သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းဝန္ႀကီးခ်ဳပ္ ႏုတ္ထြက္ဖို႔ ဆႏၵျပသူေတြ မ်က္ရည္ယိုဗုံးနဲ႔ ရာဘာက်ည္သုံး ၿဖိဳခြင္းခံရ


(Zawgyi/ Unicode)

ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြါးမႈကို အစိုးရက ေကာင္းေကာင္းမကိုင္တြယ္ႏိုင္တာကို မေက်နပ္တဲ့ ေထာင္နဲ႔ခ်ီတဲ့ဆႏၵျပသူ နဲ႔ ရဲေတြၾကား ဘန္ေကာက္ၿမိဳ႕မွာ စေနေန႔က အဓိက႐ုဏ္း ျဖစ္ပြားခဲ့ပါတယ္။

ဆႏၵျပသူ လူငယ္တဦးကေတာ့ ဝန္ႀကီးခ်ဳပ္ ႏုတ္ထြက္ေပးေစခ်င္တယ္လို႔ ေျပာပါတယ္။

" လူေတြက ခုထိ ေဆးမထိုးရေသးသလို ႏိုင္ငံ့စီးပြါးေရးကိုလည္း တိုးတက္လာေစခ်င္တဲ့ အတြက္ ဝန္ႀကီးခ်ဳပ္ ႏုတ္ထြက္ေပးေစခ်င္ေၾကာင္းနဲ႔ အခုဆို လူေတြမွာ အလုပ္အကိုင္ေရာ ဝင္ေငြပါ မရွိၾကတဲ့အတြက္ ဆႏၵျပဖို႔ပဲ ရွိေတာ့တယ္ လို႔ေျပာသြားတာပါ။"

ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ႐ုံးရွိရာ အစိုးရအိမ္ေတာ္ကို ခ်ီတက္ဖို႔ ႀကိဳးစားတဲ့ ဆႏၵျပသူေတြကို ရဲေတြက Victory ေက်ာက္တိုင္နားမွာ လမ္းကို ပိတ္ဆို႔ တားဆီးၿပီး မ်က္ရည္ယိုဗုံးေတြ၊ ရာဘာက်ည္ေတြ၊ မီးသတ္ပိုက္ေတြနဲ႔ ပက္ၿပီး ၿဖိဳခြဲခဲ့တာျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕ ေျပာခြင့္ရကေတာ့ မ်က္ရည္ယိုဗုံးေတြ ရာဘာက်ည္ေတြ သုံးရတာဟာ အေျခေနကို ထိန္းႏိုင္ဖို႔ ျဖစ္ေၾကာင္းနဲ႔ ဆႏၵျပသူေတြက ပင္ေပါင္မီးခိုးဗုံးေတြ၊ ေက်ာက္ခဲေတြနဲ႔ ေပါက္ခဲ့တယ္လို႔လည္း သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒါဇင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြကို ေမာ္ေတာ္ဆိုင္ကယ္ေတြ ၊ အေရးေပၚလူနာတင္ကားေတြနဲ႔ သယ္ထုတ္သြားတာ ေတြ႕ရပါတယ္။ ဧရာဝဏ္အေရးေပၚဌာနကေတာ့ အနည္းဆုံး အရပ္သား ၂ ဦးနဲ႔ ရဲ ၃ ဦး ဒဏ္ရာရခဲ့တယ္လို႔ ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆး အျပည့္အ၀ ထိုးၿပီးသူဟာ လူဦးေရ ၆၆ သန္းေက်ာ္မွာ ၆ ရာခိုင္ႏႈန္း ေလာက္ပဲ ရွိေသးသလို ဘန္ေကာက္ အပါအဝင္ ေဒသအမ်ားစုအတြက္ ညမထြက္ရအမိန႔္နဲ႔အတူ ကိုဗစ္အတြက္ Lockdown ခ်ကန႔္သတ္ထားတာပါ။ ဒါ့အျပင္ လူ ၅ ဦးထက္ပိုမစုရ သတ္မွတ္ထားေပမယ့္ ႏိုင္ငံတြင္း ကိုဗစ္ကူးစက္မႈ တရက္အတြင္း ၂ ေသာင္းေက်ာ္ရွိလာၿပီး ၂၀၀ ေက်ာ္အထိ ေသဆုံးတာေတြ ရွိလာတဲ့ေနာက္ အခုသီတင္းပတ္ေတြထဲမွာ အစိုးရဆန႔္က်င္သူေတြ လမ္းမေတြေပၚထြက္ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ဖို့ ဆန္ဒပြသူတွေ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်သုံး ဖြိုခွင်းခံရ

