သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္ လူခ်မ္းသာရပ္ကြက္ထဲ ကားေတြနဲ႔လွည့္လည္ဆႏၵျပ


ဘန္ေကာက္ျမိဳ ့လည္ ဆႏၵျပပြဲတခု ( ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲေတြ ဆက္ေပၚေပါက္ေနၿပီး တနဂၤေႏြေန႔ကေတာ့ ဘန္ေကာက္ၿမိဳ႕ အခ်မ္းသာဆုံးလူေတြရဲ႕ ရပ္ကြက္ေတြထဲ ဇိမ္ခံကားေတြနဲ႔ လွည့္လွည္ၿပီး ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ႏႈတ္ထြက္ေပးဖို႔ ဆႏၵျပ ေတာင္းဆိုခဲ့ၾကပါတယ္။ ထိုင္းအစိုးရအေနနဲ႔ ဆိုး႐ြားလာတဲ့ ကို႐ိုနာဗိုင္းရပ္ကပ္ေရာဂါကိုေရာ ႏိုင္ငံေရးဆႏၵျပပြဲေတြနဲ႔ပါ အၾကပ္အတည္း ႏွစ္မ်ိဳးနဲ႔တၿပိဳင္ထဲရင္ဆိုင္ေနရတာျဖစ္ပါတယ္။

အစိုးရက လူစုလူေဝးမလုပ္ရတားျမစ္ခ်က္ကို ဆန႔္က်င္အာခံၿပီး စု႐ုံးလာၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့လူငယ္လူ႐ြယ္ေတြက အစိုးရရဲ႕ကာကြယ္ေဆးထိုးႏွံမႈ ၾကန႔္ၾကာေကြးလြန္းတဲ့အေပၚမွာလည္း စိတ္ဆိုးေဒါသထြက္ေနၾကပါတယ္။ ထိုင္းႏိုင္ငံမွာ ႏိုင္ငံ့လူဦးေရရဲ႕ ၆ ရာခိုင္ႏႈန္းကိုပဲ ကာကြယ္ေဆးအျပည့္ထိုးရပါေသးတယ္။ ဆႏၵျပသူေတြကို ထိုင္းရဲတို႔က မ်က္ရည္ယိုဗုံးေတြ၊ ရာဘာက်ည္ဆံေတြနဲ႔ပါ စေနေန႔က ၿဖိဳခြင္းခဲ့ပါတယ္။

တနဂၤေႏြေန႔က ဘန္ေကာက္ Thong Lor ခ႐ိုင္ထဲမွာ လွည့္လွည္ဆႏၵျပတဲ့ ကားတန္းႀကီးကို ထိုင္းဝန္ႀကီးခ်ဳပ္ကိုအရင္တုန္းကသစၥာခံခဲ့တဲ့ သေဘာထား တင္းမာသူ Tanat Thanakitamnuay က ဦးေဆာင္ခဲ့ပါတယ္။ ဒီရပ္ကြက္ဟာ ထိုင္းဝန္ႀကီးခ်ဳပ္ ခ်ိန္အိုခ်ာရဲ႕ ကြန္ဆာေဗးတစ္ပါတီကို အမာခံေထာက္ခံတဲ့ ႏိုင္ငံေရးမဟာမိတ္ေတြ ေနတဲ့ေနရာလည္းျဖစ္ပါတယ္။

.....................................................................................

တိုက္႐ိုက္ လင့္ခ္


ဘန်ကောက် လူချမ်းသာရပ်ကွက်ထဲ ကားတွေနဲ့လှည့်လည်ဆန္ဒပြ

(Unicode)

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ပေါ်ပေါက်နေပြီး တနင်္ဂနွေနေ့ကတော့ ဘန်ကောက်မြို့ အချမ်းသာဆုံးလူတွေရဲ့ ရပ်ကွက်တွေထဲ ဇိမ်ခံကားတွေနဲ့ လှည့်လှည်ပြီး ဝန်ကြီးချုပ် Prayuth Chan-ocha နှုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ထိုင်းအစိုးရအနေနဲ့ ဆိုးရွားလာတဲ့ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကိုရော နိုင်ငံရေးဆန္ဒပြပွဲတွေနဲ့ပါ အကြပ်အတည်း နှစ်မျိုးနဲ့တပြိုင်ထဲရင်ဆိုင်နေရတာဖြစ်ပါတယ်။

အစိုးရက လူစုလူဝေးမလုပ်ရတားမြစ်ချက်ကို ဆန့်ကျင်အာခံပြီး စုရုံးလာကြတဲ့ ထောင်နဲ့ချီတဲ့လူငယ်လူရွယ်တွေက အစိုးရရဲ့ကာကွယ်ဆေးထိုးနှံမှု ကြန့်ကြာကွေးလွန်းတဲ့အပေါ်မှာလည်း စိတ်ဆိုးဒေါသထွက်နေကြပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၆ ရာခိုင်နှုန်းကိုပဲ ကာကွယ်ဆေးအပြည့်ထိုးရပါသေးတယ်။ ဆန္ဒပြသူတွေကို ထိုင်းရဲတို့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ပါ စနေနေ့က ဖြိုခွင်းခဲ့ပါတယ်။

တနင်္ဂနွေနေ့ကဘန်ကောက်မြို့ Thong Lor အရပ်မှာ ကားတွေနဲ့ ဆန္ဒပြပွဲကိုတော့ မနေ့ က ဘန်ကောက် Thong Lor ခရိုင်ထဲမှာ လှည့်လှည်ဆန္ဒပြတဲ့ ကားတန်းကြီးကို ထိုင်းဝန်ကြီးချုပ်ကို အရင်တုန်းကသစ္စာခံခဲ့တဲ့ သဘောထား တင်းမာသူ Tanat Thanakitamnuay က ဦးဆောင်ခဲ့ပါတယ်။ ဒီရပ်ကွက်ဟာ ထိုင်းဝန်ကြီးချုပ် ချိန်အိုချာရဲ့ ကွန်ဆာဗေးတစ်ပါတီကို အမာခံထောက်ခံတဲ့ နိုင်ငံရေးမဟာမိတ်တွေ နေတဲ့နေရာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG