သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္ခတ္ခံခဲ့ရတဲ့ျမေတာင္သပိတ္အဖြဲ႕ ဆႏၵျပမပ်က္


မႏၱေလးၿမိဳ႕က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပတဲ့ျမင္ကြင္း။ (ဇူလုိင္ ၃၊ ၂၀၂၁)

(Zawgyi/Unicode)

ႏိုင္ငံတဝန္းမွာ စစ္တပ္နဲ႔ရဲက လုံၿခဳံေရးတင္းက်ပ္ၿပီး ပစ္ခတ္ ၿဖိဳခြဲ ဖမ္းဆီးတာေတြ ဆက္လုပ္ေနသလို ကိုဗစ္တတိယလႈိင္းအႏၲရာယ္လည္း ရွိေနတဲ့ၾကားမွာပဲ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တဲ့ ဆႏၵျပပြဲေတြ ေဒသတခ်ိဳ႕မွာ ဆက္ရွိေနဆဲပါပဲ။ ဒီကေန႔ ရန္ကုန္၊ သဃၤန္းကြၽန္း၊ သုဝဏၰအရပ္မွာ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ တကသ သပိတ္စစ္ေၾကာင္းထြက္ၿပီး တကၠသိုလ္ေက်ာင္းသားလူငယ္ေတြ ေႂကြးေက်ာ္ ဆႏၵျပခဲ့ၾကပါတယ္။

အဂၤါေန႔က မႏၲေလး၊ ျမေတာင္သပိတ္စစ္ေၾကာင္းကို စစ္တပ္က ပစ္ခတ္ၿဖိဳခြဲခဲ့တာေၾကာင့္ ေသဆုံးသူေတြကို ေအာက္ေမ့ဂုဏ္ျပဳတဲ့ ဆႏၵျပပြဲလည္းျဖစ္တယ္လို႔ ပါဝင္သူေတြကေျပာပါတယ္။ျမေတာင္သပိတ္စစ္ေၾကာင္းဟာ မေန႔က အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲ ဖမ္းဆီးခံရတာေတြ ရွိခဲ့ေပမယ့္လည္း ဒီကေန႔ဆက္ၿပီး ထြက္ခဲ့ပါတယ္။ မေန႔က စစ္တပ္က ပစ္ခတ္ၿပီး ဖမ္းဆီးသြားသူေတြထဲက ေသဆုံးသူေတြ ရွိခဲ့တယ္လို႔ ဆႏၵျပပြဲဦးေဆာင္သူတဦးက ေျပာထားပါတယ္။

ေန႔စဥ္မပ်က္လို ဆႏၵျပပြဲေတြရွိေနတဲ့ မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္၊ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ တနသၤာရီတိုင္းက ထားဝယ္နဲ႔ ေလာင္းလုံးၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းက ကေလး၊ ဆားလင္းႀကီးနဲ႔ ယင္းမာပင္ၿမိဳ႕နယ္ စတဲ့ေနရာေတြမွာလည္း ဆႏၵျပပြဲေတြရွိခဲ့ပါတယ္။

စစ္တပ္က ပစ္ခတ္ ၿဖိဳခြဲတာေၾကာင့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းကေန ဇူလိုင္လ ၂၇ ရက္ေန မေန႔ကအထိဆိုရင္ ေသဆုံးရသူေပါင္း ၉၃၄ ေယာက္ရွိၿပီျဖစ္ၿပီး ခုခ်ိန္ထိ ဖမ္းဆီးခံထားရသူေပါင္းက ၅၄၀၀ နီးပါးရွိတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ AAPP က ထုတ္ျပန္ထားပါတယ္။ ဒါေပမယ့္လည္း စစ္ေကာင္စီကေတာ့ အဲဒီေသဆုံးသူအေရအတြက္ဟာ လုပ္ႀကံ ခ်ဲ႕ကားထားတာလို႔ ျပန္ျငင္းခ်က္ထုတ္ထားပါတယ္။

..............................................................................................

ပစ်ခတ်ခံခဲ့ရတဲ့မြတောင်သပိတ်အဖွဲ့ ဆန္ဒပြမပျက်

(Unicode)

နိုင်ငံတဝန်းမှာ စစ်တပ်နဲ့ရဲက လုံခြုံရေးတင်းကျပ်ပြီး ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာတွေ ဆက်လုပ်နေသလို ကိုဗစ်တတိယလှိုင်းအန္တရာယ်လည်း ရှိနေတဲ့ကြားမှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒေသတချို့မှာ ဆက်ရှိနေဆဲပါပဲ။ ဒီကနေ့ ရန်ကုန်၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏအရပ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ သပိတ်စစ်ကြောင်းထွက်ပြီး တက္ကသိုလ်ကျောင်းသားလူငယ်တွေ ကြွေးကျော် ဆန္ဒပြခဲ့ကြပါတယ်။

အင်္ဂါနေ့က မန္တလေး၊ မြတောင်သပိတ်စစ်ကြောင်းကို စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် သေဆုံးသူတွေကို အောက်မေ့ဂုဏ်ပြုတဲ့ ဆန္ဒပြပွဲလည်းဖြစ်တယ်လို့ ပါဝင်သူတွေကပြောပါတယ်။မြတောင်သပိတ်စစ်ကြောင်းဟာ မနေ့က အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပေမယ့်လည်း ဒီကနေ့ဆက်ပြီး ထွက်ခဲ့ပါတယ်။ မနေ့က စစ်တပ်က ပစ်ခတ်ပြီး ဖမ်းဆီးသွားသူတွေထဲက သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးက ပြောထားပါတယ်။

နေ့စဉ်မပျက်လို ဆန္ဒပြပွဲတွေရှိနေတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနင်္သာရီတိုင်းက ထားဝယ်နဲ့ လောင်းလုံးမြို့နယ်၊ စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ် စတဲ့နေရာတွေမှာလည်း ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။

စစ်တပ်က ပစ်ခတ် ဖြိုခွဲတာကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကနေ ဇူလိုင်လ ၂၇ ရက်နေ မနေ့ကအထိဆိုရင် သေဆုံးရသူပေါင်း ၉၃၄ ယောက်ရှိပြီဖြစ်ပြီး ခုချိန်ထိ ဖမ်းဆီးခံထားရသူပေါင်းက ၅၄၀၀ နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီကတော့ အဲဒီသေဆုံးသူအရေအတွက်ဟာ လုပ်ကြံ ချဲ့ကားထားတာလို့ ပြန်ငြင်းချက်ထုတ်ထားပါတယ်။

Myanmar Protest
please wait

No media source currently available

0:00 0:01:28 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG