ်။

စကော့တလန်မှာတော့ လွှတ်တော်အမတ်တစ်ယောက်ဟာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံထားရပြီးတဲ့နောက် သီးသန့်ခွဲမနေဘဲ ခရီးသွားခဲ့တာကြောင့် စကော့တလန် အစိုးရအဖွဲ့ခေါင်းဆောင်က သူ့ကို အမတ်အဖြစ်ကနေ နုတ်ထွက်ဖို့ တောင်းဆိုလိုပါတယ်။

အမေရိကန်မှာ ရောဂါကူးစက်ခံထားရတဲ့သူ ၇.၂ သန်းကျော် နဲ့ သေဆုံးသူဟာ ၂၀၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာတော့ ရောဂါကူးစက်သူ ၃၄ သန်း ကျော်နဲ့ သေဆုံးသူက ၁,၀၀၀,၀၀၀ ကျော်ရှိတယ်လို့ Johns Hopkins တက္ကသိုလ်က ပြောပါတယ်။

XS
SM
MD
LG