သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားကာကွယ်ရေးဥပဒေတွေ စစ်ကောင်စီလေးစားဖို့ ကန်တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Vedant Patel  
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Vedant Patel  

{{Zawgyi/Unicode}}

ကလေးတွေအပါအဝင် လူ ၅၀ မကသေဆုံးခဲ့ပြီး အနည်းဆုံး ၃၀ ဒဏ်ရာရရှိခဲ့တဲ့ မြန်မာစစ်တပ် ရဲ့ လေကြောင်းတိုက်ခိုက်မှုသတင်းတွေအတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Vedant Patel က ပြောပါတယ်။ ထိတ်လန့်တုန်လှုပ်ဖွယ်အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားရေး အကူအညီကို အဟန့်အတားမရှိပေးခွင့်ပြုဖို့နဲ့ စစ်မှန်ပြီး လူတိုင်းပါဝင်နိုင်ကြမယ့် ပြည်သူလူထုရဲ့ဒီမိုကရေစီလိုလားချက်ကို လေးစားဖို့လည်း သတင်းထုတ်ပြန်ချက်မှာ မြန်မာစစ်တပ် ကို တောင်းဆိုလိုက်ပါတယ်။

ဧပြီလ ၁၀ ရက်နေတုန်းက ချင်းပြည်နယ်မှာ လေကြောင်းက တိုက်ခိုက်တာကြောင့် လူ ၉ ယောက် သေဆုံးခဲ့ပြီးတဲ့နောက် ဒါဟာ ထပ်ဖြစ်လာခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ ဒီ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ စစ်ကောင်စီက လူ့အသက်တွေအပေါ် အလေးမထားတာကို ပြသလိုက်တာဖြစ်သလို ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအတွက် စစ်ကောင်စီမှာ တာဝန်ရှိတာကိုလည်း ပြသလိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးရေးအပါအဝင် နိုင်ငံတကာလူသားချင်း စာနာထောက်ထားရေး ဥပဒေကို မြန်မာစစ်တပ်က လေးစားရမယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ မတော်မတရားမှုတွေအတွက် စစ်ကောင်စီကိုအရေးယူဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ အမေရိကန်ပြည်ထောင်စုက လက်တွဲလုပ်ဆောင်မယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ကတိကဝတ်ပြုလိုက်ပါတယ်။

အရပ်သားကာကွယ်ရေးဥပဒေတွေ စစ်ကောင်စီလေးစားဖို့ ကန်တိုက်တွန်း
please wait

No media source currently available

0:00 0:01:50 0:00
တိုက်ရိုက် လင့်ခ်

===================

{{Unicode}}





XS
SM
MD
LG