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွါးမှုကို အစိုးရက ကောင်းကောင်းမကိုင်တွယ်နိုင်တာကို မကျေနပ်တဲ့ ထောင်နဲ့ချီတဲ့ဆန္ဒပြသူ နဲ့ ရဲတွေကြား ဘန်ကောက်မြို့မှာ စနေနေ့က အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူ လူငယ်တဦးကတော့ ဝန်ကြီးချုပ် နုတ်ထွက်ပေးစေချင်တယ်လို့ ပြောပါတယ်။

" လူတွေက ခုထိ ဆေးမထိုးရသေးသလို နိုင်ငံ့စီးပွါးရေးကိုလည်း တိုးတက်လာစေချင်တဲ့ အတွက် ဝန်ကြီးချုပ် နုတ်ထွက်ပေးစေချင်ကြောင်းနဲ့ အခုဆို လူတွေမှာ အလုပ်အကိုင်ရော ဝင်ငွေပါ မရှိကြတဲ့အတွက် ဆန္ဒပြဖို့ပဲ ရှိတော့တယ် လို့ပြောသွားတာပါ။"

ဝန်ကြီးချုပ် Prayuth Chan-ocha ရုံးရှိရာ အစိုးရအိမ်တော်ကို ချီတက်ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ရဲတွေက Victory ကျောက်တိုင်နားမှာ လမ်းကို ပိတ်ဆို့ တားဆီးပြီး မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ၊ မီးသတ်ပိုက်တွေနဲ့ ပက်ပြီး ဖြိုခွဲခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ပြောခွင့်ရကတော့ မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေ သုံးရတာဟာ အခြေနေကို ထိန်းနိုင်ဖို့ ဖြစ်ကြောင်းနဲ့ ဆန္ဒပြသူတွေက ပင်ပေါင်မီးခိုးဗုံးတွေ၊ ကျောက်ခဲတွေနဲ့ ပေါက်ခဲ့တယ်လို့လည်း သတင်းထောက်တွေကို ပြောပါတယ်။

ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို မော်တော်ဆိုင်ကယ်တွေ ၊ အရေးပေါ်လူနာတင်ကားတွေနဲ့ သယ်ထုတ်သွားတာ တွေ့ရပါတယ်။ ဧရာဝဏ်အရေးပေါ်ဌာနကတော့ အနည်းဆုံး အရပ်သား ၂ ဦးနဲ့ ရဲ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး အပြည့်အ၀ ထိုးပြီးသူဟာ လူဦးရေ ၆၆ သန်းကျော်မှာ ၆ ရာခိုင်နှုန်း လောက်ပဲ ရှိသေးသလို ဘန်ကောက် အပါအဝင် ဒေသအများစုအတွက် ညမထွက်ရအမိန့်နဲ့အတူ ကိုဗစ်အတွက် Lockdown ချကန့်သတ်ထားတာပါ။ ဒါ့အပြင် လူ ၅ ဦးထက်ပိုမစုရ သတ်မှတ်ထားပေမယ့် နိုင်ငံတွင်း ကိုဗစ်ကူးစက်မှု တရက်အတွင်း ၂ သောင်းကျော်ရှိလာပြီး ၂၀၀ ကျော်အထိ သေဆုံးတာတွေ ရှိလာတဲ့နောက် အခုသီတင်းပတ်တွေထဲမှာ အစိုးရဆန့်ကျင်သူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG