သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Amy Barrett ကို တရားရုံးချုပ် တရားသူကြီးသစ်အဖြစ် ကန်အထက်လွှတ်တော် အတည်ပြု 


(Zawgyi/Unicode)

လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာအတွက် အမည်စာရင်း တင်သွင်းထားတဲ့ Amy Coney Barrett ကို အမေရိကန် အထက်လွှတ်တော်က တနင်္လာနေ့ ညနေပိုင်းမှာ မဲခွဲဆုံး ဖြတ် အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အထက်လွှတ်တော်က ထောက်ခံမဲ ၅၂ မဲ ကန့်ကွက်မဲ ၄၈ မဲနဲ့ အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် အမည်စာရင်း တင်သွင်းခဲ့တဲ့ တတိယမြောက် ကွန်ဆာဗေးတစ် တရားသူကြီးတဦး ထပ်တိုးလာတဲ့အတွက် တရားသူကြီး ၉ ပါးထိုင် တရားရုံးချုပ်မှာ ရှေးရိုးအယူရှိတဲ့ ကွန်ဆာဗေးတစ်တွေက လစ်ဘရယ်တွေ ထက် ၆ ဦး ၃ ဦးနဲ့ အများစု ဖြစ်လာပါတယ်။

အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကင်တွေက အမတ်နေရာ ၅၃ နေရာ၊ ဒီမိုကရက်က ၄၇ နေရာ နဲ့ အများစုဖြစ်ပါတယ်။ ရီပတ်ဘလစ်ကင်တွေထဲက Maine ပြည်နယ် အထက်လွှတ်တော် အမတ် Susan Collins ကပဲ ရွေးကောက်ပွဲ သိပ်နီးကပ်နေတာကြောင့် Barrett ကို အတည်ပြုရေး အတွက် သူူမဲပေးမှာ မဟုတ်ဖူးကြောင်းနဲ့ ရွေးကောက်ပွဲ အပြီး တက်လာတဲ့ သမ္မတကသာ လစ်လပ်နေတဲ့ တရားသူကြီး နေရာ ရွေးချယ်ဖို့ ပြောခဲ့တာပါ။

လစ်ဘရယ်အယူရှိတဲ့ ကွယ်လွန်သူ တရားသူကြီး Ruth Bader Ginsburg နေရာအတွက် အလျင်စလို ရွေးချယ်ဆောင်ရွက်နေတာကို ဒီမိုကရက်တွေဘက်က ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ သူမအတွက်နောက်ဆုံး မဲခွဲမဆုံးဖြတ်ခင် ဒီမိုကရက်တွေဘက်က အချိန်ဆွဲမှုတွေ အဆုံးသတ်စေဖို့ အထက်လွှတ်တော်က ၅၁ မဲ ၄၈ မဲနဲ့ မဲခွဲအတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG